နေ့စဥ်သတင်း

ကျေးရွာအိမ်ထောင်စုစာရင်းများ ပေးလိုက်မှ MNDAA ဟန်နားဥက္ကဌကို ပြန်လွှတ်ပေး

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ MNDAAနှင့် SSPP စစ်ရေးတင်းမာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ဟန်နားကျေးရွာအုပ်စု ဥက္ကဌ ဦးဆန်ကြာကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဇွန်လ ၇ရက် ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံက သိရသည်။ MNDAA က ဟန်နားကျေးရွာအုပ်စု၏ အိမ်ထောင်စု စာရင်းများရလိုသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ရာ ကျေးရွာကော်မတီမှ လူစုပြီး စာရင်းများကိုယူဆောင်ကာ ဖမ်းဆီးထာသည့် စဉ့်အင်နားလန်းသို့ သွားရောက်ပေးအပ်သဖြင့် ဇွန်လ၇ရက်ညနေက ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ “အဲဒီစာရင်းတွေ မရရင်မလွှတ်ဘူးဆိုတော့လည်း သူတို့လိုချင်တာ သွားပေးရတာပေါ့” ဟု ဟန်နားရွာခံတစ်ဦးက ပြောသည်။ ဟန်နားအုပ်စုတွင် လူဦးရေ၈၀၀ကျော်ရှိပြီး ယင်းစာရင်းများဖြင့် အုပ်ချုပ်ရေးအဆက်ဆက်မှ လူသစ်ခေါ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အစည်း အဝေးခေါ်ခြင်းများ

မဲခေါင်၊ ဇွန် ၈

MNDAAနှင့် SSPP စစ်ရေးတင်းမာနေသည့် ရှမ်းပြည်မြောက်ပိုင်း၊ ဟန်နားကျေးရွာအုပ်စု ဥက္ကဌ ဦးဆန်ကြာကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဇွန်လ ၇ရက် ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံက သိရသည်။

MNDAA က ဟန်နားကျေးရွာအုပ်စု၏ အိမ်ထောင်စု စာရင်းများရလိုသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ရာ ကျေးရွာကော်မတီမှ လူစုပြီး စာရင်းများကိုယူဆောင်ကာ ဖမ်းဆီးထာသည့် စဉ့်အင်နားလန်းသို့ သွားရောက်ပေးအပ်သဖြင့် ဇွန်လ၇ရက်ညနေက ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

“အဲဒီစာရင်းတွေ မရရင်မလွှတ်ဘူးဆိုတော့လည်း သူတို့လိုချင်တာ သွားပေးရတာပေါ့” ဟု ဟန်နားရွာခံတစ်ဦးက ပြောသည်။

ဟန်နားအုပ်စုတွင် လူဦးရေ၈၀၀ကျော်ရှိပြီး ယင်းစာရင်းများဖြင့် အုပ်ချုပ်ရေးအဆက်ဆက်မှ လူသစ်ခေါ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အစည်း အဝေးခေါ်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ယခုတွင်လည်း ယင်းသို့လုပ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရှမ်းတပ်တွေ၊ ဗမာအုပ်ချုပ်ရေးတွေ ဒီစာရင်းတွေ အပေါ်မှာပဲ စီမံခန့်ခွဲတာလေ။ လူထုမှာတော့ မင်းများရင် ရွာကြေတာပဲလေ။ ဟိုကတစ်မျိုး၊ ဒီကတမျိုး ကျွဲတွေကြားက မြေစာပင်တွေပေါ့” ဟု ၎င်းက ပြောသည်။

MNDAA သည် ယခုဇွန်လ ပထမပတ်အတွင်း သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စုရှိ မန်မိုင်မိုက်နိမ်ရွာက ဥက္ကဌကို ယခုလိုပင် အိမ်ထောင်စုစာရင်း အကြောင်းပြ ဖမ်းဆီးသွားခဲ့ပြီး ရွာကော်မတီများက အိမ်ထောင်စုစာရင်းသွားပို့ပေးမှသာ ဇွန်လ ၆ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ MNDAA နှင့် SSPP တို့ စစ်ရေးပဋိပက္ခအခြေအနေမှာ နှစ်ဘက်ဆိုင်ထားနေသဖြင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာ စသည့်ရွာလူထုများ နေရပ်သို့ ခေတ္တခဏ ပြန်လည်ဝင်ရောက်လာကြသော်လည်း တိုက်ပွဲများ အချိန်မရွေးပြန်လည်ဖြစ်ပွားလာနိုင်သဖြင့် စစ်ရှောင်နိုင်ရန်အဆင်သင့် နေထိုင်နေကြရကြောင်း သိရသည်။

MNDAA က နမ္မကျောက်မီးသွေးနယ်မြေသို့ဝင်ရောက်လာမှုနှင့် SSPPအား ဟန်နား၊ စိန်ကျော့ နယ် မြေများမှ ထွက်သွားရန်၊ ပြည်ထောင်စုလမ်းမအပေါ် ဆက်ကြေးမကောက်ရန် ဖိအားပေးနေသဖြင့် စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့ရာတွင် MNDAA ဖက်မှ တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

မဟာ
#MeKongNews
#ဟန်နားကျေးရွာ
#ဦးဆန်ကြာ
#MNDAA
#အိမ်ထောင်စုစာရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now