ဆောင်းပါး

အမေရိကန် လိုချင်နေတဲ့ မြေရှား၊ တရုတ် ကိုင်ထားတဲ့ မြေရှား၊ မြန်မာပြည်က မြေရှား…

မဲခေါင် 14 Jun - 2025
” Our deal with China is done.” ” တရုတ်နဲ့ ကျနော်တို့ ညှိနေတဲ့ကိစ္စ အောင်မြင်သွားပါပြီ” ဒီလို ဆိုလိုက်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်မှာ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တရုတ်ကိုယ်စားလှယ်တွေ တွေ့ဆုံးဆွေးနွေးအပြီး သဘောတူညီချက်တချို့ ရရှိအပြီးမှာ ထရမ့်က ခုလို ဆိုလိုက်ပါတာ။ ” တရုတ်နဲ့ ကျနော်တို့ ညှိနေတဲ့ကိစ္စ အောင်မြင်သွားပါပြီ၊ တရုတ်သမ္မတ ရှီ နဲ ကျနော်တို့ နှစ်ယောက် အတည်ပြုဖို့ပဲ ကျန်ပါတယ်” လို့ ထရမ့်က သူပိုင် Truth ပေါ်မှာ ရေးပါတယ်။ “သံလိုက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ မြေရှား(rare earth)

” Our deal with China is done.”

” တရုတ်နဲ့ ကျနော်တို့ ညှိနေတဲ့ကိစ္စ အောင်မြင်သွားပါပြီ”

ဒီလို ဆိုလိုက်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်မှာ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တရုတ်ကိုယ်စားလှယ်တွေ တွေ့ဆုံးဆွေးနွေးအပြီး သဘောတူညီချက်တချို့ ရရှိအပြီးမှာ ထရမ့်က ခုလို ဆိုလိုက်ပါတာ။ ” တရုတ်နဲ့ ကျနော်တို့ ညှိနေတဲ့ကိစ္စ အောင်မြင်သွားပါပြီ၊ တရုတ်သမ္မတ ရှီ နဲ ကျနော်တို့ နှစ်ယောက် အတည်ပြုဖို့ပဲ ကျန်ပါတယ်” လို့ ထရမ့်က သူပိုင် Truth ပေါ်မှာ ရေးပါတယ်။

“သံလိုက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ မြေရှား(rare earth) သတ္တုတွေကို တရုတ်ဘက်က ထောက်ပံ့မှာဖြစ်ပြီး ကျူပ်တို့ဘက်ကလည်း တရုတ်ကျောင်းသားတွေ ကျုပ်တို့ ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ ပညာဆက်သင်ဖို့ ခွင့်ပြုမယ်။ သွင်းကုန်ခွန်အနေနဲ့ ကျုပ်တို့က ၅၅%၊ တရုတ်က ၁၀% သဘောတူကြပြီ”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး အသုံးအနှုန်းသစ်တခု ပေါ်လာတယ်။ TACO (Trump Always Chickens Out) ထရမ့်ရဲ့ခုတမျိုး တော်ကြာတမျိုး ဗလောင်းဗလဲနိုင်တဲ့သွင်းကုန်ခွန်သတ်မှတ်မှုနဲ့ပတ်သက်ပြီး ပေါ်လာတဲ့ ဝေါဟာရပါ။ ထရမ့်ဟာ သမ္မတအာဏာရလာချိန်က စလို့ တကမ္ဘာလုံးကို သွင်းကုန်ခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ အထူးသဖြင့် တရုတ်ကို အဓိက တိုးကောက်တယ်။ ဒါပေမယ့် တိုးကောက်မယ်ကြေညာပြီး ပြန်နောက်ဆုတ်သွားတယ်။ ဆိုင်ငံ့ထားလိုက်ပြီး ပြန်ညှိဖို့ အချိန်ပေးတယ်။ ပြန်ညှိပြီး တမျိုး ပြန်ပြင်တယ်။ ခုလဲ တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်မှာ စစ်ပြေငြိမ်းမှု ရသွားပြီလို့ ဆိုနေတယ်။ ဒီတခါ ညှိနှိုင်းမှုမှာ တရုတ်က ကန့်သတ်ထားတဲ့ မြေရှားသတ္တု တင်သွင်းမှုကို ပြန်ဖွင့်ပေးဖို့ သဘောတူလိုက်သလို မကြာခင်က အမိန့်ထုတ်ခဲ့တဲ့ နိုင်ငံခြားကျောင်းသားတွေ အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်မရှိ ဆိုတဲ့ အမိန့်ကိုလည်း ပညာသင်ကြားဆဲ တရုတ်ကျောင်းသားတွေအတွက် ခြွင်းချက်အနေနဲ့ ပြန်ဖွင့်ပေးလိုက်တယ်။

