မဲခေါင်၊ ဇွန် ၂၈
နှစ်နိုင်ငံ နယ်စပ်ပိုင်နက်ပြဿနာ အငြင်းပွားမှုနှင့်အတူ ပစ်ခတ်တိုက်ခိုက်မှုပင်ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦးသေဆုံးကာ တင်းမာမှုမြင့်တက်သထက်မြင့်တက်လာခြင်းကြောင့် ဇွန် ၂၇ ရက်တွင် ထိုင်း အမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)သည် နိုင်ငံအတွင်းမှ အင်တာနက်နှင့် ဖုန်းအော်ပရေတာအားလုံး ကမ္ဘောဒီးယားထံ အင်တာနက်ပေးခြင်း ဖြတ်တောက်ရန် အမိန့်ထုတ်ပြန်ခဲ့ သည်။
NBTC လက်ထောက်အထွေထွေအတွင်းရေးမှူး ထရိုင်ရတ်က အဓိကအားဖြင့် ကမ္ဘောဒီးယား ကျားဖြန့်ဗဟိုချက်ဖြစ်သော ဆာခဲရိုခရိုင် တစ်ဖက်ခြမ်း ကမ္ဘောဒီးယား ကာစီနိုမြို့တော် ပွိုင်ပတ်အား အင်တာ နက် ဖြတ်တောက်ခြင်းဖြင့် ထိုင်းပြည်သူများအပေါ် ကျားဖြန့်လုပ်နေမှုနှင့် လူမှောင်ခိုမှုများ၊ လိမ်လည်မှု များလျော့ပါးသွားစေရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ယခင် ကမ္ဘောဒီးယားသို့ ထိုင်းဘက်မှ အင်တာနက်ပေးထားမှု ဖြတ်တောက်ခဲ့သေးသော်လည်း ထိုင်း ပုဂ္ဂလိက အော်ပရေတာ ကုမ္ပဏီ ၁၄ ခုမှ ဘရော့ဘန်းအင်တာနက်များ ပြန်လည်ရယူ အသုံးပြုရန် ကမ်းလှမ်းပြီ ဆက်ပေးထားသဖြင့် ပွိုင်ပတ် ကျားဖြန်လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေ ခြင်းဖြစ်သော်လည်း ယခုတစ်ခါတွင်မူ မည်သည့် အော်ပရေတာမှ ကမ္ဘောဒီးယားသို့ အင်တာနက်ပေး ခြင်းမလုပ်ရန် NBTC မှ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကမ္ဘောဒီးယားနယ်စပ် ကျားဖြန့်လုပ်ငန်းများနှင့်ကပ်လျှက် ဒေသများမှ ထိုင်းဖုန်း ဆင်းကတ်များရောင်းသူများသည် ၁၅ ရက်တစ်ကြိမ် ဆင်းကဒ်ရောင်းချမှုမှတ်တမ်းကို NBTC ထံ တင်ပြအစီရင်ခံရမည်ဖြစ်ကာ မိမိတို့ဒေသတွင်းနေထိုင်သူများအတွက်မူ ဖုန်းအင်တာနက်များ မဖြတ် တောက်ဘဲ သက်ဆိုင်ရာ အော်ပရေတာများက ကားများဖြင့် အင်တာနက်သုံးနိုင်ရေး လိုက်လံဆောင် ရွက်ပေးမည်ဟု ကြေညာခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#နယ်စပ်ဒေသ
#အင်တာနက်ဖြတ်တောက်








