မဲခေါင်၊ ဇွန် ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက် လအိကျေးရွာ ဘကစာသင်ကျောင်းကို စစ်ကောင်စီက ဇွန်လ ၁၆ ရက်တွင် အသေခံဒရုန်းများဖြင့် ပစ်ခတ်ခဲ့သဖြင့် မူလတန်းအရွယ် ကလေးငယ် ၂ ဦးထိမှန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ဖယ်ခုံမြို့ အနောက်ဖက်ရှိ လအိကျေးရွာအတွင်း ဗကကျောင်းအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် အသေခံဒရုန်းဖြင့် ပစ်ခတ်ခဲ့သဖြင့် စာသင်နေသည့် ကလေးငယ် ၂ ဦး အား ထိခိုက်ခဲ့သလို ဘုန်းကြီးကျောင်း ပရဝဏ်အချို့လည်း ပျက်စီးခဲ့သည် ဟု သိရှိရပါသည်။
စစ်ကောင်စီက စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေချိန်တွင် ကျောင်းများပိတ်ထားသည်က ပို၍ စိတ်ချရကြောင်း၊ စစ်ကောင်စီဘက်မှ ကလေးများကို ပစ်မှတ်ထား တိုက်ခိုက်သလိုဖြစ်နေကြောင်း ဖယ်ခုံစစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများသည် အင်အား ၁၀၀၀ ခန့်ဖြင့် စံကားမှ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းကို စစ်ကြောင်းတစ်ကြောင်း၊ ဖယ်ခုံ-မိုးဗြဲ စစ်ကြောင်းတစ်ကြောင်း၊ ဆီဆိုင်မြို့အရှေ့ဘက်မှ နောင်ထောင်ထိတစ်ကြောင်း၊ လွိုင်ကော်မှကုန်းသာ စစ်ကြောင်းတစ်ကြောင်း၊ လွိုင်လင်လေးမှ နွားလပိုးလမ်းခွဲတစ်ကြောင်း၊ လွိုင်ကော်မြို့အရှေ့ဖက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်းများခွဲကာ တိုက်ခိုက်နေသည့်အပြင် ဖယ်ခုံမြို့ ၃၃၆ တပ်မှ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်နန်ခဲ၊ တောင်ပို့ကွဲ စသည့်ရွာဖက်များသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသဖြင့် ဒေသခံများ အထူးသတိပြုကြပါရန် တော်လှန်ရေးတပ်များက တိုက်တွန်းနှိုးဆော်ထားသည်။
မဟာ
#MeKongNews
#ဖယ်ခုံမြို့နယ်
#လအိကျေးရွာ
#စစ်ကောင်စီ
#ဒရုန်းဗုံးကြဲ








