ကမ္ဘာ့သတင်း

ဇီလန်းစကီး လုပ်ကြံမည့် ရုရှားစပိုင်အကြောင်း ယူကရိန်းထောက်လှမ်းရေး ရှင်းလင်း

မဲခေါင် 25 Jun - 2025
မဲခေါင်၊ ဇွန် ၂၅ ၂၀၂၄ ခုနှစ်ဧပြီ ၁၇ ရက်က ပိုလန်နိုင်ငံ ရက်ဇောလေဆိပ်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးအား ပူတင် စေခိုင်းသည့် စပိုင်တစ်ဦး လုပ်ကြံရန် ကြံစည်မှုနှင့်ပတ်သက်ပြီး ယူကရိန်းထောက်လှမ်းရေး SBU က ဇွန် ၂၂ ရက်၌ ပထမဆုံးအကြိမ် ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ရုရှားထောက်လှမ်းရေး FSB ကို ပူတင်က ဇီလန်းစကီးအား လုပ်ကြံရန် စေခိုင်းမှုတွင် FSB မှ နှစ်ပေါင်းများစွာ ဇာတ်မြှုပ်ပြီး သာမန်လူသားအဖြစ် နေထိုင်ရှင်သန်နေသည့် ကြောက်စရာ Sleeper Agent အဖြစ် မွေးထားသူ စပိုင်တစ်ဦးအား ပိုလန်လေဆိပ်၌ လုပ်ကြံခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော အမျိုးသားမှာ အငြိမ်းစား ရုရှားစစ်အရာရှိဖြစ်ကာ ဆယ်စုနှစ်အတော်ကြာကတည်း

မဲခေါင်၊ ဇွန် ၂၅

၂၀၂၄ ခုနှစ်ဧပြီ ၁၇ ရက်က ပိုလန်နိုင်ငံ ရက်ဇောလေဆိပ်တွင် ယူကရိန်းသမ္မတ ဇီလန်းစကီးအား ပူတင် စေခိုင်းသည့် စပိုင်တစ်ဦး လုပ်ကြံရန် ကြံစည်မှုနှင့်ပတ်သက်ပြီး ယူကရိန်းထောက်လှမ်းရေး SBU က ဇွန် ၂၂ ရက်၌ ပထမဆုံးအကြိမ် ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ရုရှားထောက်လှမ်းရေး FSB ကို ပူတင်က ဇီလန်းစကီးအား လုပ်ကြံရန် စေခိုင်းမှုတွင် FSB မှ နှစ်ပေါင်းများစွာ ဇာတ်မြှုပ်ပြီး သာမန်လူသားအဖြစ် နေထိုင်ရှင်သန်နေသည့် ကြောက်စရာ Sleeper Agent အဖြစ် မွေးထားသူ စပိုင်တစ်ဦးအား ပိုလန်လေဆိပ်၌ လုပ်ကြံခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော အမျိုးသားမှာ အငြိမ်းစား ရုရှားစစ်အရာရှိဖြစ်ကာ ဆယ်စုနှစ်အတော်ကြာကတည်း က ရုရှား FSB မှ စပိုင်အဖြစ် မွေးခဲ့သူဟု ဆိုသည်။

၎င်းသည် ပူတင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာပြိုလဲ သွားသည့် ဆိုဗိယက်ပြည်ထောင်စုကြီးကို ပြန်လည် လွှမ်းဆွတ်နေသူလည်းဖြစ်ကာ ဇီလန်းစကီးအား လုပ်ကြံမှုတွင် အစီအမံမျိုးစုံအဖြစ် စနိုက်ဘာဖြင့်လုပ်ကြံမှု၊ FPV ဒရုန်းဖြင့်လုပ်ကြံမှုများကိုလည်း လေ့ကျင့်ပြင်ဆင်ထားကာ နောက်ဆုံး ပိုလန်လေဆိပ်တွင်မူ ရသည့်နည်းဖြင့် လုပ်ကြံရန် စီစဉ်ထားသော်လည်း ပိုလန်ပြည်ထဲရေးဝန်ကြီးဌာနနှင့် ယူကရိန်း SUB ထောက်လှမ်းရေးအဖွဲ့များ ပူးပေါင်းဖော်ထုတ်ခြင်းဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု SUB စပိုင်အဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ဗက်ဆိုင်းမာလိခ် က ရှင်းလင်းပြောကြားခဲ့သည်။

လုပ်ကြံမှုမအောင်မြင်သောကြောင့် ခိုင်းစေသည့် ဗိုလ်မှူးချုပ် ဆာဂျီဘီဆီဒါသည်လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်ဟု ဆိုသည်။

ပူတင်သည် ဇီလန်းစကီးကို ယခုတစ်ကြိမ်သာ လုပ်ကြံရန် စီစဉ်ခဲ့ခြင်းမဟုတ်ဘဲ ယူကရိန်းကို ရုရှား ပထမဆုံးနေ့အဖြစ် ကျူးကျော်ဝင်ရောက်စဉ် ကိဗ်မြို့ရှိ အိမ်တော်သို့ လေထီးဖြင့် ရုရှားလုပ်ကြံရေး အထူးတပ်ဖွဲ့များ ဆင်းသက်ကာ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက် လုပ်ကြံမှုတွင်လည်း ကံကောင်းပြီး လွတ် မြောက်ခဲ့ကြောင်း၊ အိမ်တော်အတွင်း လုပ်ကြံသူနှင့် ကာကွယ်သူအလောင်းများကို မြင်ခဲ့ရကြောင်း၊ အခြားသော လုပ်ကြံမှုများလည်း ရှိခဲ့ရာတွင် ကိဗ်မြို့၌ပင် အနည်းဆုံး ၈ ဦးသေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့သည့်ကြားမှ လွတ်မြောက်ခဲ့သည်ဟု ဇီလန်းစကီးကိုယ်တိုင်က ဂါးဒီးယန်းနှင့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။

ယင်းပြောဆိုမှုတွင် ပူတင်သည် မိမိအား လုပ်ကြံရန် စပိုင်များစွာ စေလွှတ်ခဲ့ရာတွင် ရုရှား စပိုင် ၅၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သော်လည်း လမ်းစရှာရန်အရေးမှာ ကိုဗစ် -၁၉ ကဲ့သို့ လမ်းစ မှန်သမျှ ရှင်းလင်းဖျောက်ဖျက်မှုကြောင့် လိုက်ရခက်သည်ဟုပင် ဇီလန်းစကီးက ပြောခဲ့ဖူးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဇီလန်းစကီး
#ယူကရိန်း
#လုပ်ကြံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now