နေ့စဥ်သတင်း

ရွာငံနယ်တွင် စစ်ကောင်စီက ငွေတောင်းသည့်အပြင် စိတ်မထင်သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်

မဲခေါင် 19 May - 2025
မဲခေါင်၊ မေ ၁၉ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီမှ ပြည်သူများကို လစဉ်ငွေကြောင်း တောင်းခံခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ၎င်းတို့ခိုင်းသည်များ စိတ်တိုင်းမကျပါက တပ်စွဲထားသည့်နေရာမှ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ယနေ့ မေ၁၉ရက်တွင်ထုတ်ပြန်သည်။ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် စစ်တပ်ကို တစ်အိမ်လျင် တစ်လကျပ်တစ်သောင်း လစဉ်ပေးနေရပြီး ၎င်းတို့သွားလာရန်အတွက် ရွာရှိ ကားများကို အလှည့်ကျ ချောဆွဲစေခိုင်းနေကြောင်း၊ ပြီးခဲ့သည့် မေလ ၄ရက်ကလည်း နွားဘန်းကြီးရွာရှိ ပြည်သူများထံမှ ဖုန်းအလုံး ၂၀၀ကျော်ကို သိမ်းထားခဲ့ပြီး ( တစ်ပတ်) ပြည့်သည့် မေလ၁၂ရက်တွင်မှ ပြန်ပေးခဲ့ကြောင်း သိရသည်။

မဲခေါင်၊ မေ ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီမှ ပြည်သူများကို လစဉ်ငွေကြောင်း တောင်းခံခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်သည့်အပြင် ၎င်းတို့ခိုင်းသည်များ စိတ်တိုင်းမကျပါက တပ်စွဲထားသည့်နေရာမှ ရွာထဲသို့ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် – DSNDA က ယနေ့ မေ၁၉ရက်တွင်ထုတ်ပြန်သည်။

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် စစ်တပ်ကို တစ်အိမ်လျင် တစ်လကျပ်တစ်သောင်း လစဉ်ပေးနေရပြီး ၎င်းတို့သွားလာရန်အတွက် ရွာရှိ ကားများကို အလှည့်ကျ ချောဆွဲစေခိုင်းနေကြောင်း၊ ပြီးခဲ့သည့် မေလ ၄ရက်ကလည်း နွားဘန်းကြီးရွာရှိ ပြည်သူများထံမှ ဖုန်းအလုံး ၂၀၀ကျော်ကို သိမ်းထားခဲ့ပြီး ( တစ်ပတ်) ပြည့်သည့် မေလ၁၂ရက်တွင်မှ ပြန်ပေးခဲ့ကြောင်း သိရသည်။

DSNDA ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက “သူတို့ (စစ်တပ်)ခိုင်းလို့ လုပ်ပေးတဲ့အခါ စိတ်တိုင်းမကျဘူးဆိုပြီး စခတွေတပ်စွဲထားတဲ့ နေရာကနေ ရွာထဲကို လက် နက်ကြီးနဲ့ ပစ်ထည့်ခဲ့တာတွေ လုပ်တယ်။ လူထု အနေနဲ့ဒီအချိန်မှာ ဘယ်ဟာအကောင်း၊ ဘယ်ဟာအဆိုးလို့ ရှင်းပြနေစရာ မလိုတော့တဲ့အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် ခဏတာ လွတ်လပ်မှုတွေအပေါ်မှာ မသာယာနေပဲ တကယ့်အစစ်အမှန်လွတ်လပ်မှုကိုပဲ လိုလိုလားလား ရှိနေစေချင်ပါတယ်” ဟု မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီတပ်က ရွာကမတရားကောက်ခံထားတဲ့ ငွေ သိန်း၈၀ ကျော်ကို နယ်ပြောင်းသွားသည့် စစ်ကြောင်းမှူးဆိုသူက အကုန်သိမ်းယူပြီး နယ်ပြောင်းသွားခဲ့၍ဆိုကာ ယခုလအတွင်း ထပ်ပြီး ငွေထည့်ပေးဖို့တောင်းခံနေကြောင်း၊ ထို့ပြင် ရွာရှိအိမ်များကို လိုက်လံရှာဖွေပြီး အိုးအိမ်ထူထောင်ရန် စုဆောင်းထားသော သစ်ချောင်းများကို တွေ့ပါ တစ်အိမ်လျင် ကျပ် ၃ သိန်းမှ ၉ သိန်းအထိ တောင်းယူသွားရာ နေအိမ် ၁၀ အိမ်ခန့်မှ ပေးလိုက်ရကြောင်း သိရသည်။

အလားတူ  ရွာငံမြို့နယ်မှ မျှားကလေးရွာ၊ အင်တောရွာ၊ လယ်ကိုင်းရွာတို့တွင်လည်း တစ်အိမ်ကိုကျပ်၂၀၀၀၀နှုန်းဖြင့် လစဉ်ပေးနေရကြောင်းသိရသည်။

ယခု မေလ ၁၅ရက်တွင်လည်း ရွာငံမြို့နယ်ရှိ ဂွေးပင်ရွာနှင့် တောင်ဦးရွာများသို့ သေနတ်များပစ်ဖောက်ကာ ဝင်လာပြီး ရွာသူ၊ ရွာသားအားလုံးကို စာသင်ကျောင်းသို့ခေါ်၍ လက်ပြန်ကြိုးတုတ်၊ မြေပြင်ပေါ် မှောက်ချခိုင်းကာ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ကြောင်း၊ စစ်သားအချို့က ယင်းသို့ နှိပ်စက်နေစဉ် ကျန်စစ်သားများက အိမ်များအတွင်ဝင်ရောက်မွှေနှောက်ကာ  ငွေသားများ ခိုးယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလ၁၁ရက်က ကလောအခြေစိုက် ခလရ ၃ ကလောမှ စစ်တပ်အရာရှိတစ်ဦးကို DSNDA မှ ပစ်ခတ်ရှင်းလင်းပြီးနောက် ကလောအခြေစိုက် တပ်မ၅၅ လက် အောက်ခံတပ်များက ရွာငံနယ်ထဲစစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဒုက္ခပေးနေခြင်းဖြစ်သည်။

မဟာ
#MeKongNews
#ရွာငံမြို့
#စစ်ကောင်စီ
#DSNDA
#ခလရ၃

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now