နေ့စဥ်သတင်း

ပင်းတယတွင် စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်မှုထမ်းရန်ဖမ်းပြီး ကျပ် ၈၅ သိန်းဖြင့် ပြန်ရွေးခိုင်း

မဲခေါင် 26 Jun - 2025
မဲခေါင်၊ ဇွန် ၂၆ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူအပါအဝင် လူငယ် ၂ ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ရဲများက ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကျပ် ၈၅ သိန်းဖြင့် လာပြန်ရွေးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် ညပိုင်းက ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာမှ စစ်မှုထမ်းရန် မဲပေါက်ထားသူ ကိုဖိုးအော်နှင့် ကိုတူတူတို့ကို ရဲများက ခဏဟုဆိုကာ လာခေါ်သွားပြီး နောက်တစ်နေ့တွင် မိဘများက ရဲစခန်းသို့ လိုက်သွားရာ ပြန်လွှတ်ပေးရန်အတွက် တစ်ဦးလျှင် ကျပ် ၈၅ သိန်းစီ တောင်းခဲ့ကြောင်း သိရသည်။ “၂၁ ရက် ညမှာ ခဏလောက်လိုက်ခဲ့ဆိုပြီး အိမ်အထိလာခေါ်သွားတယ်ဗျ။ ၂၂

မဲခေါင်၊ ဇွန် ၂၆

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူအပါအဝင် လူငယ် ၂ ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ရဲများက ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကျပ် ၈၅ သိန်းဖြင့် လာပြန်ရွေးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် ညပိုင်းက ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာမှ စစ်မှုထမ်းရန် မဲပေါက်ထားသူ ကိုဖိုးအော်နှင့် ကိုတူတူတို့ကို ရဲများက ခဏဟုဆိုကာ လာခေါ်သွားပြီး နောက်တစ်နေ့တွင် မိဘများက ရဲစခန်းသို့ လိုက်သွားရာ ပြန်လွှတ်ပေးရန်အတွက် တစ်ဦးလျှင် ကျပ် ၈၅ သိန်းစီ တောင်းခဲ့ကြောင်း သိရသည်။

“၂၁ ရက် ညမှာ ခဏလောက်လိုက်ခဲ့ဆိုပြီး အိမ်အထိလာခေါ်သွားတယ်ဗျ။ ၂၂ ရက်ကျတော့ မိဘများလိုက်သွားထုတ်တော့ ၈၅ သိန်းနဲ့ ၂ ယောက်လုံးရွေးလာရတယ်ဗျ။ မောင်ဖိုးအော်ဆိုတဲ့ ကောင်လေးက စိတ်မမှန်ပါဘူး။ တစ်ရွာလုံးလည်းသိတယ်၊ အဆင်မပြေတဲ့မိသားစုကပါဗျ။ ပိုက်ဆံတွေလိုက်ချေးပြီး ထုတ်လာရတယ်ဗျ” ဟု ကျောက်စုရွာဒေသခံ တစ်ဦးကဆိုသည်။

ပင်းတယမြို့နယ်မှ အခြားရွာများတွင် ရွာသားများ စစ်မှုထမ်းမလိုက်ရစေရန် အိမ်တိုင်းစေ့ ငွေကောက်ပြီး အုပ်ချုပ်ရေးမှူးများက လူစားထိုးရန်စီစဥ်ပေးကြသော်လည်း ကျောက်စုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ၎င်းရွာမှ စိတ်ကျန်းမာရေး ချို့တဲ့သူ ကိုဖိုးအော်နှင့် ကိုတူတူ အဖမ်းခံရမှုနှင့် ပတ်သက်ပြီး တစုံတရာဆောင်ရွက်ပေးခြင်း လုံးဝမရှိကြောင်းသိရသည်။

“ဖမ်းခံရပြီး သွားထုတ်တဲ့နေ့ကတောင် အုပ်ချုပ်ရေးမှူးက မလိုက်ပေးပါဘူး။ သူ့လုပ်ငန်းအတွက် မန္တလေးကို ခရမ်းချဉ်သီးသွားပို့ပေးနေတာပါ။ တခြားရွာတွေမှာဆိုရင် ပိုက်ဆံကောက်ပေးပါတယ် တစ်အိမ်ဘယ်လောက်ဆိုပြီး၊ လူအစားထိုးသွားကြတာပေါ့။ ရွာသူရွာသားတွေကလည်း မသွားချင်ကြတော့ ပိုက်ဆံ‌ဘယ်လောက်ကောက်ကောက် ထည့်ပေးမယ်လို့ပြောလည်း နင်တို့ဘာသာနင်တို့လုပ် ငါမလုပ်ပေးဘူးလို့ ပြောပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ကျောက်စုရွာ၌ အုပ်ချုပ်ရေးမှူး တာဝန်ယူပေးခြင်းမရှိတာကြောင့် အခြားကျေးရွာများကဲ့သို့ စစ်မှုထမ်းမဲနှိုက်ရခြင်းမရှိတော့ဘဲ ထွေအုပ်မှတဆင့် ရဲတပ်ဖွဲ့အား ရွာသားနာမည်ဖြင့် တိုက်ရိုက်ဖမ်းခိုင်းပြီး ပြန်လည်လွတ်မြောက်ရန်အတွက် ငွေပမာဏများစွာ ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က မဲနှိုက်ရာတွင်လည်း မဲနှိုက်ရမည့် အသက်ပြည့်ပြီးသူများ စာရင်းတွင် ခြေထောက်ကျိုး၍ စတီးရိုးထည့်ထားသူများပင် ပါခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ သားနှင့် သားမက်တို့ မပါဝင်ခဲ့ကြောင်း သိရသည်။

ကျေးရွာဒေသခံများကမူ ကိုဖိုးအော်နှင့် ကိုတူတူတို့ ဖမ်းခံရပြီး ငွေကြေးအမြောက်အများဖြင့် ပြန်ရွေးရသည့်ဖြစ်စဥ်မျိုး နောက်ထပ်ဖြစ်မှာ စိုးရိမ်နေကြရကြောင်း သိရသည်။

#MeKongNews
#ပင်းတယ
#စစ်မှုထမ်း
#ကျောက်စုကျေးရွာ
#အုပ်ချုပ်ရေးမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now