နေ့စဥ်သတင်း

UWSA ထိန်းချုပ် မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆတိုးလာဟု SHRF ထုတ်ပြန်

မဲခေါင် 20 Jun - 2025
မဲခေါင်၊ ဇွန် ၂၀ ရှမ်းပြည်အရှေ့ပိုင်း၊ UWSAထိန်းချုပ်ရာဒေသ ‘ဝ’ မြောက်ပိုင်း တရုတ်နယ်စပ် မိုင်းပေါက်မြို့တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့လုပ်ကိုင်လာရာ ၁၀နှစ်အတွင်း ၈ဆ များပြားလာသည် ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ SHRFက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ချက်ပါ ဂြိုလ်တုဓာတ်ပုံများအရ ၂၀၁၅ ခုနှစ်တွင် မိုင်းပေါက်ဒေသတွင် မြေရှားသတ္တုတွင်း ၃ ခု မျှသာရှိခဲ့သော်လည်း ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလတွင်မူ မြို့တောင်ဘက်ရှိ တောင်ကုန်းတစ်လျောက်၌ မြေရှားသတ္တုတွင်း ၂၆ ခု ကျော် ပျံ့နှံ့ တွေ့ရှိရသည့်အပေါ် ၈ဆကျော် များပြားလာခြင်း ဖြစ်သည်။ ယင်းသတ္တုတွင်းများထဲမှ ၃ ခုမှာ မြို့နှင့် ၄

မဲခေါင်၊ ဇွန် ၂၀

ရှမ်းပြည်အရှေ့ပိုင်း၊ UWSAထိန်းချုပ်ရာဒေသ ‘ဝ’ မြောက်ပိုင်း တရုတ်နယ်စပ် မိုင်းပေါက်မြို့တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့လုပ်ကိုင်လာရာ ၁၀နှစ်အတွင်း ၈ဆ များပြားလာသည် ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ SHRFက ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ပါ ဂြိုလ်တုဓာတ်ပုံများအရ ၂၀၁၅ ခုနှစ်တွင် မိုင်းပေါက်ဒေသတွင် မြေရှားသတ္တုတွင်း ၃ ခု မျှသာရှိခဲ့သော်လည်း ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလတွင်မူ မြို့တောင်ဘက်ရှိ တောင်ကုန်းတစ်လျောက်၌ မြေရှားသတ္တုတွင်း ၂၆ ခု ကျော် ပျံ့နှံ့ တွေ့ရှိရသည့်အပေါ် ၈ဆကျော် များပြားလာခြင်း ဖြစ်သည်။

ယင်းသတ္တုတွင်းများထဲမှ ၃ ခုမှာ မြို့နှင့် ၄ ကီလို မီတာခန့်သာ ကွာဝေးကြောင်းဖော်ပြထားသည်။

မိုင်းပေါက်မြို့ အနီးရှိ သတ္တုတွင်းများမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ၏ ပုံစံနှင့်တူညီနေပြီး တောင်များကို အဝိုင်းပုံ ထွင်းဖောက်ပြီး မြေအောက်ထိ တိုက်ရိုက်တူးဖော်ထုတ်ယူသည့် “in situ leaching” နည်းလမ်းကို အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ကဆိုသည်။

“In situ leaching” နည်းသည် မြေရှားသတ္တု ထုတ်ယူဖို့အတွက် ဓာတုပစ္စည်းများကို ပိုက်များမှ တစ်ဆင့် တောင်ကုန်းအတွင်း အပေါက်ဖောက်လောင်းထည့်သည့် နည်းလမ်းဖြစ်ပြီး အဆင့်ဆင့်ထုတ်လုပ်ရေး လုပ်ငန်းများမှာ ဓာတု ပစ္စည်းများကို အသုံးပြုပြီး ထုတ်လုပ်သည့် နည်းလမ်းဖြစ်သည်။

ယင်းမိုင်းပေါက်နယ်ရှိ သတ္တုတွင်းများသည် ရှမ်းပြည် အရှေ့ပိုင်းရှိမြစ်နှစ်ခုဖြစ်သည့် သံလွင်မြစ်နှင့် မဲခေါင် မြစ်ဝှမ်းတို့အကြား တည်ရှိနေသည်ဖြစ်ရာ သတ္တုတွင်းများမှ ရေများ စီးဆင်းပြီး သံလွင်မြစ် နှင့် ဆက်သွယ်နေသည့် ခါမြစ်နှင့် ရှမ်းပြည်- လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ထဲသို့ ဝင်ရောက်သည့် လွေမြစ်အတွင်းသို့ စီးဝင်နိုင်သည်ဟု ပြောသည်။

