မဲခေါင်၊ ဇူလိုင် ၁
ဇွန် ၂၉ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီဝန်းကျင်တွင် အသက် ၃၆ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးသည် ကားမောင်းလာစဉ် ရဲစခန်းနားအရောက် အကွေ့တွင် ဘရိတ်နင်းရမည့်အစား လီဗာနင်းမိသဖြင့် ရဲစခန်း လှေကားထစ်များပါ ကျော်တက်ပြီး ကားသည် ရဲစခန်းအဝင်အထက် မှန်တံခါးများကိုပါ တိုက်မိခဲ့သည်။
ဘန်ကောက်၊ ဘန်ရက်ခ်ခရိုင်၊ ဆီလွန်ခရိုင်ခွဲမှ ယန်နဝါ ရဲစခန်းနားအရောက် ကားကွေ့ရာတွင် ဘရိတ် အစားလီဗာနင်းမိသဖြင့် Mitsubishi Triton ကားသည် လှေကားထစ် ၃ ထစ်ကို ကျော်တက်ကာ ရဲစခန်းအဝင်နေရာများကို ပျက်ဆီးစေသည်အထိ တိုက်မိခဲ့သည်။
မည်သူမျှ ဒဏ်ရာရမှုမရှိသော်လည်း အစိုးရအဆောက်အအုံကို ပျက်စီးစေမှုကြောင့် ဖိချိုင်ဆိုသော ယာဉ်မောင်းအား အရက်နှင့်မူးယစ်ဆေးသုံးထားခြင်းရှိမရှိ စစ်ဆေးရာတွင်လည်း မည်သည့်အရာမှ မသုံးထားကြောင်း တွေ့ရှိရသည့်အတွက် နမော်နမဲ့ယာဉ်မောင်းမှုနှင့် ပျက်စီးမှုအတွက် ဒဏ်ငွေ ဘတ် ၂၀၀၀ ဒဏ်ရိုက်လိုက်ကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ယာဉ်တိုက်မှု
#ရဲစခန်း
#ဘန်ကောက်








