တရုတ်ကွန်မြူနစ်ပါတီနှင့် စပ်ဆက်မှုရှိသည့် တရုတ်နှင့် ဟောင်ကောင်မှ ကျောင်းသားဗီဇာများကို စတင် ပိတ်သိမ်းနေဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မေ ၂၈ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ တရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ပတ်သက်သော တရုတ်ကျောင်းသားများ၏ ဗီဇာများအပါ တရုတ်နှင့် ဟောင်ကောင်ကျောင်းသားများ ဗီဇာများကို စတင် ရုပ်သိမ်းနေပြီဖြစ်ကြောင်း၊ နောက်တွင်လည်း သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်မှုတွင် တရုတ်နှင့်ဟောင်ကောင်မှ ကျောင်းသားဗီဇာများ ထုတ်ပေးမှုကို အထူးဆင်းကြပ်ပြီး လျှောက်လွှာ စိစစ်မှုများကိုလည်း သတ်မှတ်ချက်အသစ်များစွာ ထည့်သွင်းလုပ် ဆောင်မည်ဟု ဖော်ပြပါရှိခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က ထရမ့်စီမံခန့်ခွဲရေးအဖွဲ့သည် ကမ္ဘာကျော် ဟားဗတ် တက္ကသိုလ်အား ပြည်ပ ကျောင်းသားများ လက်ခံသင်ကြားခွင့် ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ကာ ဖက်ဒရယ်တရားသူကြီး တစ်ဦး က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသဖြင့် ထိုအမိန့်ကို ဆိုင်းငံ့ကြောင်း ပြန်လည် စီရင်ချက်ချခဲ့သည်။
၂၀၂၅ နှစ်စပိုင်းကတည်းက ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာမှ ကျောင်းသား ထောင်ချီ၏ ဗီဇာများကို ပြန်လည် ရုပ်သိမ်းခဲ့ကာ ပါလက်စတိုင်းထောက်ခံလှုပ်ရှားသည့် ကျောင်းသားများအား ဗီဇာများ အဓိက ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref:AA
#MeKongNews
#တရုတ်ကွန်မြူနစ်ပါတီ
#ကျောင်းသားဗီဇာ
#အမေရိကန်
#ဒေါ်နယ်ထရမ့်