ခုတမျိုး တော်ကြာတမျိုး၊ သမ္မတရဲ့ သဘောအတိုင်းလို့ပဲ ဆိုရမယ်။ လန်ဒန်မှာ တရုတ် နဲ့ အမေရိကန်ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တရုတ်ဆီက “မြေရှားသတ္တု” တင်သွင်းခွင့် ပြန်ရလိုက်တာကို ထရမ့်က အောင်မြင်မှုတခုလို့ မှတ်ယူပုံရတယ်။သမ္မတမဖြစ်ခင်က The Art of the Deal လို တက်ကျမ်းစာအုပ်တွေရေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ထရမ့်က ပုံစံအမျိုးမျိုးနဲ့ deal လုပ်နေတာပဲဖြစ်တယ်။ စစ်ဖြစ်နေတဲ့ ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ တွေ့ဆုံစဉ်တုန်းကလည်း ယူကရိန်းဆီက သယံဇာတ ဝယ်ယူဖို့ကိုပဲ အဓိက ထားခဲ့တယ်။ ဒုတိယအကြိမ်တွေ့ဆုံအပြီးမှာ သယံဇာတသဘောတူညီချက် လက်မှတ်ထိုးနိုင်ခဲ့တယ်။ ဒီအထဲမှာ အမေရိကန် အဓိကလိုချင်နေတဲ့ မြေရှားသတ္တု( rare earth) ပါဝင်တယ်။

ဒီနေ့ ကမ္ဘာမှာ လျှပ်စစ်ကားများအပါအဝင် လေအားလျှပ်စစ်တာဘိုင်ကအစ အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအထိ ထုတ်လုပ်ရာမှာ မြေရှားသတ္တုကတဆင့် ထုတ်လုပ်တဲ့ Magnets ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အမေရိကန်ဟာ မြေရှားသတ္တုကုန်ကြမ်းတွေကို တရုတ်ကတဆင့် တင်သွင်းနေရာမှာ သွင်းကုန်ခွန် အပြန်အလှန်တိုးမြှင့် ကန့်သတ်ကြရာက တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ရပ်တန့်လိုက်တယ်။

လန်ဒန်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတော့ တရုတ်က မြေရှားသတ္တု အမေရိကန်နိုင်ငံကို တင်ပို့ရေးမှာ ပြေလည်မှု ရသွားတယ်။ သွင်းကုန်အခွန်ကောက်ခံမှုကိုလည်း ၅၅%-၁၀% နှစ်ဘက် သဘောတူလိုက်ကြတယ်။ ထရမ့် နဲ့ ရှီ လက်မှတ်ထိုးလိုက်ကြရင် ပြီးပြီ။ တရုတ်ကတော့ ” China has always kept its word ” ပြောတဲ့အတိုင်း ကတိတည်တယ် လို့ ဆိုတယ်။ ” နှစ်ဘက်သဘောတူညီမှုတွေ ရထားပါပြီ။ လိုက်နာကြဖို့ပဲလိုတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိ Lin Jian က ဆိုတယ်။

