နေ့စဥ်သတင်း

ဟဲဟိုးတွင် လူသတ်ပြီး ကားလု

မဲခေါင် 25 Jun - 2025
မဲခေါင်၊ ဇွန် ၂၅ ကားပစ္စည်းဆိုင်ဖွင့်ပွဲမှ လင်ခရူဆာကားဖြင့် ပြန်လာသူတစ်ဦးကို လမ်းတွင် တားဆီးကာ လူကိုသေနတ်ဖြင့်ပစ်သတ်ပြီး ကားကိုယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်လေးလုံးဘက်မှ ဟဲဟိုးဘက်သို့အသွား ရထားသံလမ်းအကျော်၊ ကျောက်ခွဲစက်အနီးတွင် ဇွန်လ ၂၄ ရက် နေ့လယ် ၂ နာရီခွဲခန့်က လင်ခရူဆာ မော်တော်ကားကို တား၍ ယာဉ်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး ကားအောက်သို့ ဆွဲချကာ မော်တော်ကားကို မောင်းယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဟဲဟိုးလူမှုကူညီသူတစ်ဦးက ပြောသည်။ “အနီးကပ်သေနတ်နဲ့ ၆ ချက်ပစ်ခံရတာ။ ဟဲဟိုးကနေ အောင်ပန်းနာရေးကားနဲ့ ကျောက်ပန်းတောင်းကို ပို့တယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။ သေဆုံးသူမှာ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့၊ အကွက်ကြီး

မဲခေါင်၊ ဇွန် ၂၅

ကားပစ္စည်းဆိုင်ဖွင့်ပွဲမှ လင်ခရူဆာကားဖြင့် ပြန်လာသူတစ်ဦးကို လမ်းတွင် တားဆီးကာ လူကိုသေနတ်ဖြင့်ပစ်သတ်ပြီး ကားကိုယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်လေးလုံးဘက်မှ ဟဲဟိုးဘက်သို့အသွား ရထားသံလမ်းအကျော်၊ ကျောက်ခွဲစက်အနီးတွင် ဇွန်လ ၂၄ ရက် နေ့လယ် ၂ နာရီခွဲခန့်က လင်ခရူဆာ မော်တော်ကားကို တား၍ ယာဉ်ပိုင်ရှင်ကို သေနတ်ဖြင့် ပစ်သတ်ပြီး ကားအောက်သို့ ဆွဲချကာ မော်တော်ကားကို မောင်းယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဟဲဟိုးလူမှုကူညီသူတစ်ဦးက ပြောသည်။

“အနီးကပ်သေနတ်နဲ့ ၆ ချက်ပစ်ခံရတာ။ ဟဲဟိုးကနေ အောင်ပန်းနာရေးကားနဲ့ ကျောက်ပန်းတောင်းကို ပို့တယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

သေဆုံးသူမှာ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့၊ အကွက်ကြီး (၅)၊ မြို့သစ်ရပ်ကွက်နေသူ လျှံမင်းသန့်၊ အသက် ၂၃နှစ်ဖြစ်ကြောင်း မိသားစုထံမှ အတည်ပြုစုံစမ်းသိရှိရသည်။

လျှံမင်းသန့်သည် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်၌ အေးသာယာရှိ နေအိမ်မှ တစ်ဦးတည်း ယာဉ်အမှတ် YYGN 4 (3k/6669) Toyota Land Crusier အနက်ရောင် မော်တော်ယာဉ်ဖြင့် “ဒေါ်ပေါက်” ကားပစ္စည်းဆိုင်ဖွင့်ပွဲရှိရာ အောင်ပန်းမြို့သို့ ထွက်ခွါသွားကြောင်းနှင့် ၁၁ နာရီ အချိန်ခန့်တွင် နေအိမ်သို့ ပြန်လာနေကြောင်း ဖုန်းအဆက်အသွယ် နောက်ဆုံးရရှိခဲ့သည်ဟု သိရှိရသည်။

လူသတ်သမား ယူဆောင်သွားသည့်ကားမှာ မှတ်တမ်းများအရ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ဟဲဟိုး-အောင်ပန်းသွားကားလမ်း ဆွမ်းအုပ်ကွေ့သို့ ဖြတ်သန်း၍လည်းကောင်း၊ ၁၂ နာရီ ၁၇ မိနစ်အချိန်တွင် ဟဲဟိုးလေဆိပ်လမ်းဆုံမှတဆင့် အောင်ပန်းမြို့ ဘက်သို့ ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရှိရပြီးနောက် တီကျစ်သွားလမ်းတွင် ပြန်တွေ့ရကြောင်း သိရသည်။

ယင်း ကားမှာ Master Key နှင့် စက်နှိုးရသည့် အမျိုးအစားဖြစ်သည့်အတွက် မူရင်းသော့မှာ သေဆုံးသူ ယာဉ်မောင်း၏ အင်္ကျီအိတ်ကပ်ထဲတွင် ကျန်ရှိနေသဖြင့် စက်ရပ်လိုက်လျှင် ပြန်နှိုးမရတော့သဖြင့် ကားကို ထားခဲ့ခြင်းဟု ယူဆရပြီး လူသတ်သမားကိုမူ ရဲများက ရှာဖွေဆဲဖြစ်ကြောင်း သိရသည်။

#MeKongNews
#ဟဲဟိုး
#ကားလု
#လူသတ်
#လင်ခရူဆာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now