နေ့စဥ်သတင်း

သွင်းကုန်များဖမ်းဆီးသည့် စစ်ကောင်စီလုပ်ရပ်ကြောင့် ရှမ်းအရှေ့ ကုန်သွယ်မှုရပ်တန့်

မဲခေါင် 9 Jun - 2025
မဲခေါင်၊ ဇွန် ၉ အခွန်မဆောင်ထားသည့် သွင်းကုန်များကို စစ်ဆေးကာဖမ်းဆီးနေသည့် စစ်ကောင်စီကြောင့် ရှမ်းအရှေ့ကုန်သွယ်မှု ရပ်တန့်နေပြီး ပြည်တွင်း အခြေခံစားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဈေးတက်နေကြောင်း သိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-တရုတ် ကုန်သွယ်ရေးလမ်းပိတ်ပင်ထားပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းမှ မိုင်းလားတဆင့် တရုတ်ကုန်စည်နှင့် တာချီလိတ်မှတဆင့် ထိုင်းကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းနေရာ လမ်းခုလတ်ဖြစ်သည့် ဟိုပုံးနှင့် တောင်ကြီးတို့တွင် ပိတ်ဖမ်းလိုက်သည့်အတွက် ကုန်သည်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများ အခက်တွေ့ရကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။ ကုန်သည်များက အခွန်ဆောင်ကာ တရားဝင် တင်သွင်းလိုသော်လည်း သွင်းကုန်လိုင်စင်နှင့်ပါတ်သတ်ပြီး ကန့်သတ်ချက် များနေသည့်အတွက် ကုန်သည်များအနေဖြင့် လိုင်စင်ရှိကုန်စည်နှင့် လိုင်စင်မဲ့ကုန်စည် ရောနှောကာ ပြည်တွင်းသို့ ကုန်စည်တင်သွင်းနေရခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ဧပြီလမှ တရားမဝင်ကုန်စည်

မဲခေါင်၊ ဇွန် ၉

အခွန်မဆောင်ထားသည့် သွင်းကုန်များကို စစ်ဆေးကာဖမ်းဆီးနေသည့် စစ်ကောင်စီကြောင့် ရှမ်းအရှေ့ကုန်သွယ်မှု ရပ်တန့်နေပြီး ပြည်တွင်း အခြေခံစားသောက်ကုန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ဈေးတက်နေကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-တရုတ် ကုန်သွယ်ရေးလမ်းပိတ်ပင်ထားပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းမှ မိုင်းလားတဆင့် တရုတ်ကုန်စည်နှင့် တာချီလိတ်မှတဆင့် ထိုင်းကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းနေရာ လမ်းခုလတ်ဖြစ်သည့် ဟိုပုံးနှင့် တောင်ကြီးတို့တွင် ပိတ်ဖမ်းလိုက်သည့်အတွက် ကုန်သည်၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများ အခက်တွေ့ရကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။

ကုန်သည်များက အခွန်ဆောင်ကာ တရားဝင် တင်သွင်းလိုသော်လည်း သွင်းကုန်လိုင်စင်နှင့်ပါတ်သတ်ပြီး ကန့်သတ်ချက် များနေသည့်အတွက် ကုန်သည်များအနေဖြင့် လိုင်စင်ရှိကုန်စည်နှင့် လိုင်စင်မဲ့ကုန်စည် ရောနှောကာ ပြည်တွင်းသို့ ကုန်စည်တင်သွင်းနေရခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ဧပြီလမှ တရားမဝင်ကုန်စည် တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေသည့်အတွက် အတွက် ကုန်သွယ်မှု ရပ်တန့်နေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

ဧပြီလ ပထမပါတ်အတွင်း ဟိုပုံးမြို့၊ နည်းပညာစစ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက တရားမဝင်ကုန်သွယ်မှုနှင့် ကုန်တင်ကား အစီးရေ တစ်ရာနီးပါးကို ကျောင်းဝင်းအတွင်းမောင်းသွင်းခိုင်းပြီး ဖမ်းဆီးလိုက်သည့်နောက်ပိုင်း ရှမ်းအရှေ့မှ ပြည်တွင်းကုန်သွယ်မှုလမ်းကြောင်း ရပ်တန့်သွားရခြင်းဖြစ်သည်။