ဒီသတင်းနဲ့ တဆက်တည်းမှာပဲ ရိုက်တာသတင်းတပုဒ်မှာ ” China-backed militia secures control of new rare earth mines in Myanmar ” ဆိုပြီး ဖော်ပြလာတာတွေ့ရတယ်။ “မြန်မာပြည်က မြေရှားသတ္တုတွင်းသစ်တွေကို တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တဖွဲ့က ထိန်းချုပ်နေတယ်” လို့ အဓိပ္ပါယ်ရတယ်။

ရိုက်တာသတင်းရဲ့ ဖော်ပြချက်အရ တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ မြန်မာပြည်အရှေ့ပိုင်းက မြေရှားသတ္တုမိုင်းတွေကို အကာကွယ်ပေးနေတယ်။ China-backed militia လို့ပဲ ဖော်ပြထားပြီး ဘယ်သူဘယ်ဝါ အမည်တပ်မထားဘူး။ တရုတ်ဟာ မြေရှားသတ္တု အကြောင်းပြုပြီး အမေရိကန်နဲ့ အပေးအယူလုပ် ကစားနေပေမယ့် တရုတ်ရဲ့ မြေရှားသတ္တု ထက်ဝက်ဟာ စစ်ဖြစ်နေတဲ့မြန်မာပြည်က တင်သွင်းတာလို့ ဆိုတယ်။

တရုတ်က အမြောက်အများလိုအပ်နေတဲ့ ဒိုင်စပရိုဆီယမ် နဲ့ တာဘီယံ သတ္တုတွေကို မြန်မာနိုင်ငံမြောက်ပိုင်းက တဆင့် ရရှိနေတာဖြစ်ပြီး ဒီဒေသကို မကြာခင်က မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ထိန်းချူပ်လိုက်လို့ တရုတ်အခက်တွေ့သွားတယ်။ (သတင်းထဲမှာ ကေအိုင်အေလို့ ဖော်ပြမထားဘူး)

သတ္တုမိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုရဲ့အဆိုအရ ခုဆိုရင် ရှမ်းပြည်နယ်တောင်ကုန်းတွေပေါ်မှာ တရုတ်သတ္တုတူးသူတွေဟာ သတ္တုထုတ်လုပ်ရေး လုပ်နေကြပြီလို့သိရတယ်။ အနည်းဆုံးလူ ၁၀၀ လောက်ဟာ နေ့ဆိုင်း ညဆိုင်းခွဲပြီး ဓါတုပစ္စည်းတွေကို အသုံးပြုကာ တောင်ကုန်းတွေကို ဖြိုချ သတ္တုတူးနေကြတယ်လို့ ဆိုတယ်။ ဒေသခံ နှစ်ဦးရဲ့ ပြောကြားချက်အရ မိုင်းဆတ် နဲ့ မိုင်းယန်းကြားမှာ သတ္တုမြေရိုင်းတွေ သယ်ဆောင်လာတဲ့ ကားတွေတွေ့ရပြီး ဒီကားတွေဟာ မိုင် ၁၃၀ ကျော် ဝေးတဲ့ တရုတ်-မြန်မာနယ်စပ်ကို မောင်းသွားနေတာလို့ဆိုတယ်။

ဒီ သတ္တုတွင်းတွေဟာ (UWSA) ဝ တပ်ရဲ့ အကာကွယ်ပေးမှုနဲ့ လည်ပတ်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ် လေးခုကဆိုပြီး နှစ်ခုက သူတို့ဝတ်ထားတဲ့ ယူနီဖောင်းတွေကို မြင်ခဲ့တယ်လို့ ဆိုတယ်။ ဝပြည်နယ်တပ်(UWSA) ဟာ ရှမ်းပြည်နယ်မှာ အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့ တခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သံဖြူမိုင်းတခုလည်း သူတို့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ UWSA ဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရရော စစ်ရေးအရပါ ဆက်နွှယ်မှုရှိတယ်လို့ သိရတယ်။

