မဲခေါင်၊ မေ ၂၈
ထိုင်းစစ်သားသစ်ကို စည်းကမ်းထိန်းသိမ်းရေး သင်တန်းတွင် သင်တန်းဆရာ ၂ဦးနှင့် စီနီယာ တပ်သားများက ရိုက်နှက်ရာမှ သေဆုံးသွားမှုအတွက် မေ ၂၇ ရက်၌ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ ကြား ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
အသက် ၁၈ နှစ်သာရှိသေးသော ဗိုရာပက်ချ် ပက်မာဆာကူဆိုသည့် လူငယ်သည် ၂၀၂၄ ခုနှစ်ဩဂုတ် ၂ ရက်တွင် အမှတ် (၃) ခြေမြန်တပ်ရင်း၊ (၂၁) ခြေမြန်တပ်ရင်းနှင့် ဘုရင့်အစောင့်တပ် သင်တန်းသို့ ရောက်လာပြီး နောက် ယခုလို အချက်ပေါင်းများစွာ၊ လူပေါင်းများစွာ ရိုက်နှက်ခံရမှုမှ စစ်မှုစထမ်းပြီး ၃ လသာကြာသေးချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူကို စစ်ဆေးရာတွင် ဦးနှောက်ယောင်နေခြင်း၊ နံရိုးများ နှစ်ဖက်စလုံးကျိုးနေခြင်း၊ အဆုပ် ဒဏ်ရာရခြင်း၊ ညှပ်ရိုးကျိုးခြင်း၊ ကျောရိုးဒဏ်ရာရခြင်းများ တွေ့ရှိခဲ့ရသဖြင့် ပထမသင်တန်းဆရာ ကို ထောင်ဒဏ် နှစ် ၂၀၊ ဒုတိယသင်တန်းဆရာကိုထောင်ဒဏ် ၁၅ နှစ်ချမှတ်ကာ ထိုရိုက်နှက်မှုတွင် ပါဝင် ကူညီသူ စီနီယာတပ်သား ၁၁ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ မိဘများက ပထမသင်တန်းဆရာသည် အဓိက တရားခံဖြစ်သောကြောင့် ပိုမိုပြင်းထန် သော ပြစ်ဒဏ်ကျခံစေသင့်သည်ဟု မကျေမနပ်ပြောဆိုခဲ့သလို ထိုင်းတော်ဝင်စစ်တပ်ကိုပါ သားဖြစ် သူ သေဆုံးမှုအတွက် နစ်နာကြေးရလိုကြောင်း အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#စစ်သင်တန်းမှူး
#ထိုင်းနိုင်ငံ
#ထောင်နှစ်ရှည်ချ
#စစ်သားသစ်