“အမှန်က သူနဲ့လဲမဆိုင်ဘူး တရားမဝင်ကုန်ဖမ်းတယ်ဆိုတာ၊ သူ့ကိုလဲ လိုင်းကြေးပေးထားရတယ်။ အဲ့ဒီနေ့က လူကြီးလမ်းကြောင်းရှိတဲ့အတွက် ကားတွေကို သူ့ကျောင်းဝင်းထဲထိုးခိုင်းပြီးဖမ်းပစ်တာ၊ အဓိက မျက်နှာရချင်တာနဲ့ လုပ်လိုက်တာ။ အဲ့ဒီကုန်တွေထဲမှာ တစ်ချို့လဲ လိုင်စင်ဂျူတီရှိတယ် တစ်ချို့ကလဲ မရှိဘူး၊ အပေါ်က လိုင်စင်ဂျူတီကို လိုသလောက်မချပေးတော့ ဒီလိုဘဲ ကုန်တွေကို ညှက်ပြီးသယ်ရတာ။ အလကားသယ်လို့ရတာလဲမဟုတ်ဘူး လမ်းကြောင်းတစ်လျောက် ပေးကမ်းပြီး သယ်ရတာ” ဟု ကုန်ကားများ ဖမ်းဆီးခံခြင်းနှင့် ပတ်သက်ပြီး ကုန်သည်တစ်ဦးက ပြောသည်။

ကုန်စည်တင်သွင်းရာတွင် လုံလောက်သည့် တင်သွင်းခွင့်လိုင်စင်မရရှိသလို ကုန်စည်တင်ပို့ရာတွင်လည်း ရရှိငွေ၏ သတ်မှတ်ရာခိုင်နှုန်းကို စစ်ကောင်စီထံ ဗဟိုဘဏ်ပေါက်ဈေးဖြင့် လဲလှယ်ရသည့်အတွက် တွက်ခြေမကိုက်ကြောင်း ကုန်သည်များက ပြောသည်။
ဟိုပုံးတွင် ဖမ်းဆီးထားသည့် ကုန်စည်များကို မူလနယ်စပ်မှ ကုန်စည်တန်ဖိုးတိုင်းမဟုတ်ဘဲ ပြည်တွင်းတွင် ရောင်းချနေသည့် ဈေးနှုန်းဖြင့် တန်ဖိုးဖြတ်ပြီး ထုတ်ယူခွင့်ပြုသည့်အတွက် ပေးဆောင်ရသည့် တန်ဖိုးမြင့်တက်ပြီး နောက်ဆက်တွဲအနေဖြင့် စားသုံးသူများသာ ဒဏ်ခံရဖွယ်ရှိကြောင်း ဈေးကွက်လေ့လာသူများက သုံးသပ်သည်။

တရားမဝင်ကုန်စည်ဖမ်းစည်မှုကြောင့် ကုန်သွယ်မှု ရပ်တန့်ကာ အရေးပေါ်လိုအပ်သည့် ဆေးဝါးနှင့် အခြေခံလူသုံးကုန်များ ဈေးကွက်အတွင်း ပြတ်လပ်မှုနှင့် ကြုံနေရသည်။

“အရင်က လူတင်တဲ့ လိုင်းကားနဲ့ တပိုင်တနိုင်သယ်လို့ရတယ်။ အခု အဲ့ဒီ ကားအသေးတွေမှာ ကုန်တင်တာတွေကိုပါဖမ်းဆီးနေတော့ အကုန်ဒုက္ခရောက်ကုန်တယ်။ တရားဝင်လိုင်စင်ဂျူတီနဲ့ သယ်မယ်ဆိုတော့လဲ ဂျူတီတွေက လိုသလောက်မချပေးဘူး။ ခိုးသယ်တော့လဲ ဖမ်းတယ် ကုန်သည်တွေက ပိုက်ဆံရှိတော့ ထိုင်နေလို့ရတယ်။ ကားသမားတွေနဲ့ ပြည်တွင်းက လက်လီ/လက်ကားရောင်းတဲ့သူတွေ စားသုံးသူတွေ အကုန်ဒုက္ခရောက်ကြတာ” ဟု ကုန်သည်တစ်ဦးကပြောသည်။

ဧပြီလအတွင်း ဟိုပုံးမြို့တွင် စစ်ကောင်စီက ရှမ်းအရှေ့မှ ကုန်တင်လာသည့် ကုန်တင်ကားရာနှင့်ချီကိုဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အချို့မှာလက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

#MeKongNews
#ကုန်စည်စီးဆင်းမှု
#ရှမ်းအရှေ့
#ရပ်တန့်
#ကုန်သွယ်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now