မန်ချက်စတာတက္ကသိုလ်က ကထိက ပက်ထရစ် မီဟန်ရဲ့အဆိုအရ အလယ်အလတ်အရွယ်အစားရှိ သတ္တုမိုင်းတွေကို ဂြိုလ်တုဓါတ်ပုံတွေအရ ကချင်ပြည်နယ်အပြင်ဘက် ရှမ်းပြည်နယ်မှာ ပထမဆုံး တွေ့လာရတယ်လို့ ဆိုတယ်။

“မြေရှားသတ္တု ခါးပတ်တခုလုံးဟာ ကချင်ပြည်နယ်ကနေ ရှမ်းပြည်နယ်နဲ့ လာအိုအထိ ကျယ်ပြန့်တယ်” လို့ သူက ဆိုတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ရိုက်တာကမေးကြည့်တော့ တရုတ်နိုင်ငံပြင်ပမှာ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လူမှုရေးတာဝန်ယူမှုတွေ ရှိရပါတယ်လို့ ဖြေတယ်။

ဒီနှစ်အတွင်း ဒေါ်နယ်ထရမ့်က တရုတ်နဲ့ ကုန်သွယ်ရေးစစ် ပြန်စတဲ့အခါ မြေရှားသတ္တုထုတ်လုပ်ရေးဟာ တရုတ်နိုင်ငံအတွက် အရေးကြီးလာပြီး မြေရှားနဲ့ သံလိုက်ပစ္စည်း ပြည်ပတင်ပို့မှုကိုလည်း တင်းကြပ်ထားတယ်။

ဂြိုလ်တုဓါတ်ပုံတွေအရ ထိုင်းနယ်စပ်ကနေ ကီလိုမီတာ ၃၀၊( ၁၈. ၆မိုင်)အကွာ ရှမ်းပြည်နယ်ထဲက သစ်တောတွေမှာ စက်ဝိုင်းပုံ ရှင်းလင်းနေတဲ့ နေရာတွေ ၂၀၂၃ ခုနှစ် ဧပြီလမှာ ထင်ထင်ရှားရှား တွေ့ရတယ်လို့ဆိုတယ်။

၂၀၂၅ ဖေဖော်ဝါရီမှာ ကချင်ပြည်နယ်ဘက်က သတ္တုမိုင်းတွေ ရပ်ဆိုင်းသွားပြီး သိပ်မကြာခင် ဒီနေရာမှာ မြေရှားသတ္တု အနည်ချကန်တွေ တစ်ဒါဇင်မက ပေါ်လာတာကို ဂြိုလ်တုဓါတ်ပုံမှာ တွေ့ရတယ်။

သုံးမိုင်ကျော် လေးမိုင်နီးပါးဝေးတဲ့ ကော့ မြစ် တဖက်ကမ်းမှာလည်း ရှင်းလင်းနေတဲ့သစ်တောတွေကို ၂၀၂၄ မေလက ရိုက်ကူးထားတဲ့ ဂြိုလ်တုဓါတ်ပုံမှာ တွေ့ရပြီး တစ်နှစ်အကြာမှာ အဲဒီနေရာမှာ မြေရှားသတ္တုစစ်ကန် ၂၀ အထိ ပေါ်လာတာတွေ့ရတယ်။

သတ္တုတွင်းအလုပ်သမား နှစ်ယောက်နဲ့ ရှမ်းလူ့အခွင့်ရေးဖောင်ဒေးရှင်းက အဖွဲ့ဝင်နှစ်ယောက်ရဲ့ အဆိုအရ အနည်းဆုံး သတ္တုတွင်းတစ်ခုဟာ တရုတ်ပိုင် ကုမ္ပဏီဖြစ်ပြီး တရုတ်စကားပြောမန်နေဂျာရှိတယ်လို့ သိရတယ်။

