မဲခေါင်၊ မေ ၂၃
အမေရိကန်နှုတ်ထွက်သွားသည့်အတွက် ဘဏ္ဍာရေးအကျပ်ရိုက်နေသည့် WHO ကို တရုတ်နိုင်ငံက နောက် ၅ နှစ်စာအတွက် ဒေါ်လာသန်း ၅၀၀ ထည့်ဝင်ပေးသွားမည်ဟု မေ ၂၀ ရက်က ဂျီနီဗာတွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညီလာခံတွင် ကတိပြုခဲ့ကြောင်း သိရသည်။
တရုတ် ဒုဝန်ကြီးချုပ် Liu Guozhong က ယနေ့ ကမ္ဘာတွင် ပါတီစုံဝါဒစုံ စိုးမိုးနေသည့်ကာလဖြစ်သောကြောင့် ပြဿနာများဖြေရှင်းရာတွင် ပိုမိုခက်ခဲလာသော်လည်း ကျန်းမာရေးနှင့်ပတ်သက်သည့် မဖြစ်မနေ စောင့်ရှောက်ရမည့် လုပ်ငန်းများကို ဆက်လက်ကျော်ဖြတ်လုပ်ဆောင်ရမည်သာဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် နောက် ၅ နှစ်အတွက် ဒေါ်လာသန်း ၅၀၀ ထည့်ဝင်သွားမည်ဟုပြော ကြားသွားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သော WHO ကို အယုံအကြည်မရှိဟုဆိုကာ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်သွားရာ WHO အတွက် အများဆုံး လှူဒါန်းနေသည့်နိုင်ငံ မရှိတော့သည့်နောက် ၂၀၂၆-၂၇ အတွက် WHO သည် ဘတ်ဂျက် ၂၁ ရာခိုင်နှုန်း (ငွေအားဖြင့် ဒေါ်လာ ၄ . ၂ ဘီလီယံ) လျော့ချသုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံတိုင် လာမည့် ၂ နှစ်အတွင်း ထည့်ဝင်လှူဒါန်းငွေ ၂၀ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်လည်း တိုက်တွန်းထုတ်ပြန်ခဲ့ကာ တရုတ်သည် အမေရိကန်၏ ထည့်ဝင်လှူဒါန်းငွေ အများဆုံးနိုင်ငံနေရာတွင် အစားထိုးဝင်ရောက်လာနိုင် ခဲ့ပြီဖြစ်သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#WHO
#ကုလသမ္မဂ
#တရုတ်နိုင်ငံ
#ရန်ပုံငွေ








