နေ့စဥ်သတင်း

ရှမ်းတောင်-ကရင်နီနယ်စပ် တိုက်ပွဲများကြားမှ စစ်ရှောင် ၃၀၀၀ ကျော် အကူအညီမဲ့နေ

မဲခေါင် 4 Jun - 2025
မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်း – ကရင်နီပြည်နယ် နယ်စပ်ဖြစ်သည့် ညောင်ရွှေ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲများကြားက အသက်ဘေးကြောင့် ထွက်ပြေးကြရသူ စစ်ရှောင် ၃၀၀၀ ကျော် အကူအညီမဲ့နေပြီး စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။ ညောင်ရွှေမြို့နယ် ဟိုပန်၊ ကုန်းသာ၊ တောင်ပို့ကွဲဘုရားတောင်၊ ရေပူစကျေးရွာများမှ ရွာလူထု ၁၀၀၀ ကျော် ရွာလုံးကျွတ်စစ်ရှောင်နေရကာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာအပါအဝင် ရွာလူထု ၁၀၀၀ ကျော်လည်း စစ်ရှောင်နေရကြောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရွာများတွင်လည်း စစ်ရှောင်များအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “အိမ်တွေက မီးရှို့ခံရ၊ စိုက်ကွင်းတွေကသွားမရ၊ ငါးရှာဖားရှာမရ၊ စားစရာကမရှိ၊ ရာသီဥတုကပြင်းနဲ့

မဲခေါင်၊ ဇွန် ၄

ရှမ်းပြည်တောင်ပိုင်းနှင့် ရှမ်း – ကရင်နီပြည်နယ် နယ်စပ်ဖြစ်သည့် ညောင်ရွှေ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲများကြားက အသက်ဘေးကြောင့် ထွက်ပြေးကြရသူ စစ်ရှောင် ၃၀၀၀ ကျော် အကူအညီမဲ့နေပြီး စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

ညောင်ရွှေမြို့နယ် ဟိုပန်၊ ကုန်းသာ၊ တောင်ပို့ကွဲဘုရားတောင်၊ ရေပူစကျေးရွာများမှ ရွာလူထု ၁၀၀၀ ကျော် ရွာလုံးကျွတ်စစ်ရှောင်နေရကာ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာအပါအဝင် ရွာလူထု ၁၀၀၀ ကျော်လည်း စစ်ရှောင်နေရကြောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းရွာများတွင်လည်း စစ်ရှောင်များအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်တွေက မီးရှို့ခံရ၊ စိုက်ကွင်းတွေကသွားမရ၊ ငါးရှာဖားရှာမရ၊ စားစရာကမရှိ၊ ရာသီဥတုကပြင်းနဲ့ ဒုက္ခရောက်ကြတာ အလွန်ပါ” ဟု တောင်ပို့ကွဲ ရွာသူမကြီးတစ်ဦးက မဲခေါင်ကို ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် လက်ရှိအခြေအနေတွင် ဆန်၊ ဆီကဲ့သို့ အခြေခံစားသောက်ကုန်မှအစ အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်းများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါသည်များအတွက် ဆေးဝါးများ၊ စားရေရိက္ခါ လူသုံးကုန်များအစစအရာရာ လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။

အင်းလေးဒေသလူ့အခွင့်အရေး အဖွဲ့၏ ယမန်နေ့ ဇွန် ၃ ရက်က ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်ဧပြီလနှင့် မေလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်‌ကောင်စီတပ်နှင့် PNA/PNO ပြည်သူ့စစ်တို့က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းပစ်ခတ်မှု အရေအတွက်များနှင့် အရပ်သားနေအိမ် အဆောက်အအုံပျက်စီး၊ မီးလောင်မှုများ စုစုပေါင်းအရေအတွက်မှာ လက်နက်ကြီး ၇၁ကြိမ်၊ ဒရုန်း ၄၆ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ နေအိမ် မီးလောင် ၃၂ လုံးနှင့် အထက်၊ နေအိမ်ထိခိုက်ပျက်စီး ၁၁ လုံး၊ ဘာသာရေးအဆောက်အအုံ၊ ခန်းမဆောင် ၂ ခု၊ ရွာသား သေဆုံးမှု ကျားတစ်ဦးတို့ဖြစ်ကြောင်း ပါရှိသည်။

လေကြောင်းတိုက်ခိုက်မှုများတွင် ပေါင် ၅၀၀ ဗုံး လေးလုံး နှင့် အထက်ကြဲချခြင်းများရှိခဲ့သလို ပြည်သူနေအိမ်များကိုလည်း မီးရှို့ဖျက် ဆီးခဲ့ပြီး စန့်စွဲရွာသား (ရှမ်းလူမျိုး) အသက် ၅၀ ရှိ ဦးစိန်ကိုလည်း စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့သည့် ဆောင်းပြောင်းတစ်ရွာလုံး မီးလောင်ပျက်စီးခဲ့ရသလို ရေပူတိုက်ပွဲအတွင်း လူနေအိမ် ၄၀ ကျော် စစ်ကောင်စီဘက်က မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ နားခိုကြသည်ဆိုပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ရွာများကို မီးရှို့ ပြီး တော်လှန်ရေးတပ်များက မီးရှို့သည်ဟု သတင်းမှားများဖြင့် ပြည်သူကိုလိမ်ညာပြီး ဝါဒဖြန့်​မှုများလည်း ရှိနေသည်။

ပုံအညွှန်း – မေလ ၁၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဖက်ခြမ်းရှိ ဘုရားတောင်ရွာကို စစ်‌ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ဘုရားတောင်ရွာမှ နေအိမ်တစ်လုံး ပျက်စီးသွားစဉ်။

Photo – အင်းလေးဒေသလူ့အခွင့်အရေး

မဟာ
#MeKongNews
#စစ်ဘေးရှောင်
#အင်းလေးဒေသ
#ဆောင်းပြောင်းကျေးရွာ
#ဖယ်ခုံအင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now