သတ္တုတွင်းနှစ်နေရာအနက် တခုရဲ့ ရုံးမှာ တရုတ်စာနဲ့ ရေးထားတဲ့ ကုမ္ပဏီအမှတ်တံဆိပ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတဦးကပြောတယ်။

ရှမ်းပြည်နယ်က သတ္တုမိုင်းတွေမှာ တရုတ် သတ္တုတူးဖော်ရေးသမားတွေအသုံးပြုတာ၊ သတ္တုရိုင်းတွေကို ပို့ဆောင်နေတာဟာ ကချင်ပြည်နယ်မှာ လုပ်ဆောင်နေတာနဲ့ အတူတူပဲလို့ ဆိုတယ်။

တရုတ်သတ္တုတွင်းကုမ္ပဏီတွေဟာ လေးလံမြေရှားသတ္တုအောက်ဆိုက်တွေကို စည်းကမ်းလိုက်နာစရာမလိုတဲ့ မြန်မာပြည်တွင်းမှာ ထုတ်လုပ်တာဟာ တခြားနေရာတွေထက် (၇)ဆ ထုတ်လုပ်မှုစရိတ်သက်သာတယ်လို့ လန်ဒန်အခြေစိုက် Benchmarkသတ္တုရှာဖွေ​ထောက်လှမ်းရေးက နီဟာ မူခါဂျီးက ဆိုတယ်။

လေးလံမြေရှားသတ္တု ထုတ်ယူရေးနည်းပညာကို တရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့အတွက် တရုတ်အကူအညီမပါဘဲ မြန်မာပြည်မှာ ထုတ်လုပ်ဖို့ဆိုတာ မလွယ်ကူဘူးလို့ သူမက ဆိုတယ်။

ဂြိုလ်တုဓါတ်ပုံတွေအရ ရှမ်းသတ္တုမိုင်းတွေဟာ ကချင်ပြည်နယ်က သတ္တုမိုင်းတွေထက် သေးငယ်ကြတယ်။ ဒါပေမယ့် ထွက်လာတဲ့ သတ္တုက အတူတူပဲလို့ project Blue က သုတေသနညွှန်ကြားရေးမှုး မာရီမင်းက ဆိုတယ်။

“ရှမ်းပြည်နယ်က မြေမှာ တာဘီယံ နဲ့ ဒိုင်စပရိုဆီယမ် ရှိပြီး သူတို့က ဒါကို အဓိက ပစ်မှတ်ထားကြတယ်” လို့ သူက ဆိုတယ်။

‘ဝ’ ပြည်နယ်ဟာ ဘယ်လ်ဂျီယံလောက် အရွယ်အစားရှိတဲ့ပြည်နယ်ဖြစ်ပြီး မူယစ်ဆေးဝါးရောင်းဝယ်ရေးနဲ့ ကြွယ်ဝလာတယ်လို့ အမေရိကန်ဥပဒေအကျိုးဆောင်တွေက ဆိုတယ်။

မြန်မာစစ်တပ်နဲ့ ကာလရှည် ငြိမ်းချမ်းရေးရယူထားပြီး တရုတ်ရဲ့ ပံ့ပိုးမှုနဲ့ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ အင်အား ၃၀၀၀၀ ကနေ ၃၅၀၀၀ ကြားရှိ တပ်ဖွဲ့ကို ပိုင်ဆိုင်ထားတယ်လို့အရှေ့တောင်အာရှငြိမ်းချမ်းရေးအင်စတီကျုက ရဲမျိုးဟိန်းက ဆိုတယ်။

“UWSA ဟာ တရုတ်ရဲ့အဓိက ကြားခံအစိပ်အပိုင်းတခုအနေနဲ့ တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ မဟာဗျူဟာ ဩဇာထိန်းသိမ်းဖို့နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကို ဩဇာလွှမ်းမိုးဖို့ လုပ်ဆောင်နေတယ်” လို့ သူက ပြောတယ်။

