မဲခေါင်၊ ဇွန် ၂၆
ဇွန် ၂၄ ရက်တွင် ဂါဇာတောင်ပိုင်းမြို့တော် ခွန်းယူနစ်၌ ဟားမက်စ်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံချပ်ကာကားနှင့်ပါရှိသူ အစ္စရေးစစ်သည် ၇ ဦး ကျဆုံးခဲ့သည်ဟု အစ္စရေးဘက်မှ ဇွန် ၂၄ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။
အစ္စရေးအာဏာပိုင်များက မည်သို့သော ပေါက်ကွဲစေသည့်လက်နက်ကြောင့် သံချပ်ကာကားပေါ်ပါ စစ်သား ၇ ဦးသေဆုံးရသည်ကို မကြေညာသော်လည်း ၇ ဦးအနက် ၆ ဦး၏ အမည်များကိုပါ အတိအကျဖော်ပြကာ နောက်ဆုံးမှ ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့သည့် စစ်သားနာမည်ကိုမူ အထူးလျှို့ဝှက်ဟုဆိုကာ ထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။
ဟာားမက်စ် ဘက်မှ တယ်လီဂရမ်၌ မိမိတို့လက်ချက်ဖြစ်ပြီး အများပြည်သူနေထိုင်ရာ တိုက်တန်းတွင် ခြုံခိုနေရာယူထားကြသည့် အစ္စရေးစစ်သားများရှိရာသို့ အတိအကျသတင်းပေးပြီး Yassin 105 ဒုံးကျည်တစ်လုံး၊ အခြားဒုံးကျည်တစ်လုံးဖြင့် ပစ်ခတ်ရာမှ အဆိုပါ သေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်ဟု ထုတ်ပြန်သည်။
ကိုကလင်း
Ref: telegraphindia
#MeKongNews
#အစ္စရေး
#ဂါဇာ
#ဟားမက်စ်
#သံချပ်ကာကား








