နေ့စဥ်သတင်း

ခေတ်မီစစ်ခေါင်းဆောင်များကြောင့် ထိုင်းတွင် စစ်အာဏာသိမ်းဖွယ်မရှိသော်လည်း အာမမခံနိုင်ဟု ထိုင်းဒုဝန်ကြီးချုပ်ဆို

မဲခေါင် 24 May - 2025
မဲခေါင်၊ မေ ၂၃ လွတ်တော်တွင်း မပြေလည်မှုများကြောင့် အာဏာသိမ်းမှု ဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် ခေတ်မီစစ်ခေါင်းဆောင်သစ်များကြောင့် ထိုင်းတွင် စစ်အာဏာသိမ်းနိုင်မှု ဖြစ်လာဖွယ် မရှိသော်လည်း မိမိအနေဖြင့် ကံသေကံမ အာမခံချက်မျိုးတော့ မပေးနိုင်ဟု ထိုင်းဒုဝန်ကြီးချုပ် ဖမ်သမ်ဝီချာရာချိုင်က ပြောဆိုခဲ့သည်။ မေ ၂၂ ရက်သည် ၂၀၁၄ ခုနှစ်က ထိုင်းတွင် ဗိုလ်ချုပ် ပရာယွတ်ခေါင်းဆောင်သော နောက်ဆုံး စစ်အာဏာသိမ်းမှု ၁၀ နှစ်ပြည့်မြောက်ခဲ့ရာ လက်ရှိ ထိုင်း ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ် ဝီချာကို ထိုင်းနိုင်ငံ၌ နောက်ထပ် စစ်အာဏာသိမ်းနိုင်မှု ရှိလာနိုင်မည်လားဟု မီဒီယာများက မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဖမ်သမ်က “ ဘယ်သူကမှတော့ နောက်ထပ် အာဏာမသိမ်းနိုင်ဘူးလို့

မဲခေါင်၊ မေ ၂၃

လွတ်တော်တွင်း မပြေလည်မှုများကြောင့် အာဏာသိမ်းမှု ဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် ခေတ်မီစစ်ခေါင်းဆောင်သစ်များကြောင့် ထိုင်းတွင် စစ်အာဏာသိမ်းနိုင်မှု ဖြစ်လာဖွယ် မရှိသော်လည်း မိမိအနေဖြင့် ကံသေကံမ အာမခံချက်မျိုးတော့ မပေးနိုင်ဟု ထိုင်းဒုဝန်ကြီးချုပ် ဖမ်သမ်ဝီချာရာချိုင်က ပြောဆိုခဲ့သည်။

မေ ၂၂ ရက်သည် ၂၀၁၄ ခုနှစ်က ထိုင်းတွင် ဗိုလ်ချုပ် ပရာယွတ်ခေါင်းဆောင်သော နောက်ဆုံး စစ်အာဏာသိမ်းမှု ၁၀ နှစ်ပြည့်မြောက်ခဲ့ရာ လက်ရှိ ထိုင်း ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ် ဝီချာကို ထိုင်းနိုင်ငံ၌ နောက်ထပ် စစ်အာဏာသိမ်းနိုင်မှု ရှိလာနိုင်မည်လားဟု မီဒီယာများက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဖမ်သမ်က “ ဘယ်သူကမှတော့ နောက်ထပ် အာဏာမသိမ်းနိုင်ဘူးလို့ အာမမခံနိုင်လောက်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကျွန်တော် စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အလုပ်တွဲ လုပ်နေမှုအရ သူတို့ဟာ ခေတ်မီတိုးတက်တဲ့ စစ်ခေါင်းဆောင်တွေဖြစ်လို့ စစ်အာဏာသိမ်းမှုရဲ့ ကမ္ဘာ လုံးဆိုင်ရာ သက်ရောက်မှုကို နားလည်သဘောပေါက်ကြလို့ အာဏာသိမ်းဖွယ်မရှိဘူးလို့ မြင်တယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒါမျိုးတွေ ထပ်မဖြစ်လာနိုင်ဘူးလို့တော့ အာမမခံနိုင်ပါဘူး။ ဒီမိုကရေစီစနစ်တွေက အများကြီးရှိပါတယ်။ ကိုယ့်နိုင်ငံက ပြဿနာတွေကို ဖြေရှင်းရာမှာ စိတ်ရှည်ဖို့၊ ဒီမိုကရက်တစ် စနစ်နဲ့ စည်းမျဉ်းတွေကို ပါတီတိုင်းက စည်းကမ်းတကျ လိုက်နာနိုင်ဖို့တော့ လိုတယ်။ လူတွေရဲ့ မတူညီတဲ့အမြင်တွေကို ထုတ်ဖော်ပြသမှုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နားလည်ထားဖို့တော့ လိုပါတယ်။ နောက်ထပ် စစ်အာဏာသိမ်းတာ မမြင်ချင်ရင် လက်ရှိ သွားနေတဲ့ အလားအလာကောင်း တွေနဲ့ အုပ်ချုပ်မှုယန္တရားကို မဖြစ်မနေ လိုက်နာဖို့ လိုပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့သည်။

၂၀၁၄ ခုနှစ် ထိုင်းတွင် စစ်အာဏာသိမ်းခြင်းမှာ သက်ဆင်မိသားစုကို ထောက်ခံသည့် ရှပ်နီအုပ်စုနှင့် သက်ဆင်၏ ဩဇာလွှမ်းမိုးလွန်းမှုကို အတိုက်အခံလုပ်သည့် ရှပ်ဝါ အုပ်စုတို့ကြား လမ်းပေါ် ဆန္ဒပြ အုံကြွမှုများဖြစ်ခဲ့ခြင်းကို အကြောင်းပြုကာ သိမ်းခဲ့ခြင်းဖြစ်သည်။

ကိုကလင်း
Ref:The Nation
#MeKongNews
#ထိုင်းနိုင်ငံ
#အာဏာသိမ်း
#သက်ဆင်
#ရှပ်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now