ကမ္ဘာ့သတင်း

ယူကရိန်း၏ ဆန်းသစ်သည့် ဒုံးကျည်ဖြင့် ရုရှားလေဆိပ်ကိုတိုက်ခိုက်၊ ပူတင်၏ Iskander ဒုံးခွင်းစနစ် ပျက်စီး

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ ဇွန် ၅ ရက်ညပိုင်းတွင် ရုရှားဘက်မှ ဒရုန်း၄၀၇ စင်းနှင့် ဒုံးကျည်၄၄ လုံးဖြင့် ယူကရိန်းမြို့တော် ကိဗ်ကို တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ယူကရိန်းဘက်မှ ရုရှားနိုင်ငံထဲသို့ ဒရုန်းနှင့် ဒုံးကျည်များ သုံးကာ ပြန်လည်တိုက်ခိုက်ရာ ထူးခြားဖြစ်စဉ်အဖြစ် ရုရှား၏ ဘရိုင်းယန့်ခ်စ် လေယာဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲသော ဒုံးကျည်သည် ထူးဆန်းအံ့ဩဖွယ်ရာ လက်နက်ဆန်း၊ လက်နက်သစ်ဖြစ် သည်ဟု သိရသည်။ ယင်းပစ်ခတ်မှုတွင် ရုရှားရေနံစက်ရုံ ကရစ်စတော မီးလောင်ပေါက်ကွဲပျက်စီးခဲ့သလို ဘရိုင်းယန့်ခ်စ် လေဆိပ်အတွင်း ကျရောက်သည့် ဒုံးကျည်သည် ပူတင်အားထားရာ နျူကလီးယားတင်ဆောင် ပစ်ခတ် နိုင်စွမ်းရှိသည့် Iskander ဒုံးခွင်း စနစ်ကိုပါ ပျက်စီးသွားစေခဲ့သည်ဟု ရုရှား စစ်ဘက်ဆိုင်ရာ

မဲခေါင်၊ ဇွန် ၈

ဇွန် ၅ ရက်ညပိုင်းတွင် ရုရှားဘက်မှ ဒရုန်း၄၀၇ စင်းနှင့် ဒုံးကျည်၄၄ လုံးဖြင့် ယူကရိန်းမြို့တော် ကိဗ်ကို တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ယူကရိန်းဘက်မှ ရုရှားနိုင်ငံထဲသို့ ဒရုန်းနှင့် ဒုံးကျည်များ သုံးကာ ပြန်လည်တိုက်ခိုက်ရာ ထူးခြားဖြစ်စဉ်အဖြစ် ရုရှား၏ ဘရိုင်းယန့်ခ်စ် လေယာဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲသော ဒုံးကျည်သည် ထူးဆန်းအံ့ဩဖွယ်ရာ လက်နက်ဆန်း၊ လက်နက်သစ်ဖြစ် သည်ဟု သိရသည်။

ယင်းပစ်ခတ်မှုတွင် ရုရှားရေနံစက်ရုံ ကရစ်စတော မီးလောင်ပေါက်ကွဲပျက်စီးခဲ့သလို ဘရိုင်းယန့်ခ်စ် လေဆိပ်အတွင်း ကျရောက်သည့် ဒုံးကျည်သည် ပူတင်အားထားရာ နျူကလီးယားတင်ဆောင် ပစ်ခတ် နိုင်စွမ်းရှိသည့် Iskander ဒုံးခွင်း စနစ်ကိုပါ ပျက်စီးသွားစေခဲ့သည်ဟု ရုရှား စစ်ဘက်ဆိုင်ရာ မီဒီယာများ က အတည်ပြုခဲ့သည်။

ဘရိုင်းယန့်ခ်စ်လေဆိပ်အတွင်း ဒုံးကျည် ၂ လုံး ကျရောက်ပေါက်ကွဲမှုတွင် မှိုပွင့်ပုံ တိမ်လိပ်များအသွင်ဖြင့် ကောင်းကင် အမြင့်ဆုံးအထိ မီးခိုးလုံးများ၊ မီးတောက်များ လောင်ကျွမ်းပေါက်ကွဲခဲ့ခြင်းဖြစ်ကာ စစ်ပွဲကာလတွင် ယူကရိန်းဘက်မှ ပထမဆုံး အသုံးပြုတိုက်ခိုက်သော ဒုံးကျည်အသစ်ဖြစ်ကြောင်း၊ ထိုဒုံးကျည်မှာ ဂျာမန်ထုတ် တာဝေးပစ် Taurus ဒုံးကျည်ဖြစ်မည်ဟု ရုရှား ဝါဒဖြန့် Tsargrad တယ်လီဂရမ်ချန်နယ်တွင် ရေးတင်ခဲ့သည်။

ပစ်ခတ်မှုသည် ဒေါ်နယ်ထရမ့်နှင့် ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်တို့ ဘဲဥပုံရုံးခန်း၌ တွေ့ဆုံ ပြီး ၂၄ နာရီအတွင်း ပစ်ခတ်ခြင်းဖြစ်ရာ ရုရှားဘက်မှ ဂျာမနီသည် ယူကရိန်းအားပေးထားသည့် Taurus ဒုံးကျည်ကို ပေးပစ်ခဲ့ခြင်းဖြစ်မည်ဟု စွပ်စွဲကာ တတိယ ကမ္ဘာစစ်ဖြစ်လာမည့်အရေးမှာ ပိုမို နီးစပ်လာခဲ့သည်။

ဂျာမန် အစိုးရအတွင်းသတင်းရင်းမြစ်အရ ထရမ့်နှင့် မာ့ဇ်တို့ တွေ့ဆုံမှုတွင် ယူကရိန်းအား Taurus ဒုံးကျည်များပေးရန် သဘောတူသော်လည်း ယခုပစ်ခတ်မှုအတွက် ခွင့်ပြုခဲ့သည့် အဆင့် မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။

Taurus ဒုံးကျည်သည် တစ်လုံးတန်ကြေး ပေါင် ၈၀၀၀၀၀ တန်ကာ တစ်နာရီ မိုင် ၆၀၀ အလျှင်ဖြင့် သွားနိုင်ပြီး ပစ်မှတ်ကို GPS မှ ကွက်တိ ပစ်ခတ်နိုင်စွမ်းရှိသလို လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်နိုင်သည်ဟု သိရသည်။

မေလကုန်ပိုင်းကပင် မာ့ဇ်သည် ယူကရိန်းအား ဂျာမနီအပြင် ပြင်သစ်၊ ယူကေနှင့် အမေရိကန်တို့ ပေးထားသည့် မဟာဗျူဟာ တာဝေးပစ်ဒုံးကျည်များအား ရုရှားနိုင်ငံ အတွင်း ပိုင်းထဲအထိ အတားအဆီးမရှိ ပစ်ခတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ရာ ရုရှားနှင့် အနောက်မဟာမိတ်အင်အားစုများအကြား ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တင်းမာမှု အထူးမြင့်တက်လာခဲ့ပြီဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#Taurus
#ရုရှား
#ယူကရိန်း
#ဂျာမနီ
#လေကြောင်းရန်ကာကွယ်ရေးစနစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now