နေ့စဥ်သတင်း

TNLA ဖမ်းဆီးရမိ ကျားဖြန့်များ တရုတ်ထံလွှဲပေး

မဲခေါင် 11 Jun - 2025
မဲခေါင်၊ ဇွန် ၁၁ TNLA ရဲတပ်ဖွဲ့မှ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား ၁၂ဦးကို ဇွန်လ ၁၀ရက်၊ နံနက် ၉နာရီတွင် တရုတ်ပြည် ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြား‌ရေးဌာနက ထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများမှာ နမ့်ခမ်းမြို့နယ်မှ ၄ဦး၊ ကွတ်ခိုင်မြို့နယ်မှ ၅ဦးနှင့် နမ္မတူမြို့နယ်မှ ၃ဦးတို့ဖြစ်ပြီး နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်မှ ဖမ်းဆီးရမိသူများကို မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ နမ္မတူမြို့နယ်မှ ဖမ်းဆီးရမိသည့် ၃ဦးမှာ ကျားဖြန့်လုပ်ငန်းလုပ်ရန် စီစဉ်နေချိန်အတွင်း မြို့နယ်ရဲတပ်ဖွဲ့သတင်းရရှိ၍ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးမှုအရ ကျားဖြန့်လုပ်ကိုင်သူဖြစ်ကြောင်း ထွက်ဆိုကြသည်ဟု သိရသည်။ ကျားဖြန့်လုပ်ကိုင်သူများ၏အမည်များမှာ
မဲခေါင်၊ ဇွန် ၁၁
TNLA ရဲတပ်ဖွဲ့မှ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ကိုင်သူ အမျိုးသား ၁၂ဦးကို ဇွန်လ ၁၀ရက်၊ နံနက် ၉နာရီတွင် တရုတ်ပြည် ရဲတပ်ဖွဲ့ထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြား‌ရေးဌာနက ထုတ်ပြန်သည်။
ဖမ်းဆီးရမိသူများမှာ နမ့်ခမ်းမြို့နယ်မှ ၄ဦး၊ ကွတ်ခိုင်မြို့နယ်မှ ၅ဦးနှင့် နမ္မတူမြို့နယ်မှ ၃ဦးတို့ဖြစ်ပြီး နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်မှ ဖမ်းဆီးရမိသူများကို မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။
နမ္မတူမြို့နယ်မှ ဖမ်းဆီးရမိသည့် ၃ဦးမှာ ကျားဖြန့်လုပ်ငန်းလုပ်ရန် စီစဉ်နေချိန်အတွင်း မြို့နယ်ရဲတပ်ဖွဲ့သတင်းရရှိ၍ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးမှုအရ ကျားဖြန့်လုပ်ကိုင်သူဖြစ်ကြောင်း ထွက်ဆိုကြသည်ဟု သိရသည်။
ကျားဖြန့်လုပ်ကိုင်သူများ၏အမည်များမှာ ဝမ်ထန်လင်၊ ဝမ်ကေ့ကန်၊ ကျန့်ရှောင်ချိန်၊ ခုန်ချင့်ဆော့၊ ထန်မောင်ချွန်း၊ ကျုံးချွင်းဟုန်၊ချန်ကျားလင်၊ ကျောင်းယွီ၊ ဟုန်ချန်ရှင်း၊ အားဟောင်၊ အားဟွမ်နှင့် အားယွမ်တို့ဖြစ်ကြပြီး ၎င်းတို့သည် တရုတ်နိုင်ငံသားများ ဖြစ်ကြသည်ဟု သိရသည်။
ဖမ်းဆီးရမိထားသူသည့်၁၂ဦး ကို လွှဲပြောင်းပေးရာတွင်တွင် တစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရှိထားသောကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှ ဆေးကုသပေးခဲ့ပြီး လူမှုကူညီရေးယာဉ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
တရုတ််နိုင်ငံဘက်မှ ကျားဖြန့်အလိုရှိသူများကို ဖမ်းဆီးရာတွင် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင််စီတပ်တို့ထံ နာမည်နှင့် နေရာအတိအကျပေးကာ ဖမ်းဆီးခိုင်းခြင်းဖြစ်ပြီး တိုင်းရင်းသားတပ်များမှ အတိအကျဖမ်းဆီးလွှဲပြောင်းပေးသော်လည်း မြန်မာစစ်တပ်ကမူ လာဘ်စားကာ ထိန်ချန်ထားမှုများ ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုလွှဲပြောင်းမှုနှင့် ပတ်သက်ပြီး TNLA မှ ထုတ်ပြန်ရာတွင် လွှဲပြောင်းပေးသည့် နယ်စပ်ဂိတ်ကို ဖော်ပြထားခြင်း မရှိသော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်ရှိ နောင်တောင်းနယ်စပ်ဂိတ်ဟု ကနဦးသိရပြီး အတည်ပြုနေဆဲဖြစ်သည်။ ယင်းနယ်စပ်ဂိတ်များမှာ ယခင်က SSPP ထိန်းချုပ်သည့် ဂိတ်များဖြစ်ပြီး လက်ရှိတွင် SSPPနှင့် TNLA ကြား မည်သို့ သဘောတူထားသည်ကို မသိရပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now