မဲခေါင်၊ ဇွန် ၆
ဇွန် ၄ ရက်က ဒွန်မောင်းလေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဒါနန်းလေဆိပ်သို့ ထွက်ခွာရန်ပြင်ဆင်နေသည့် အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသား လီဂျီယန်းကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့သော်လည်း ညသန်းခေါင်ကျော် ဇွန် ၅ ရက် နံနက် ၁ နာရီတွင် လွှဲအပ်ချုပ်နှောင်ထားသည့် ပတ္တရားရဲစခန်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
လီဂျီယန်းသည် သူငယ်ချင်းတစ်ဦးထံမှ တရုတ် ယွမ် ၁၇၈၀၀၀ အလိုရှိသဖြင့် အမေရိကန်ဒေါ်လာတုံကင် ၃၈၇၁၂ ပေးခဲ့မှုအား ငွေလွှဲမပေးဘဲ ထွက်ပြေးသွားသဖြင့် တိုင်ချက်ဖွင့်ခံ ထားရသူဖြစ်သည်။
ပတ္တရားရဲစခန်းတွင် စုံစမ်းမေးမြန်းနေစဉ် ရဲအရာရှိသည် စခန်း ဒုတိယထပ်မှ ဆလိုက်မှတ်တံခါးကို ဖွင့်မိသည်၌ ထိုမှန်တံခါးပေါက်မှ ခုန်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ ရဲအရာရှိလည်း တံခါးပေါက်မှ ဆင်းလိုက်စဉ် မျက်နှာဖြင့် ကြမ်းပေါ်ကျပြီး မထနိုင်တော့ဘဲ တရားခံထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က အင်အားသုံးပြီး ပတ္တရားတစ်မြို့လုံး ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ငွေလိမ်မှု
#တရုတ်နိုင်ငံသား
#ဒွန်မောင်းလေဆိပ်
#ပတ္တရားရဲစခန်း








