ကမ္ဘာ့သတင်း

ဒုတိယညအဖြစ် အီရန်က အစ္စရေးကို ဒုံးကျည် ၁၅၀ ပစ်ခတ်၊ အီရန် ရေနံသိုလှောင်ရုံကို ပစ်ခတ်ဖောက်ခွဲပြီး တီဟီရန် လောင်မီးကျနေပြီဟု အစ္စရေးကာဝန် ကြုံးဝါး

မဲခေါင် 15 Jun - 2025
မဲခေါင်၊ ဇွန် ၁၅ ဇွန် ၁၄ ရက်ညတွင် အီရန်ဘက်မှ အစ္စရေးသို့ ဒုတိယည တိုက်ခိုက်မှုအဖြစ် ဒုံးကျည် ၁၀၀ ဖြင့် တစ်ကြိမ်၊ နောက်ထပ် ဒုံးကျည် ၅၀ ဖြင့်တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အစ္စရေးဘက်မှလည်း အီရန် ဆီသိုလှောင်ရုံများကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့သည်။ အစ္စရေး၏ ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့ လူနေထူထပ်ရာမြို့ပြများကို အီရန်ဘက်မှ ပစ်မှတ်ထားပြီး True Promise 3 စစ်ဆင်ရေးဟု နာမည်ပေးထားသည့် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ရာ ဂျောဒန်နိုင်ငံ အမ်မန်မြို့တော်မှပင် ပေါက်ကွဲသံများကို အတိုင်းသားကြားရကြောင်း၊ လူပေါင်းများစွာ ဒဏ်ရာရသလို အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် တခြားအရပ်သား ၂ ဦးလည်း

မဲခေါင်၊ ဇွန် ၁၅

ဇွန် ၁၄ ရက်ညတွင် အီရန်ဘက်မှ အစ္စရေးသို့ ဒုတိယည တိုက်ခိုက်မှုအဖြစ် ဒုံးကျည် ၁၀၀ ဖြင့် တစ်ကြိမ်၊ နောက်ထပ် ဒုံးကျည် ၅၀ ဖြင့်တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အစ္စရေးဘက်မှလည်း အီရန် ဆီသိုလှောင်ရုံများကို ပစ်မှတ်ထား လက်တုံ့ပြန်ခဲ့သည်။

အစ္စရေး၏ ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့ လူနေထူထပ်ရာမြို့ပြများကို အီရန်ဘက်မှ ပစ်မှတ်ထားပြီး True Promise 3 စစ်ဆင်ရေးဟု နာမည်ပေးထားသည့် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ရာ ဂျောဒန်နိုင်ငံ အမ်မန်မြို့တော်မှပင် ပေါက်ကွဲသံများကို အတိုင်းသားကြားရကြောင်း၊ လူပေါင်းများစွာ ဒဏ်ရာရသလို အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် တခြားအရပ်သား ၂ ဦးလည်း ဂါလိလီအနောက်ပိုင်း၌ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အစ္စရေးစစ်တပ်သည် အီရန်ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးစနစ်များမှ ဖျက်ချရန် ကြိုးစားနေသည်နှင့်တစ်ပြိုင်နက် အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ အီရန် ကာကွယ်ရေးဝန်ကြီးဌာနချုပ်၊ နျူကလီးယားဓာတ်ခွဲခန်းများနှင့် ရေနံသိုလှောင်ကန်များအား ပစ်မှတ်ထားကာ ပြန်လည်တိုက်ခိုက်ခဲ့ရာတွင် Shahran ရေနံသိုလှောင်ရုံကြီး မီးလောင်ပေါက်ကွဲသွားပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး ကတ်ဇ်က လူမှုကွန်ရက် X ပေါ်တွင် တီဟီရန် လောင်မီးကျနေပြီဟုပါ ပို့စ်ရေးတင်သွားခဲ့သည်။

ဇွန် ၁၃ ရက်ကတည်းက အီရန်သည် နျူကလီးယားဗုံး တီထွင်ကာ အဆင့်မြှင့်တင်နေပြီး မိမိတို့အား တိုက်ခိုက်ရန်ရှိနေသည်ဟု အစ္စရေးဘက်မှ ထုတ်ပြန်ကာ အီရန်နိုင်ငံအတွင်း ဖိုက်တာဂျက်လေယာဉ် အစီး ၂၀၀ သုံးပြီး ပစ်မှတ် ၁၀၀ ကို ပစ်ခတ်ခဲ့ရာ အီရန် ဗိုလ်ချုပ်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များ သေဆုံးရာမှ အီရန်ဘက်မှ ဒုံးကျည်များ ဒရုန်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာမှ အလုံးစုံ စစ်ပွဲအသွင် ရောက်ရှိသွားခြင်း ဖြစ်သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ကတ်ဇ်က အီရန်၏ တိုက်ခိုက်မှုသည် ပြည်သူများနေထိုင်ရာကို ဦးတည်နေသဖြင့် သတ်မှတ်စည်းမျဉ်းကို ကျော်သွားပြီဖြစ်သောကြောင့် အီရန်ခေါင်းဆောင် ခါမီနီ ယခုလို ဆက်လက်တိုက်ခိုက်နေပါလျှင် တီဟီရန်မြို့ကြီး လောင်ကျွမ်းသွားစေရမည်ဟု သတိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ခါမီနီကလည်း အစ္စရေးပျက်သုဉ်းရမည်ဖြစ်ကာ အကြီးမားဆုံး ပျက်စီးဆုံးရှုံးမှုများ၊ ကြမ္မာဆိုးများကြုံရစေမည်ဟု ကျိန်ဆိုပြောဆိုထားသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#အီရန်
#ဆီသိုလှောင်ရုံ
#နျူကလီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now