နေ့စဥ်သတင်း

အောင်ပန်းတွင် တောင်ကျရေနှင့် မိုးရွာသွန်းမှုကြောင့် ကားလမ်းရေကျော်ပြီး အိမ်ခြေ ၁၀၀ ခန့် ရေဝင်

မဲခေါင် 13 Jun - 2025
မဲခေါင်၊ ဇွန် ၁၃ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်အချို့ ယနေ့ ဇွန်လ ၁၃ ရက်နေ့မှာ တောင်ကျရေနှင့်မိုးရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။ ဇွန်လ၉ရက်က စရွာသည့်မိုးကြောင့် အောင်ပန်းမြို့ပေါ် ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ ၊ ညောင်ပင်ထောင်ရပ်ကွက်များအတွင်းသို့ ယနေ့ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီမှစကာ ရေများအလုံးအရင်းနှင့် ဝင်လာနေကြောင်း ဒေသခံများထံက သိရသည်။ “ပင်းတယဘက်အထွက်နဲ့ မြင်းကပ်ဖက်၊ လွယ်မောဆည်ဘက်အောက်ဖက်က ရေမဲချောင်းက ရေကျလာလို့ ရပ်ကွက် ၃ နဲ့ ၄ က အိမ် ၁၀၀ လောက် ရေဝင်နေပြီ၊ ရေက

မဲခေါင်၊ ဇွန် ၁၃

အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်အချို့ ယနေ့ ဇွန်လ ၁၃ ရက်နေ့မှာ တောင်ကျရေနှင့်မိုးရွာသွန်းမှုကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။

ဇွန်လ၉ရက်က စရွာသည့်မိုးကြောင့် အောင်ပန်းမြို့ပေါ် ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ ၊ ညောင်ပင်ထောင်ရပ်ကွက်များအတွင်းသို့ ယနေ့ ဇွန်လ ၁၃ ရက် ညနေ ၅ နာရီမှစကာ ရေများအလုံးအရင်းနှင့် ဝင်လာနေကြောင်း ဒေသခံများထံက သိရသည်။

“ပင်းတယဘက်အထွက်နဲ့ မြင်းကပ်ဖက်၊ လွယ်မောဆည်ဘက်အောက်ဖက်က ရေမဲချောင်းက ရေကျလာလို့ ရပ်ကွက် ၃ နဲ့ ၄ က အိမ် ၁၀၀ လောက် ရေဝင်နေပြီ၊ ရေက ၂ ပေ အထက် နက်လာနေတယ်။ မိုးကလည်း မတိတ်ဘူး၊ ဆိုင်ကယ်တွေ သွားမရတော့ဘူး။ ကားလမ်းလည်း ဓာတ်ဆီကားသေးဆို မရတော့ဘူး။ လူတွေလည်း ရေလွတ်ရာ အားချင်းရွှေ့နေကြပြီ၊ ရေက ဆက်တက်လာနေတယ်” ဟု ညောင်ပင်ထောင်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ည ၇ နာရီထိုးခါနီးတွင် ပြောသည်။

ရေလွတ်သည်မှာ ညောင်ပင်ထောင်ရပ်ကွက်အမြင့်ပိုင်းနှင့် မင်္ဂလာ၊ မိုးကောင်းရပ်ကွက်များသာ ဖြစ်သည်။

မင်္ဂလာကန်ကျိုးပေါက်ပါက Emeral ဆေးရုံမြုပ်နိုင်ပြီး အောင်ချမ်းသာဘုန်းကြီးကျောင်း အနီးရှိ ဟိုတယ်အောင်ပန်းဘက် စီးသွားသည့် ရေမြောင်းက ကလော-အောင်ပန်းကားလမ်းကို​ ရေဖြတ်ကျော်နေကြောင်း သိရသည်။

လက်ရှိ PNO ရုံးရှေ့နှင့် ဆန္ဒမွန်ဆေးရုံ တစ်လျှောက်၊ နောင်ရိုးကားဂိတ်၊ Mytel ရုံးတစ်ဝိုက်၊မနန်းယာ လက်ဖက်ခြောက်တိုက်နားနှင့် Future star ကျောင်းနားတဝိုက် ရေမြုပ်နိုင်သည့် အခြေအနေရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တောင်ကြီး၊ အင်းလေး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေ မြို့များတွင် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ခံစားခဲ့ရပြီး နေအိမ် ပျက်စီး ဆုံးရှုံးမှုနှင့် လူသေဆုံးမှုများ ဖြစ်သည်အထိ ရှိခဲ့ကြသည်။

မဟာ
#MeKongNews
#အောင်ပန်း
#ရေကြီး
#မင်္ဂလာကန်
#တောင်ကျချောင်းရေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now