နေ့စဥ်သတင်း

မိုင်းလားလမ်း E-lock စနစ်သုံး ကွန်တိန်နာသုံးရန် စစ်ကောင်စီကြိုးပမ်းမှု လုပ်ငန်းရှင်များ အဆင်မပြေ

မဲခေါင် 29 May - 2025
မဲခေါင်၊ မေ ၂၉ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားဒေသသို့ ရန်ကုန် နှင့် မန္တလေးတို့မှ ကုန်စည် ပို့ဆောင်ရာတွင် အလုံပိက် ကွန်တိန်နာစနစ်(E-lock) ဖြင့် ကုန်သွယ်နိုင်ရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိသည်။ ရန်ကုန်-မန္တလေး- တောင်ကြီး-ကျိုင်းတုံ-မိုင်းလား နယ်စပ် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် E-lock စနစ်သုံး ကုန်သေတ္တာတင် မော်တော်ယာဉ်များဖြင့် သွားလာရန် ကနဦး အဆင့်တစ် ကို လုပ်ဆောင်ခဲ့ပြီးနောက် အဆင့် ၂ကို အကောင်အထည်ဖော်ရန်အတွက် မေလ ၂၈ ရက်နေ့တွင် တောင်ကြီး-မန္တလေး၊ တောင်ကြီး-နေပြည်တော်-ရန်ကုန် စသည့် လမ်းကြောင်းများ၌ E-lock စနစ်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ စစ်ကောင်စီအနေနှင့် ပေ၂၀

မဲခေါင်၊ မေ ၂၉

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားဒေသသို့ ရန်ကုန် နှင့် မန္တလေးတို့မှ ကုန်စည် ပို့ဆောင်ရာတွင် အလုံပိက် ကွန်တိန်နာစနစ်(E-lock) ဖြင့် ကုန်သွယ်နိုင်ရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိသည်။

ရန်ကုန်-မန္တလေး- တောင်ကြီး-ကျိုင်းတုံ-မိုင်းလား နယ်စပ် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် E-lock စနစ်သုံး ကုန်သေတ္တာတင် မော်တော်ယာဉ်များဖြင့် သွားလာရန် ကနဦး အဆင့်တစ် ကို လုပ်ဆောင်ခဲ့ပြီးနောက် အဆင့် ၂ကို အကောင်အထည်ဖော်ရန်အတွက် မေလ ၂၈ ရက်နေ့တွင် တောင်ကြီး-မန္တလေး၊ တောင်ကြီး-နေပြည်တော်-ရန်ကုန် စသည့် လမ်းကြောင်းများ၌ E-lock စနစ်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

စစ်ကောင်စီအနေနှင့် ပေ၂၀ ရှည်သည့် ကွန်တိန်နာကားများဖြင့် ကုန်စည်ကို ‌E-lock စနစ်ဖြင့် ပိတ်ကာ သယ်ယူပို့ဆောင်လိုနေခြင်း ဖြစ်သော်လည်း ပြည်တွင်းတွင် ကွန်တိန်နာကား ရှားပါးခြင်း၊ ကုန်တင်ယာဉ်အများစုမှာ ပေ ၄၀ ရှည်သည့် ကွန်တိန်နာများသာ တင်ဆောင်နိုင်ပြီး လက်ရှိ မိုင်းလားဒေသ လမ်းကြောင်းမှာ မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ လမ်းကျဉ်းခြင်းတို့ကြောင့် သွားလာရန် လွယ်ကူမှု မရှိဟု ကုန်သည်များက ဆိုသည်။

“ဒီလမ်းက လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် သုံးနေကြရတာလေ။ ခရိုင်ချင်းဆက် လမ်းလေးတွေ အဆင်မပြေဘူး။ ဒီနှစ်က မိုးများတယ်။ မိုင်းလားကို သွားမယ့် လမ်းအခြေအနေက ကွန်တိန်နာကားတွေ သွားဖို့ အဆင်မပြေဘူး” ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အလုံပိတ် ကွန်တိန်နာကားများ ရှားပါးသည့်အပြင် ပုပ်သိုးကုန်များကို မသယ်နိုင်ဘဲ သယ်ဆောင်နိုင်သည့် ကုန်စည်အမျိုးအစားမှာလည်း နည်းပါးသည့်အတွက် လုပ်ငန်းရှင်များ အဆင်မပြေ ဖြစ်နေသည်ဟု သိရသည်။

ပြည်တွင်းကုန်တင်ယာဉ်ကားအများစုမှာ အမိုးဖွင့်ထားသည့် ကားများသာ ဖြစ်ပြီး ကွန်တိန်နာပုံး တပ်ဆင်ထားသည့် ယာဉ်အများစုမှာ ပြည်တွင်း Logistics ကုမ္ပဏီတချို့တွင် ရှိသော်လည်း နိုင်ငံတဝှမ်း ကုန်စည်ပို့ဆောင်နိုင်ရန် လုံလောက်သည့် အခြေအနေတွင် ရှိမနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

E-lock စနစ်ဆိုသည်မှာ ကုန်စည်စတင်ပို့‌ဆောင်မည့်နေရာတွင် ကွန်တိန်နာပုံးအတွင်း တာဝန်ရှိသူများနှင့် စစ်ဆေးထည့်သွင်း အလုံပိက်ကာ ကုန်စည် ရယူမည့် နေရာရောက်မှ ဖွင့်ဖောက်သည့် စနစ်ဖြစ်ကာ လမ်းတလျှောက်တွင် ဖွင့်ဖောက်စစ်ဆေးရန် မလိုအပ်တော့ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ကနဦး စမ်းသပ်မှု အဆင့်တစ်ကို ယခုနှစ်ဆန်းပိုင်းတွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ကုန်တင်ယာဉ်များကို တောင်ကြီးမှ ရန်ကုန်အထိ အလုံပိတ်စနစ်ဖြင့် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆင့် ၂ အနေဖြင့် တောင်ကြီး-မန္တလေး၊ တောင်ကြီး-နေပြည်တော်-ရန်ကုန်၊ တောင်ကြီး-မိုင်းလား စသည့် လမ်းကြောင်းများတွင် ကျင့်သုံးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဖေသန်း
#MeKongNews
#မိုင်းလား
#ကုန်တင်ကား
#ကုန်သွယ်ရေး
#အလုံပိတ်ကွန်တင်နာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now