ဒီ သတ္တုတွင်းနေရာတွေကို တခြားလက်နက်ကိုင်အဖွဲ့တွေလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ ရှမ်းလူ့အခွင့်ရေးဖောင်ဒေးရှင်းက လန်းဟန်က ဆိုတယ်။

“UWSA က ထုတ်ပေးထားတဲ့လက်မှတ်မပါဘဲ ဒီနေရာတွေကို လူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်မရှိဘူး”

ရှမ်းပြည်နယ်ရဲ့နေရာအတော်များများဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ နာတာရှည်ပြည်တွင်းစစ်ရဲ့ အပြင်ဘက်မှာရှိနေတယ်။ ကချင်ပြည်နယ်သတ္တုတွင်းဒေသက တိုက်ပွဲတွေကြောင့် တရုတ်သတ္တုလုပ်ငန်းရှင်တွေ မဖြစ်မနေ ရပ်ဆိုင်းလိုက်ရတာ ရှိတယ်။

” ‘ဝ’ နဲ့ မြန်မာစစ်တပ်ကြား ဘာပဋိပက္ခမှ မရှိတာ ၃၅ နှစ်ရှိပြီ။ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရက ‘ဝ’ နယ်မြေဟာ မြန်မာပြည်မြောက်ပိုင်းက တခြားဒေသတွေထက် ပိုတည်ငြိမ်တယ်လို့မြင်တယ်”လို့ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဆိုတယ်။

ကမ္ဘာကြီးက မြေရှားသတ္တုအတွက် အရေးတကြီးဖြစ်နေချိန်မှာ ရှမ်းပြည်နယ်က မြေရှားသတ္တုရှာဖွေရေး တရုတ်ရဲ့ကြိုးပမ်းမှုဟာ တရုတ်ကို ဩဇာလွှမ်းမိုးမှု ပိုရစေနိုင်တယ်လို့ လန်ဒန်

အခြေစိုက် Benchmark သတ္တုထောက်လှမ်းရေးကုမ္ပဏီက မူခါဂျီးက ဆိုတယ်။

” တကယ်လို့ ကချင်မှာ ပျက်စီးဆုံးရှုံးမှုတွေ အရမ်းများနေပြီဆိုရင် သူတို့အနေနဲ့ တခြားအရင်းအမြစ်နေရာတွေကို ရှာဖွေမှာပါ။ သူတို့ဟာ သူတို့လက်ထဲက လေးလံမြေရှားသတ္တုကို သူတို့ပဲ ဆက်ပြီးထိန်းချုပ်ထားချင်တယ်။ ဒါကို မဟာဗျူဟာလက်နက်တခုအဖြစ် သူတို့အသုံးပြုမှာဖြစ်တယ်”

ဒါတွေက ရိုက်တာသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို မူရင်းအတိုင်း ပြန်လည်ဖော်ပြခြင်းပါ။ တိုက်ဆိုင်မှုက အမေရိကန် နဲ့ တရုတ်ကြား ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ “မြေရှားသတ္တု” အကြောင်းပြုလို့ နှစ်ဘက်သဘောတူညီမှုတခု ရရှိခဲ့တာပါ။ အမေရိကန်ဟာ မြေရှားသတ္တုလိုအပ်နေပြီး တရုတ်က မြေရှားသတ္တုကို ကိုင်ထားတဲ့အခြေအနေမှာ တရုတ်ရဲ့ မြေရှားသတ္တုအရင်းအမြစ်တစိပ်တပိုင်းဟာ မြန်မာပြည်တနေရာက ဖြစ်နေခြင်းပါ။

CWM. ref: China affirms trade dealwith US, says it always keep its word.CNA. China-backed militia secures control of new rare earth mines in Myanmar.Reuters. Photo credit: Reuters.

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now