နေ့စဥ်သတင်း

တာလေတံတား ညမဖြတ်ရအမိန့်ကြောင့် ပြည်သူများ အခက်အခဲဖြစ်

မဲခေါင် 1 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁ အထက်အမိန့်ကြောင့်ဟုဆိုကာ ည ၁၀ နာရီနောက်ပိုင်း ပိတ်ထားသည့် တာလေတံတားကြောင့် အရေးပေါ်လူနာများ သယ်ယူရေးနှင့် အခြားအခက်အခဲများကြုံနေရကြောင်း ဒေသခံများနှင့် လူမှုကူညီသူများထံမှ သိရသည်။ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တာချီလိတ်မှ ၂၉ မိုင်ဝေးကွာသည့်နေရာတွင် တည်ရှိသည့် တာလေတံတားကို ည ၁၀ နာရီတွင် မောင်းတံချပိတ်ကာ မည်သည့်ယာဥ်မျှ သွားလာခွင့်မပြုကြောင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အရေးပေါ်လူနာများ ကျိုင်းတုံသို့ပို့ပါက ညမဖြတ်ရအမိန့်ဖြင့် ပိတ်ထားသည့် တာလေတံတားကြောင့် အသက်အန္တရာယ်ထိခိုက်ကာ အခြေအနေပိုမိုဆိုးရွားစေကြောင်း လူမှုကူညီသူများက ပြောသည်။ ဇွန်လ ၂၉ ရက် ည ၈ နာရီတွင် တာ‌လေမြို့နေ စိုင်းသူရ ဆိုင်ကယ်မတော်တဆဖြစ်ပြီး လက်မောင်းကျိုးဒဏ်ရာဖြင့် မိုးမခဆေးခန်းမှတဆင့်

မဲခေါင်၊ ဇူလိုင် ၁

အထက်အမိန့်ကြောင့်ဟုဆိုကာ ည ၁၀ နာရီနောက်ပိုင်း ပိတ်ထားသည့် တာလေတံတားကြောင့် အရေးပေါ်လူနာများ သယ်ယူရေးနှင့် အခြားအခက်အခဲများကြုံနေရကြောင်း ဒေသခံများနှင့် လူမှုကူညီသူများထံမှ သိရသည်။

တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တာချီလိတ်မှ ၂၉ မိုင်ဝေးကွာသည့်နေရာတွင် တည်ရှိသည့် တာလေတံတားကို ည ၁၀ နာရီတွင် မောင်းတံချပိတ်ကာ မည်သည့်ယာဥ်မျှ သွားလာခွင့်မပြုကြောင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အရေးပေါ်လူနာများ ကျိုင်းတုံသို့ပို့ပါက ညမဖြတ်ရအမိန့်ဖြင့် ပိတ်ထားသည့် တာလေတံတားကြောင့် အသက်အန္တရာယ်ထိခိုက်ကာ အခြေအနေပိုမိုဆိုးရွားစေကြောင်း လူမှုကူညီသူများက ပြောသည်။

ဇွန်လ ၂၉ ရက် ည ၈ နာရီတွင် တာ‌လေမြို့နေ စိုင်းသူရ ဆိုင်ကယ်မတော်တဆဖြစ်ပြီး လက်မောင်းကျိုးဒဏ်ရာဖြင့် မိုးမခဆေးခန်းမှတဆင့် မိုင်းဖြတ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ သွားရန် အကူအညီတောင်းခံလာမှုအရ တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းမှ ပံ့ပိုးကူညီ ပို့ဆောင်ပေးရာတွင် လူနာပို့ပြီးအပြန် တာလေမြို့ တံတားပေါ် ည ၁ဝ နာရီခွဲ ရောက်ရှိချိန် တံတားတာဝန်ရှိသူများကို လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းသူ/သားများမှ လူနာပို့ပြီး မိုင်းဖြတ်မှ ပြန်လာကြောင်း အကျိုးအကြောင်းရှင်းပြသော်လည်း မောင်းတံဂိတ်သော့မှာ ၎င်းတို့ထံတွင် မရှိကြောင်းပြောဆိုကာ သတင်းလည်းမပို့သလို တံတားလည်းဖွင့်မပေးသည့်အတွက် အရေးပေါ်ကားအား တာလေတံတားပေါ်တွင် ထားပြီး ပြန်လာရကြောင်း သိရသည်။

“အထက်ညွှန်ကြားချက်အရလို့ သိရတယ်။ တာချီလိတ်မယ်ယန်းစုပေါင်းဂိတ်တောင် လူနာသယ်/ပို့ အရေးပေါ်ယာဉ်တွေကို စစ်ဆေးပြီး ဖွင့်ပေးပါတယ်ဗျာ။ ခုတော့ accident၊ ဖျားနာ၊ မွေးလူနာတွေနဲ့ တခြား အရေးပေါ် လူနာတွေ ညပိုင်း ပို့ဆောင်ကူညီပေးခြင်းများ ရပ်ဆိုင်းရပါတော့မယ်” ဟု လူမှုကူညီသူတစ်ဦးက ဆိုသည်။

တာလေတံတားကို ဇွန်လအစပိုင်း လိုင်စင်မဲ့ကားများ ဖမ်းစဉ်ကတည်းက ည ၁၀ နာရီထိုးနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း၊ တာလေမြို့အတွင်း နေထိုင်သူများပင် ရပ်ကွက်တစ်ခုမှ အခြားရပ်ကွက်တစ်ခုသို့ သွားလာ၍ မရတော့ကြောင်း၊ တာချီလိတ်သို့လာသည့် ခရီးသည်များလည်း တာလေတွင် ညအိပ်ရပြီး ဒုက္ခများကြောင်း တာလေမြို့ခံတစ်ဦးက ပြောသည်။

“ခရီးသည်ကားတွေပါ ဒုက္ခရောက်၊ လမ်းဘေးအိပ်ကြရတာ။ တာလေက ဆက်မောင်းရင် မယ်ယန်း အေးဆေးသွားလို့လည်း ရနေတာ။ အခက်ခဲဆုံးကတော့ တာလေမြို့ကလူတွေတောင် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် သွားလာလို့ မရဘူး။ ညနေ ၆ နာရီဆို ကုန်ကားတွေ၊ ၆ ဘီးကားတွေ ပေးမဖြတ်ဘူးပြောပြီး ညဆို ငွေပေးရင် ဖြတ်နေကြတာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တာလေတံတားကို စစ်ကောင်စီ၏ ခမရ ၃၁၆ တပ်မှ စောင့်ကြပ်နေပြီး ယခင်ကဲ့သို့ လွတ်လပ်စွာ ပြန်လည်သွားလာခွင့်ရရန် ပြည်သူများက လိုလားနေသည်။

မဟာ
#MeKongNews
#တာလေမြို့
#ရှမ်းအရှေ့
#တာလေတံတား
#အရေးပေါ်လူနာ
#ခက်ခဲ
#ခမရ၃၁၆

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now