နေ့စဥ်သတင်း

ချင်းရွှေဟော်မှ မန္တလေးသို့ ကုန်စည်ပို့ဆောင်ရာတွင် ဖမ်းဆီးမှုစိပ်လာ၍ ကုန်တင်ယာဉ်အချို့ ရပ်နား

မဲခေါင် 26 Jun - 2025
မဲခေါင်၊ ဇွန် ၂၆ ချင်းရွှေဟော်‌မှ မန္တလေးမြို့အထိ ကုန်စည်ပို့‌ဆောင်ရာတွင် ၁၂ ဘီး ကား တစ်စီးကို ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်းအထိ ကားခရရှိသော်လည်း မန္တလေးမြို့အဝင်တွင် ဖမ်းဆီးခံရမှု စိပ်လာသည့်အတွက် ရပ်နားသည့် ကုန်တင်ယာဉ်အချို့ရှိလာကြောင်းကုန်တင်ယာဉ်မောင်းအချို့ထံမှ သိရသည်။ စစ်ကောင်စီသည် တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးရေးအမည်ခံကာ ကုန်တင်ယာဉ်များကို စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည် မြောက်ပိုင်းမှ မန္တလေးမြို့သို့ ကုန်စည်သယ်ယူပို့ဆောင်မှု နှင့် သွားလာရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် မန္တလေးမြို့အဝင်တွင် အခွန်ဆောင်ခြင်း ရှိ၊ မရှိ၊ တရားဝင်ကုန်စည် ဟုတ်၊ မဟုတ် စစ်ဆေးကာ အရေးယူခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက

မဲခေါင်၊ ဇွန် ၂၆

ချင်းရွှေဟော်‌မှ မန္တလေးမြို့အထိ ကုန်စည်ပို့‌ဆောင်ရာတွင် ၁၂ ဘီး ကား တစ်စီးကို ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်းအထိ ကားခရရှိသော်လည်း မန္တလေးမြို့အဝင်တွင် ဖမ်းဆီးခံရမှု စိပ်လာသည့်အတွက် ရပ်နားသည့် ကုန်တင်ယာဉ်အချို့ရှိလာကြောင်းကုန်တင်ယာဉ်မောင်းအချို့ထံမှ သိရသည်။

စစ်ကောင်စီသည် တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးရေးအမည်ခံကာ ကုန်တင်ယာဉ်များကို စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည် မြောက်ပိုင်းမှ မန္တလေးမြို့သို့ ကုန်စည်သယ်ယူပို့ဆောင်မှု နှင့် သွားလာရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် မန္တလေးမြို့အဝင်တွင် အခွန်ဆောင်ခြင်း ရှိ၊ မရှိ၊ တရားဝင်ကုန်စည် ဟုတ်၊ မဟုတ် စစ်ဆေးကာ အရေးယူခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက ပြောသည်။

“ကားတွေက ဖမ်းတယ်။ အခုတော့ ရပ်ထားရတယ်။ ခရီးက တစ်လ ‌တစ်ခေါက်လောက်ပဲ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ချင်းရွှေဟော်ဘက်မှ မန္တလေးမြို့အထိ ကုန်စည်ပို့ဆောင်ရာတွင် ၁၂ ဘီးယာဉ် တစ်စီးကို လမ်းတလျှောက် ပေးဆောင်ရသည့် လမ်းကြေးပါ အပြီးအစီး ကျပ် ၉၅ သိန်း မှ ၁၂၅ သိန်း အထိပေးရပြီး တွဲကားဆိုပါက သိန်း ၂၀၀ နီးပါး ကားခဈေးရှိကြောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရန်အတွက် ကုန်တင်ယာဉ်များလိုအပ်ကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။

စစ်ကောင်စီသည် ရှမ်းမြောက်လမ်းကြောင်းမှ လာသည့် ကုန်စည်များကို လားရှိုးမြို့ ရေပူစမ်းလမ်းစုံ စစ်ဆေးရေးဂိတ်၊ မန္တလေး ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊ မြစ်ငယ်စစ်ဆေးရေးဂိတ်၊ ပြင်ဦးလွင်ဘက်မှ အဝင် စစ်ဆေးရေးဂိတ်များ နှင့် ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးကာဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

တရုတ်သည် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို စစ်လက်နက်များမှ အပ ကုန်စည်ပို့ဆောင်ခွင့် ပြုထားသည် ဖြစ်ရာ မြန်မာပြည်တွင်းကို ကုန်စည်စီးဆင်းမှု အားကောင်းလာသော်လည်း စစ်ကောင်စီက တရားမဝင်တင်သွင်းလာသည်ဟု ဆိုကာ ဖမ်းဆီးအရေးယူနေခြင်း ဖြစ်သည်။

ချင်းရွှေဟော်-မန္တလေး ကားလမ်းကြောင်းသည် အာဏာမသိမ်းခင်ကာလက ကုန်စည်ပို့ဆောင်ရာတွင် ရက်အနည်းငယ်သာ ကြာမြင့်သော်လည်း ယခုကာလတွင် တစ်လနီးပါး ကြာမြင့်ပြီး တချို့ကုန်စည်များမှာ ၆ လနီးပါးအထိ စောင့်ဆိုင်းရမှု ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းအရှေ့ကျိုင်းတုံ နှင့် တာချီလိတ်ဘက်လမ်းကြောင်းမှလည်း လိုင်စင်မဲ့ကုန်များကို အစစ်အဆေးတင်းကြပ်နေသည့်အတွက် ကုန်စည်ပို့ဆောင်မှု ရပ်တန့်လျက်ရှိသည်။

စစ်ကောင်စီသည် လိုင်စင်မဲ့သွင်းကုန်များကို တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်ကာ တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူနေသော်လည်း ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင်ကိုမူ အနည်းငယ်သာ ချပေးလျက်ရှိကြောင်း သိရသည်။

ဖေသန်း
#MeKongNews
#ချင်းရွှေဟော်
#မန္တလေး
#ရှမ်းမြောက်
#ကုန်စည်ပို့ဆောင်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now