မဲခေါင်၊ မေ ၂၈
ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် မလေးရှားနိုင်ငံတွင် ကစားသည့် အာဆီယံလက်ရွေးစင်အသင်းနှင့် မန်ယူအသင်းတို့ ခြေစမ်းပွဲစင်တွင် မြန်မာကစားသမား မောင်မောင်လွင်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အာဆီယံအသင်းက မန်ယူကို အနိုင်ရသွားသည်။
မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲစဉ်၌ မန်ယူအသင်းတွင် ကမ္ဘာကျော်ကစားသမားများဖြစ်သည့် ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမိုင်နူး၊ ဂျွန်နီအီဗန်၊ မက်ဂွိုင်းယား၊ ကာဆာမဲရိုး၊ ဒါလော့ စသည့် ကစားသမားများ ပါဝင်ခဲ့ပြီး အာဆီယံအသင်းဘက်က ၇၁ မိနစ်တွင် မြန်မာကစားသမား မောင်မောင်လွင်၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ပွဲပြီးဆုံးခဲ့သည်။
မောင်မောင်လွင်သည် မြန်မာကစားသမားများထဲတွင် ပထမဆုံးဂိုးသွင်းနိုင်ခဲ့သည့် ကစားသမားလည်းဖြစ်သည်။
#MeKongNews
#မန်ချက်စတာယူနိုက်တက်
#အာဆီယံ
#မောင်မောင်လွင်
#မလေးရှား
#ဘူကစ်ဂျာလီ








