နေ့စဥ်သတင်း

တောင်ကြီး ရွှေတောင်နှင့် စိန်ပန်းအုပ်ချုပ်ရေးမှူးများကို ပြည်နယ်ဒန စစ်နေ

မဲခေါင် 30 Jun - 2025
မဲခေါင်၊ ဇွန် ၃၀ လာဘ်ယူမှုများ၊ ပြည်သူအပေါ် မတရားအနိုင်ကျင့်မှုများဖြင့် နာမည်ကြီးနေသည့် တောင်ကြီးမြို့မှ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေတို့ကို ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးစစ်ဆေးနေကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီ၏ ရှမ်းကြီးချုပ်နှင့် နယ်သားချင်းအတူတူဟု ဆိုကာ တောင်ကြီးမြို့တွင် ထင်တိုင်းကြဲနေသည့် ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများကြောင့် လက်ရှိတွင် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးက စစ်ဆေးနေသလို နေပြည်တော်ဗဟိုပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ အမိန့်အရလည်း မကြာမီရက်ပိုင်းတွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဦးသန်းရွှေသည် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်မှုထမ်းရှောင်နေသူကို လက်ခံထားသည်ဟု စွပ်စွဲပြီး ကံကြီးရပ်ကွက်နေသူတစ်ဦးထံမှ ကျပ်သိန်း

မဲခေါင်၊ ဇွန် ၃၀

လာဘ်ယူမှုများ၊ ပြည်သူအပေါ် မတရားအနိုင်ကျင့်မှုများဖြင့် နာမည်ကြီးနေသည့် တောင်ကြီးမြို့မှ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေတို့ကို ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးစစ်ဆေးနေကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီ၏ ရှမ်းကြီးချုပ်နှင့် နယ်သားချင်းအတူတူဟု ဆိုကာ တောင်ကြီးမြို့တွင် ထင်တိုင်းကြဲနေသည့် ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများကြောင့် လက်ရှိတွင် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးက စစ်ဆေးနေသလို နေပြည်တော်ဗဟိုပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ အမိန့်အရလည်း မကြာမီရက်ပိုင်းတွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဦးသန်းရွှေသည် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်မှုထမ်းရှောင်နေသူကို လက်ခံထားသည်ဟု စွပ်စွဲပြီး ကံကြီးရပ်ကွက်နေသူတစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ငွေညှစ် တောင်းခံမှုနှင့် ပတ်သက်၍ စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းငွေညှစ်မှုတွင် ငွေကို စိန်ပန်းနှင့် ရွှေတောင်အုပ်ချုပ်ရေးမှူးများ တစ်ဝက်စီ ခွဲယူလိုက်ကြသော်လည်း ငွေလက်ခံချိန် ည ၁၁ နာရီကျော်၌ ရပ်ကွက်ရုံးတွင် ရှိနေသည့် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးထက် မနည်းရှိနေပြီး အမှုကို စစ်ဆေးရာတွင် ၎င်းတို့ကလည်း သက်သေ ထွက်ဆိုကြမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“ဆရာကြီးတွေပဲ ခွတုတ်နေတာ၊ စစ်မှူထမ်းမပါအောင်ဆိုပြီး သိန်း၁၀၀ စီတောင်းယူပြီးမှ စစ်ထဲထည့်တဲ့ကိစ္စ မကျေနပ်လို့ ငွေပြန်တောင်းတဲ့ကိစ္စတွေ၊ အရင်လက်နက်မှုကိစ္စတွေ၊ သူရှုပ်ထားတာအများကြီး။ ဝန်ထမ်းတွေဆို တော်တန်ရုံတောင် ဂရုစိုက်တာမဟုတ်ဘူး၊ ခုက ရပ်ကွက်က မခံနိုင်လို့ တပ်ပိုင်းကတဆင့် တိုင်တာ၊ အရပ်ဖက်ဆို ဝန်ကြီးချုပ်လူဆိုပြီး မလုပ်ရဲကြမှာစိုးလို့” ဟု ရွှေတောင်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။

လက်ရှိ တောင်ကြီး ၂၂ ရပ်ကွက်တွင် စိန်ပန်း၊ ရွှေတောင်နှင့်ရတနာသီရိ ရပ်ကွက်များမှာ စစ်မှုထမ်းအမည်စာရင်း ပါပါ၊ မပါပါ တစ်အိမ်လျှင် ကျပ် ၅သောင်းစီထည့်နေရကြောင်း၊ ယင်းအထဲ၌ ရွှေတောင်မှ ဦးသန်းရွှေ၊ စိန်ပန်းမှရာအိမ်မှူးဦးခင်မှီ ဆိုသူတို့မှာ အခြားရပ်ကွက်များထက် ပြည်သူအပေါ် ဖိနှိပ်မှု အဆိုးဆုံး အမည်ထွက်နေကြောင်း ဒေသခံများက ပြောသည်။

“သန်းရွှေထံ စစ်မှုထမ်းမဲ ပေါက်သူတွေက ပိုက်ဆံလည်း ပေးရပြီး လွတ်လည်း မလွတ်ဘူး။ ငွေကို တစ်လုံးတည်းယူပြီး ခုသူ့ကတိမတည်လို့ ပြန်တောင်းတာ ပြန်မပေးဘဲ တိုင်ချင်ရာတိုင် ဂရုမစိုက်ဘူးပြောတဲ့အပြင် သေနတ်တကားကားနဲ့ ခြိမ်း ခြောက်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းဦးသန်းရွှေသည် မြို့နယ် မဘသနှင့်လက်ရှိ တောင်ကြီးမြို့၏ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့်ရထားသည့် တစ်ဦးတည်းသော အုပ်ချုပ်ရေးမှူးလည်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က လက်နက်မှောင်ခိုမှုပေါ်ပေါက်သည့်အတွက် ရဲတပ်ဖွဲ့ကို လာဘ်ထိုးပြီး အမှုကိုရုတ်သိမ်းခဲ့သေးကြောင်း၊ ထို့ပြင် မူးယစ်ရောင်းသည့် ကိစ္စများလည်းရှိနေကြောင်း ရပ်ကွက်နေ ပြည်သူများထံက သိရသည်။

#MeKongNews
#တောင်ကြီးမြို့နယ်
#ရွှေတောင်ရပ်ကွက်
#စိန်ပန်းရပ်ကွက်
#ဦးသန်းရွှေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now