နေ့စဥ်သတင်း

မူဆယ်တွင် ရဲတစ်ဦး ဆိုင်ကယ်နှင့် ငွေများ လုယက်ခံရ

မဲခေါင် 23 May - 2025
မဲခေါင်၊ မေ၂၃ စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းမြောက်၊ မူဆယ်မြို့တွင် ကင်းတာဝန်ကျ ရဲတစ်ဦး၏ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများကို လူတစ်ဦးက လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် မူဆယ်မြို့နယ်စခန်းရုံးမှ ရဲတပ်သား ဝင်းကို ဆိုသူကို ၎င်းတာဝန်ကျရာ ဆင်ဖြူဂိတ်မှ ဟိုမွန်ရပ်ကွက်ရှိစခန်းသို့ ပြန်လာသည့်လမ်း ရွှေသမင်ကုန်းအတက်တွင် လူငယ်တစ်ဦးက လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။​ “ကြယ်ဂေါင်ဆင်ဖြူဂိတ်နဲ့ လုခံရတဲ့နေရာက နီးနီးလေး၊ လူသွားလူလာတွေလည်း ရှိတယ်။ သူက လုခံရလို့ ကူညီကြပါဦးအော်တာကိုတောင် မထင်ကြဘူး။ ရဲဝတ်စုံနဲ့ဆိုတော့လေ၊ ခုက ရဲပါလုခံရတာဆိုတော့ မြို့က ဘယ်သူ့အားကိုးရတော့မလဲ။ ကြောက်စရာ အရမ်းကောင်းနေပြီ”ဟု

မဲခေါင်၊ မေ၂၃

စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းမြောက်၊ မူဆယ်မြို့တွင် ကင်းတာဝန်ကျ ရဲတစ်ဦး၏ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများကို လူတစ်ဦးက လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်တွင် မူဆယ်မြို့နယ်စခန်းရုံးမှ ရဲတပ်သား ဝင်းကို ဆိုသူကို ၎င်းတာဝန်ကျရာ ဆင်ဖြူဂိတ်မှ ဟိုမွန်ရပ်ကွက်ရှိစခန်းသို့ ပြန်လာသည့်လမ်း ရွှေသမင်ကုန်းအတက်တွင် လူငယ်တစ်ဦးက လုယက်သွားခြင်း ဖြစ်ကြောင်း သိရသည်။​

“ကြယ်ဂေါင်ဆင်ဖြူဂိတ်နဲ့ လုခံရတဲ့နေရာက နီးနီးလေး၊ လူသွားလူလာတွေလည်း ရှိတယ်။ သူက လုခံရလို့ ကူညီကြပါဦးအော်တာကိုတောင် မထင်ကြဘူး။ ရဲဝတ်စုံနဲ့ဆိုတော့လေ၊ ခုက ရဲပါလုခံရတာဆိုတော့ မြို့က ဘယ်သူ့အားကိုးရတော့မလဲ။ ကြောက်စရာ အရမ်းကောင်းနေပြီ”ဟု ဟိုမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။

လုယက်မှုကြောင့် ရဲတပ်သားစီးနင်းလာသည့် ဘက်ထရီဆိုင်ကယ် တစ်စီး၊ ဖုန်း ၂ လုံးနှင့် ပိုက်ဆံအိတ်များ ပါသွားကြောင်း သိရသည်။

“အဲနားက ပိုက်ဆံရှိသူတွေနေတာများလို့ CCTV တွေ တပ်ထားတာ ဒီသတင်းပေါ်မှာစိုးလို့ မှတ်တမ်းတွေ လိုက်ယူတယ်ကြားတယ်။ ဒီမှာက ပြောင်လုနေရင်တောင် ကိုယ့်ရန်ပြုခံရမှာကြောက်လို့ ဝင်မပါကြတော့ဘူး။ လမ်းမှာ မပြောနဲ့ အိမ်ထဲ ဆိုင်ထဲတွေတောင် ဝင်ဖမ်းနေကြတာလေ။ ငွေနဲ့ ပြန်ရွေးပြီးရင်တောင် သိတာမပြောရဲကြတော့ဘူး။ ခုလို ရဲယူနီဖောင်းနဲ့ကို တစ်ဦးချင်းလုခံရတယ်ဆိုတော့ သွားပြီပေါ့ဗျာ” ဟု ဟိုနားရပ်နေသူ တစ်ဦးကလည်း ပြောသည်။

လက်ရှိမူဆယ်ကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ခရိုင်အဆင့် အုပ်ချုပ်ရေးများရှိနေသော်လည်း ဥပဒေစိုးမိုးမှု ပျက်သုန်းနေပြီဖြစ်သည့်သာဓကဟု ပြည်သူများက ဝေဖန်လျက်ရှိသည်။

#MeKongNews
#မူဆယ်မြို့
#ရဲတပ်သား
#လုယက်မှု
#ဆင်ဖြူဂိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now