နေ့စဥ်သတင်း

နောင်ချိုမြို့မှ ၇မိုင်အကွာ ကံကြီးရွာတွင် တိုက်ပွဲပြင်းထန်၊ အမြောက်တစ်ကမ်းရောက်ပြီဟု ဒေသခံများဆို

မဲခေါင် 6 Jun - 2025
မဲခေါင်၊ ဇွန် ၆ ထိုးစစ်ရပ်ထားသည်ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသော်လည်း နောင်ချိုမြို့မှ ၇မိုင်အကွာ ကံကြီးရွာမှာ ယနေ့ ဇွန်၆ရက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ TNLAတပ်များ လက်ရှိနံနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ မဲပုတ်ဘက်မှာလာသည့် စစ်ကြောင်းမှာ နောင်ချိုကြီး၊ တိမ်ပင်လယ်အထိ ရောက်နေသလို ပြင်ဦးလွင်ဘက်မှ စစ်ကား ၁၃စီးပါ စစ်ယာဥ်တန်းဖြင့်ချီလာသည့် စစ်ကြောင်းမှာ အုမ္မသီးဘက်မှ မြေပြင်တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သိရသည်။ အကယ်၍ ကံကြီးကို စစ်ကောင်စီကျော်ဖြတ်နိုင်ပါက နောင်ဩနှင့် မျက်ခြင်းနုသာ ကျန်ရှိတော့မည်ဖြစ်ပြီး နောင်ချိုမှာ ဟင်းလင်းပွင့်နေပြီ ဖြစ်ပြီဟု CDM အရာရှိဇင်ယော်က သုံးသပ်ပြောဆိုသည်။ လက်ရှိ နောင်ချို တောင်ခမ်း တိုက်ပွဲများတွင် စစ်ကောင်စီသည် လတ်တလော

မဲခေါင်၊ ဇွန် ၆

ထိုးစစ်ရပ်ထားသည်ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားသော်လည်း နောင်ချိုမြို့မှ ၇မိုင်အကွာ ကံကြီးရွာမှာ ယနေ့ ဇွန်၆ရက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ TNLAတပ်များ လက်ရှိနံနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ မဲပုတ်ဘက်မှာလာသည့် စစ်ကြောင်းမှာ နောင်ချိုကြီး၊ တိမ်ပင်လယ်အထိ ရောက်နေသလို ပြင်ဦးလွင်ဘက်မှ စစ်ကား ၁၃စီးပါ စစ်ယာဥ်တန်းဖြင့်ချီလာသည့် စစ်ကြောင်းမှာ အုမ္မသီးဘက်မှ မြေပြင်တိုက်ခိုက်မှု ပြုလုပ်လာနိုင်ကြောင်း သိရသည်။

အကယ်၍ ကံကြီးကို စစ်ကောင်စီကျော်ဖြတ်နိုင်ပါက နောင်ဩနှင့် မျက်ခြင်းနုသာ ကျန်ရှိတော့မည်ဖြစ်ပြီး နောင်ချိုမှာ ဟင်းလင်းပွင့်နေပြီ ဖြစ်ပြီဟု CDM အရာရှိဇင်ယော်က သုံးသပ်ပြောဆိုသည်။

လက်ရှိ နောင်ချို တောင်ခမ်း တိုက်ပွဲများတွင် စစ်ကောင်စီသည် လတ်တလော လေကြောင်းပစ်ကူထက် လက်နက်ကြီးတကမ်း၊ ဒရုန်းများနှင့် တိုက်ခိုက်လာနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲက လက်တကမ်းလို့ပြောရပြီ။ အမြောက်တစ်ကမ်းပေါ့။ မြို့ထဲလက်နက်ကြီးကျလို့ ၄ယောက်ထိပြီ။ အတော်များများမြို့ပေါ်က ပြေးကုန်ကြပြီ။ ကျောက်မဲဘက်အများဆုံးပြေးကြတယ်။ တိုက်ပွဲက ရက်ပိုင်းအတွင်းမြို့ ထဲရောက်လာနိုင်လို့ ကြိုတင်ရှောင်နိုင်ဖို့ သတိထားနေထိုင်ကြဖို့ အချင်းချင်းသတိပေး နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ၄ရက်နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီက ရွှေမုဌောရွာမှ နောင်ချိုမြို့ထဲသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သည့်အတွက်  နောင်ချိုမြို့၊ စျေးရပ်ကွက်ရှိ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသည့် ဒေသခံများမှာ ဦးမြင့်အောင်၊ ဒေါ်ထွေး၊ ဦးကျော်ဝင်းနဲ့ ဒေါ်မူမူအောင် တို့ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် နေအိမ် ၂လုံးနှင့် ကမ္ဘောဇကျောင်းတိုက် ဘုန်းကြီးကျောင်း တစ်ကျောင်းတို့လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန် ပျက်စီးခဲ့သည်ဟု TNLA က ယနေ့ဇွန် ၆ ရက်တွင် ထုတ်ပြန်သည်။

နောင်ချိုမြို့အနီးကို ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် TNLA တပ်စခန်းကို ယမန်နေ့ ဇွန်လ ၅ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ ဇွန်လ ၆ ရက်တွင်လည်း ကံကြီးရွာထဲ တိုက်ပွဲပြင်းထန်နေကာ ကံကြီး၊ ရွှေမုဌော၊ ရှောက်ခြုံနဲ့ နောင်လိတ်စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီက ခုဇွန်လကုန်အထိ အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း ယခုတိုက်ပွဲတွင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ စစ်ကောင်စီနှင့် TNLA တို့အကြား ဩဂုတ်လမှာ ထပ်မံဆွေးနွေးရန် ရှိနေသည်။

မဟာ
#MeKongNews
#TNLA
#နောင်ချို
#ကံကြီးရွာ
#စစ်ကောင်စီ
#တိုက်ပွဲပြင်းထန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now