မဲခေါင်၊ မေ ၂၃
Spa အဖြစ် ဟန်ပြဖွင့်ထားကာ လူငယ်အမျိုးသားများ လိင်ဝန်ဆောင်မှုပေးနေသော Secret Club ကို ထိုင်းရဲတပ်ဖွဲ့က အသွင်းယူဝင်ရောက်ဖမ်းဆီးရာ လာအိုသား ၅ ယောက်နှင့် မြန်မာလူငယ်တစ်ယောက် ဖမ်းခံခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ခွန်ကိန်းခရိုင်၊ နိုင်မူအန်းခရိုင်ခွဲရှိ Pimanachon House Estate 2… အိမ်ရာတွင် ဖွင့်လှစ်ထားသည့် ယင်းနေရာကို မေ ၂၁ ရက်နေ့က Line အပီလီကေးရှင်းမှတစ်ဆင့် အသွင်ယူရဲမှ ဆက်သွယ်ပြီး ယင်းကလပ်သို့ သွားရောက်ရာတွင် ၂၂ နှစ်အရွယ် လာအိုနိုင်ငံသားကို ဘတ် ၁၀၀ တန် ၁၀ ရွက်၊ ၅၀၀ တန် ၂ ရွက်၊ ကွန်ဒုံး၊ ချောဆီတို့နှင့်အတူ သက်သေများအဖြစ် သိမ်းဆည်းရမိပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းကလပ်တွင် အခြား လာအိုလူငယ် ၄ ယောက်နှင့် မြန်မာ လူငယ်တစ်ယောက်လည်း လိင်ဝန်ဆောင်မှု ပေးနေသည်ကို ဖမ်းဆီးရမိပြီး မြန်မာလူငယ်မှာ Overstay မှုပါ ထပ်တိုး ဖမ်းဆီးခံရကြောင်း သိရသည်။
ကလပ်တွင် စူပါဗိုက်ဆာလုပ်နေသော ၃၆ နှစ်အရွယ် ထိုင်းလူမျိုး ဝီချာရာကိုပါ တရားမဝင် ပြည်ပသားများကို အလုပ်ခေါ်ခိုင်းထားမှုကြောင့် ဖမ်းဆီးခံရပြီး စုံစမ်းစစ်ဆေးရာတွင် တစ်ဆက်ရှင်လျှင် ဝန်ဆောင်ခ ဘတ် ၁၆၀၀ ရယူကာ ပိုင်ရှင်ကို ဘတ် ၆၀၀ ခေါင်းခအဖြစ် ပြန်ပေးရသည်ဟု ဆိုသည်။
မေ ၂၁ ရက်မှာပင် ဖူးခက်၌ တရားမဝင် ပြည်ပသားအလုပ်သမားများကို စီမံချက်ဖြင့် စစ်ဆေးရာ တာလတ်နူအာခရိုင်ခွဲ ရနောင်းလမ်းပေါ်ရှိ Phone Nan Tho မိုဘိုင်းဖုန်းအရောင်းဆိုင်၌ Work permit မရှိဘဲ အလုပ်လုပ်နေသော ၂၂ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ၂၃ နှစ်နှင့် ၃၂ နှစ်အရွယ် မြန်မာ အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#လိင်ဝန်ဆောင်မှု
#Spa
#ထိုင်းနိုင်ငံ
#လာအိုနိုင်ငံသား








