မဲခေါင်၊ ဇွန် ၂
ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာန PCD က တတိယအကြိမ်မြောက် နမ့်ခုတ်မြစ်ရေ အရည်အသွေး စစ်ဆေးမှုအဖြေကို ထုတ်ပြန်ခဲ့ရာ ၁၁ နေရာတွင် အာဆင်းနစ်ပါဝင်မှု အန္တရာယ်ရှိ အဆင့်တွင်ရှိပြီး မြန်မာဘက်နှင့် အနီးဆုံးနေရာများတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ဇွန် ၁ ရက်တွင်ထုတ်ပြန်သွားခဲ့သည်။
တစ်ဖက်နယ်စပ် မြန်မာဘက်ခြမ်း မြစ်နှင့် ကပ်လျှက်တွင် တရုတ် ရွှေနှင့် မြေရှားသတ္တုမိုင်းတွင်းများ စည်းကမ်းမဲ့ တိုးချဲ့ထုတ်လုပ်ရာမှာ မြစ်ကမ်းနဖူးတွင်ပင် စွန့်ပစ် ဓာတု ဓာတ်သတ္တုများ နမ့်ခုတ်မြစ်၊ မယ်ဆိုင်မြစ်၊ မဲခေါင်မြစ်များအထိ စိမ့်ဝင်ရောက်ရှိပြီး အဆိုပါမြစ်များကို မှီခိုနေရသူများအတွက် အန္တရာယ်ရှိသည့် ညစ်ညမ်းမှုများကို တွေ့ရှိခဲ့ရသည်။
ငါးများတွင် အနာများဖြစ်နေခြင်း၊ အနည်ထလွန်းခြင်း၊ လူများ အသုံးပြုပါက ကျန်းမာရေးဆိုးရွားစွာ ထိုခိုက်ပြီး ကင်ဆာပါဖြစ်စေနိုင်သော သတ္တုဓာတ်များပျော်ဝင်နေသဖြင့် ထိုင်းဘက်မှ နမ့်ခုတ်မြစ်ရေ ကို ၂၀၂၅ မတ်လမှ စက်တင်ဘာလအတွင် တစ်လ ၂ ကြိမ်အား နေရာများစွာခွဲ စစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်သည်။
ယခု တတိယအကြိမ်မြောက် နေရာ ၁၅ နေရာကို စစ်ဆေးမှုအဖြေထုတ်ပြန်ခဲ့ရာ ၁၁ နေရာတွင် အာဆင်းနစ်များပျော်ဝင်နေမှုသည် အန္တရာယ်ရှိသော အဆင့်တွင် ရှိနေကြောင်း ချင်းမိုင်တွင် ၃ နေရာ၊ ချင်းရိုင်တွင် ၈ နေရာမှာ ဘေးကင်းအာဆင်းနစ်ပါဝင်မှုအဆင့် ရေတစ်လီတာ၌ ၀ . ၀၃၀ မီလီဂရမ် ကျော်လွန်ပါဝင်နေကြောင်း၊ ပါဝင်မှု အများဆုံးမှာ ချင်းမိုင်ရှိ မြန်မာနှင့်အနီးဆုံး မယ့်အိုင်ခရိုင်အနီး တွင်ဖြစ်သည်ဟု ထိုင်း PCD က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Thenation
#MeKongNews
#မဲခေါင်မြစ်
#အာဆင်းနစ်
#မယ်ဆိုင်မြစ်
#နမ့်ခုတ်မြစ်