ယင်းမြေရှားသတ္တုတွင်းများကြောင့် တရုတ်ပြည်ကို မထိခိုက်နိုင်သော်လည်း ထုတ်လုပ်သည့် နေရာများတွင်မူ အဆိပ်သင့်မှုများ ကျန်ရစ်နေမည် ဖြစ်ကြောင်းသိရသည်။

ယင်းသို့ နိုင်ငံ့အတွင်း ထိခိုက်မှုအပေါ် SHRF မှ ယိမ်းလျန်းဟန်က “တကယ်တမ်းက မြေရှားသတ္တုတူးဖော်မှုဟာ အရမ်းဆိုးကျိုးများတဲ့ တူးဖော်မှုဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း အတော်လေးထိခိုက်စေတယ်။ ကိုယ့်ဒေသက ထိခိုက်ပျက်စီးပြီးတော့ တရုတ်ကတော့ အကျိုးအမြတ်တွေရတာ စိတ်မကောင်းစရာဘဲ”ဟု မဲခေါင်ကို ပြောသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုဖြစ်ပွားခဲ့သည့် မိုင်းပေါက်မြို့သည် ရေ အမြင့်ပေ ၃ ပေခန့်အထိ လွှမ်းမိုးခဲ့ပြီး အနီးရှိ မြေရှားသတ္တုတွင်းများမှ အဆိပ်အတောက်ပါဝင်သည့် ညစ်ညမ်းရေများ မြို့ကို ဖုံးလွှမ်းခဲ့သေးသည်။

မြေရှား သတ္တုတွင်းများသည် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် တရားဝင်သတ္တုတူးဖော်ခွင့်ပြု စာရင်းတွင် ပါဝင်ခြင်းမရှိ ဟု ဆိုသည်။

‘ဝ’ ထိန်းချုပ်နယ်မြေများအတွင်း မြေရှားသတ္တု အပါအဝင် သတ္တုတူးဖော်မှုများနှင့် ပတ်သက်ပြီး မည်သို့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ ထိန်းချုပ်လုပ်ကိုင်သည်ကို UWSA ထံ မဲခေါင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

‘ဝ’ မြောက်ပိုင်းရှိ မြေရှားသတ္တုထုတ်လုပ်ပို့ဆောင်မှုတွင် တရုတ်ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေး ကုမ္ပဏီများအနေနှင့် လုပ်ဆောင်နေသော်လည်း ဝ တောင်ပိုင်း မိုင်းဆတ်(မိုင်းယွန်း) မှ တရုတ်နယ်စပ်သို့ သယ်ယူရာတွင်မူ စစ်ကောင်စီ ထိန်းချုပ်ရာ ဂိတ်အဆင့်ဆင့်ကို ဖြတ်သန်းရခြင်း ဖြစ်သည့်အတွက် စစ်ကောင်စီက သယ်ယူပို့ဆောင်ခွင့် ပြုထားကြောင်းလည်း SHRFက ထောက်ပြထားသည်။

ကမ္ဘာ့မြေရှားထုတ်လုပ်သည့် နိုင်ငံများအနက် မြေရှားသတ္တု(Rare Earth)ထုတ်လုပ်မှု ထိပ်တန်းနိုင်ငံများ မှာ (၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့အထိ)( ထုတ်လုပ်မှုပမာဏ မက်ထရစ်တန်ဖြင့် ) တရုတ် ၂၇၀,၀၀၀၊ အမေရိကန်ပြည်ထောင်စု ၄၅,၀၀၀၊ မြန်မာ ၃၁,၀၀၀၊ ဩစတြေးလျ ၁၃,၀၀၀၊ နိုင်ဂျီးရီးယား ၁၃,၀၀၀၊ ထိုင်း ၁၃,၀၀၀ နှင့် အိန္ဒိယ ၂၉၀၀ ရှိကြောင်း AI INFO အရသိရသည်။

မြန်မာမှ အဓိကရောင်းချသည့် အမျိုးအစားမှာ Terbium(Tb) နဲ့ Dysprosium (Dy)တို့ဖြစ်ပြီး စျေးကွက်တွင် စျေးအကြီးဆုံး အမျိုးအစားဖြစ်ကာ အနည်းဆုံး ၁ကီလိုလျင် အမေရိကန်ဒေါ်လာ ၂၅၀ စျေးနှန်းရှိနေသဖြင့် မြန်မာမှ တူးဖော်ရောင်းချခဲ့သည့်မက်ထရစ်တန် : ၃၁၀၀၀ (ကီလိုဂရမ် ၃၁,၀၀၀,၀၀၀) (အနည်းဆုံး USD 250/kg) တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ အထိရှိသည်ဟု AI INFO ၏ အချက်အလက်များအရ သိရသည်။

မဟာ
#MeKongNews
#မြေရှားသတ္တု
#မိုင်းပေါက်
#UWSA
#ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now