နေ့စဥ်သတင်း

တာချီလိတ်မြို့မရဲစခန်းမှူးဇနီး လိုင်စင်မဲ့ကားမောင်းပြီး အထည်ဆိုင်အတွင်းထိဝင်တိုက်

မဲခေါင် 18 Jun - 2025
မဲခေါင်၊ ဇွန် ၁၈ ဆိုင်ရှေ့တွင်ရှိသည့် လှေခါး ၅ ဆင့်ကို ကျော်ကာ တာချီလိတ်မြို့မရဲစခန်းမှူး၏ ဇနီးဖြစ်သူ မောင်းနှင်သည့်ကားက အထည်ဆိုင်တစ်ဆိုင်အတွင်းထဲအထိ ဝင်ရောက်တိုက်ခဲ့သည်။ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထည်ဆိုင်အကာအရံတချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း၊ ဝင်တိုက်သည့်ကားမှာ လိုင်စင်မဲ့ကားဖြစ်ကြောင်း သိရသည်။ ဇွန်၁၆ရက်နေ့ ညနေ ၃ နာရီခန့်က တာချီလိတ်မြို့၊ မြသဟာဆေးရုံဘက်မှ မောင်းနှင်လာသော Crown အဖြူရောင်ကားတစ်စီးမှာ သင်းရနံ့လက်ဖက်ရည်ဆိုင်အကွေ့နားရှိ၊ ဘုရင့်နောင်စျေးနားမှ M အထည်ဆိုင်ကို လှေကားထစ်များကိုကျော်တက်ကာ ဆိုင်အတွင်းထိ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းကားကို မောင်းနှင်သူမှာ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး၏

မဲခေါင်၊ ဇွန် ၁၈

ဆိုင်ရှေ့တွင်ရှိသည့် လှေခါး ၅ ဆင့်ကို ကျော်ကာ တာချီလိတ်မြို့မရဲစခန်းမှူး၏ ဇနီးဖြစ်သူ မောင်းနှင်သည့်ကားက အထည်ဆိုင်တစ်ဆိုင်အတွင်းထဲအထိ ဝင်ရောက်တိုက်ခဲ့သည်။

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထည်ဆိုင်အကာအရံတချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း၊ ဝင်တိုက်သည့်ကားမှာ လိုင်စင်မဲ့ကားဖြစ်ကြောင်း သိရသည်။

ဇွန်၁၆ရက်နေ့ ညနေ ၃ နာရီခန့်က တာချီလိတ်မြို့၊ မြသဟာဆေးရုံဘက်မှ မောင်းနှင်လာသော Crown အဖြူရောင်ကားတစ်စီးမှာ သင်းရနံ့လက်ဖက်ရည်ဆိုင်အကွေ့နားရှိ၊ ဘုရင့်နောင်စျေးနားမှ M အထည်ဆိုင်ကို လှေကားထစ်များကိုကျော်တက်ကာ ဆိုင်အတွင်းထိ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်းကားကို မောင်းနှင်သူမှာ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး၏ ဇနီးဖြစ်ကြောင်း သိရသည်။

“စခန်းမှူး မိန်းမတဲ့။ နာမည်တော့ မသိပါဘူး။ တွေ့တာတော့ ကားထဲမှာ ကြောင်ပြီးထိုင်နေတာ၊ အကြောက်လွန်တယ် ထင်တယ်။ ဘရိတ်နဲ့ လီဗာ မှားနင်းမိတယ် သိရတယ်။ ဆိုင်ကတော့ စခန်းမှူးမိန်းမနဲ့ ဘယ်လိုညှိတယ် မပြောတတ်ဘူး။ အမှုဖွင့်တယ် မကြားဘူး” ဟု နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

ဖြစ်စဥ်တွင် ယင်းကားသည် အထည်ဆိုင်ထဲသို့ လှေခါး ၅ ထစ်ကျော်ကာ မှန်တံခါးများကို တိုက်ပြီး ဆိုင်အတွင်းပိုင်းထိ ဝင်ရောက်ခဲ့သော်လည်း စခန်းမှူးမိန်းမဖြစ်သည့်အတွက် အရေးယူမှု မရှိခြင်း၊ လိုင်စင်မဲ့ယာဉ် မောင်းနှင်သည့်အပေါ် အရေးယူမှု မရှိခြင်းတို့ကြောင့် ပြည်သူများက ဝေဖန်လျက်ရှိသည်။

“ခုလို ဝစ်သောက် (လိုင်စင်မဲ့ယာဉ်) တွေကို လူပါ ဖမ်းနေတဲ့အချိန် စခန်းမှူးမိန်းမ မကလို့ ဘယ်သူဖြစ်ဖြစ်၊ ဝင်သောက်မောင်းပြီး တိုက်တာကတော့ များသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လဆန်းမှ စတင်ကာ တာချီလိတ်မြို့ အပါအဝင် နိုင်ငံတဝှမ်းတွင် လိုင်စင်မဲ့ယာဉ်များကို တင်းတင်းကြပ်ကြပ် အရေးယူနေသည့်အတွက် ပြည်သူများ အပြင်မထွက်ရဲဘဲ အလုပ်အကိုင်များ ထိခိုက်မှုရှိနေသည်။

မဲခေါင်
#MeKongNews
#တာချီလိတ်
#လိုင်စင်မဲ့ကား
#မြို့မရဲစခန်း
#ယာဉ်တိုက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now