နေ့စဥ်သတင်း

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးချေးငွေ ကျပ်ဘီလီယံ ၇၀၀ ချေးပေးဖို့ ပြင်ဆင်နေဟု စစ်ကောင်စီဆို

မဲခေါင် 31 May - 2025
မဲခေါင်၊ မေ ၃၁ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်မှုများအတွက် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ကျပ်ဘီလီယံ ၇၀၀ကို ထုတ်ချေးပေးရန် ပြင်ဆင်နေပြီး ငလျင်ဘေးဒါဏ်သင့်ဒေသနှင့် ငလျင်ဘေးဒါဏ်မခံရသည့်ဒေသဟူ၍ ခွဲကာ အတိုးနှုန်း သက်မှတ်ပြီး ထုတ်ချေးရန် စီစဉ်နေကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က မေလ ၃၀ ရက်တွင် ပြောသည်။ Myanmar Narrative ဟု ခေါ်သည့် စစ်ကောင်စီလက်အောက်ခံ Think Tank အဖွဲ့က ဦးဆောင်ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ဘဏ္ဍာရေးနဲ့ ပက်သက်ပြီး ပုဂ္ဂလိက-အစိုးရ (မူရင်းအသုံးအနှုန်း) ပေါင်းပြီး ငွေချေးဖို့ ရှိပါတယ်။

မဲခေါင်၊ မေ ၃၁

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်မှုများအတွက် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးချေးငွေအဖြစ် ကျပ်ဘီလီယံ ၇၀၀ကို ထုတ်ချေးပေးရန် ပြင်ဆင်နေပြီး ငလျင်ဘေးဒါဏ်သင့်ဒေသနှင့် ငလျင်ဘေးဒါဏ်မခံရသည့်ဒေသဟူ၍ ခွဲကာ အတိုးနှုန်း သက်မှတ်ပြီး ထုတ်ချေးရန် စီစဉ်နေကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က မေလ ၃၀ ရက်တွင် ပြောသည်။

Myanmar Narrative ဟု ခေါ်သည့် စစ်ကောင်စီလက်အောက်ခံ Think Tank အဖွဲ့က ဦးဆောင်ကျင်းပသည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဘဏ္ဍာရေးနဲ့ ပက်သက်ပြီး ပုဂ္ဂလိက-အစိုးရ (မူရင်းအသုံးအနှုန်း) ပေါင်းပြီး ငွေချေးဖို့ ရှိပါတယ်။ ငလျင်ဒါဏ် သင့်တဲ့ ဒေသမှာ အတိုးနှုန်း တခု နဲ့ ငလျင်ဒါဏ် မသင့်တဲ့ ဒေသမှာ အတိုးနှုန်းဆိုပြီး လုပ်မလား စဉ်းစားနေတယ်” ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စစ်ကောင်စီ-ပုဂ္ဂလိ ‌ပူးပေါင်းကာ ချေးငွေ ထုတ်ချေးပေးရာတွင် ပြန်လည်ထူထောင်ရေးအတွက် အတိုးနှုန်း (၁-၂) ရာခိုင်နှုန်း၊ Commerical အတွက် အတိုးနှုန်းကို တစ်မျိုး စဉ်းစားထားပြီး ငလျင်ဒါဏ် ဘေးသင့်သည့် ဒေသများတွင် သက်သာသည့်အတိုးနှုန်းဖြင့် ချေးပေးရန် စဉ်းစားထားကြောင်း၊ ငလျင်ဒါဏ် ဘေးသင့်တဲ့ ဒေသများ ပြန်လည်ကုစားရန်အတွက် ကနဦး ငွေကျပ်ဘီလီယံ ၃၀၀ သက်မှတ်ထားရာမှ ကျပ် ဘီလီယံ ၇၀၀ အထိ ချေးငွေ ပေးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်‌ကြောင့် ထိခိုက်ရသည့် စီးပွားရေးပြန်လည်ကုစားရေး ရံပုံငွေ ကျပ် ၂၂၆ ဘီလီယံကျန်ရှိနေသေး၍ ထုတ်ချေးပေးမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

ငလျင်ဒါဏ်သင့်သည့် ဒေသများအတွက် ပြန်လည်ကုစားရန်အတွက် ငွေကျပ် ဘီလီယံ ၇၀၀ ရှိပြီး စစ်ကောင်စီအနေနှင့် ထုတ်ပေးသွားမည် ဟု ပြောဆိုထားသော်လည်း မည်သည့်အချိန်တွင် ပေးမည်၊အတိုးနှုန်း နှင့် ချေးငွေ သက်တမ်းတို့ကို ပြောဆိုခြင်း မပြုခဲ့ပေ။

ချေးငွေပေးရန်အတွက် လိုအပ်သည့်ငွေကြေးများကို ငွေစက္ကူရိုက်ထုတ်ပါက ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများလည်းရှိသည်။

၂၀၂၅ ခုနှစ် ‌မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊စစ်ကိုင်း၊နေပြည်တော် နှင့် ရှမ်းတောင်ဒေသအပါအဝင် တိုင်းဒေသ ၊ပြည်နယ် ၁၀ ခုတွင် ထိခိုက်ခဲ့ပြီး ရပ်ကွက် စုစုပေါင်း ၃၇၄ ခု၊ကျေးရွာအုပ်စု ၉၄၄ ခု၊ကျေးရွာ ၂၀၈၁ ခု၊အိမ်ထောင်စု ၁၆၂၁၆၇ ခု နှင့် လူဦးရေ ငါးသိန်းကျော် ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရသည့် တန်ဖိုးမှာ ငွေကျပ် ၃၈၀၄ .၅၄၉ ဘီလီယံအထိ ရှိပြီး နိုင်ငံ စီးပွားရေးအတွက် အချက်အခြာကျသည့် မန္တလေးမှာ အကြီးအကျယ် ထိခိုက်ခဲ့ရသည် ဟု ဆိုထားသည်။

လက်ရှိအချိန်ထိ မန္တလေးမြို့တို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေသည်မှာ နှောင့်နှေးနေဆဲ ဖြစ်နေကာ လုပ်ငန်းများ လည်ပတ်နိုင်စွမ်း နည်းနေဆဲ ဟု ဒေသခံ တစ်ဦး က ပြောဆိုထားသည်။

ဖေသန်း
#MeKongNews
#စစ်ကိုင်းငလျင်
#ချေးငွေ
#စစ်ကောင်စီ
#မန္တလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now