နေ့စဥ်သတင်း

တရုတ်ထံမှ ထိုင်းဝယ်ယူထားသည့် ရေငုပ်သင်္ဘောများအတွက် လိုအပ်သည့်အင်ဂျင်များ ဂျာမနီက မရောင်းချနိုင်ဟုငြင်း

မဲခေါင် 17 May - 2025
မဲခေါင်၊ မေ ၁၇ ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ်ဝီချာရာရိုင်က ဘာလင်တွင် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဝန်ကြီးဌာနများဆွေးနွေးပွဲ၌ တွေ့ဆုံစဉ် တရုတ်မှ ဝယ်ယူထားသည့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုလိုသဖြင့် ဂျာမနီထုတ် အင်ဂျင် များဝယ်ယူရန် ကမ်းလှမ်းရာ ငြင်းပယ်ခံခဲ့ရသည်ဟု မေ ၁၆ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။ တရုတ်သည် ထိုင်းထံ ၎င်းတို့ထုတ်ရေငုပ်သင်္ဘောများ ရောင်းချရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ၂၀၂၄ ဇူလိုင်တွင် ထိုင်းရေတပ်က တရုတ်ထုတ် CHD620 အင်ဂျင်များတပ်ဆင်အသုံးပြုရန် သဘောတူခဲ့သည်။ သို့သော် တရုတ်ထုတ် ရေငုပ်သင်္ဘောအင်ဂျင်များသည် ခေတ်မီနည်းပညာ အားနည်းချက်များ ရှိနေခြင်းကြောင့် ဂျာမနီထုတ် MTU396 ရေငုပ်သင်္ဘောအင်ဂျင်များ တပ်ဆင်အသုံးပြုရန် ကမ်းလှမ်းထားရာ

မဲခေါင်၊ မေ ၁၇

ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဖမ်သမ်ဝီချာရာရိုင်က ဘာလင်တွင် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဝန်ကြီးဌာနများဆွေးနွေးပွဲ၌ တွေ့ဆုံစဉ် တရုတ်မှ ဝယ်ယူထားသည့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုလိုသဖြင့် ဂျာမနီထုတ် အင်ဂျင် များဝယ်ယူရန် ကမ်းလှမ်းရာ ငြင်းပယ်ခံခဲ့ရသည်ဟု မေ ၁၆ ရက်က အတည်ပြုထုတ်ပြန်ခဲ့သည်။

တရုတ်သည် ထိုင်းထံ ၎င်းတို့ထုတ်ရေငုပ်သင်္ဘောများ ရောင်းချရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးနောက် ၂၀၂၄ ဇူလိုင်တွင် ထိုင်းရေတပ်က တရုတ်ထုတ် CHD620 အင်ဂျင်များတပ်ဆင်အသုံးပြုရန် သဘောတူခဲ့သည်။

သို့သော် တရုတ်ထုတ် ရေငုပ်သင်္ဘောအင်ဂျင်များသည် ခေတ်မီနည်းပညာ အားနည်းချက်များ ရှိနေခြင်းကြောင့် ဂျာမနီထုတ် MTU396 ရေငုပ်သင်္ဘောအင်ဂျင်များ တပ်ဆင်အသုံးပြုရန် ကမ်းလှမ်းထားရာ ဘာလင်အစည်းအဝေး၌ မေးမြန်းရာ ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဂျာမနီနှင့် ထိုင်းတို့ ဆက်ဆံရေးသည် ၁၆၃ နှစ်ကြာ ခိုင်မြဲခဲ့ကာ အီးယူနိုင်ငံများအနက် ဂျာမနီသည် ထိုင်း၏ ကုန်သွယ်စီးပွားအကြီးမားဆုံး နိုင်ငံဖြစ်သည်။ ထို့ကြောင့် ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်များတွင် ဂျာမနီ က ကုလသမဂ္ဂနှင့် သုံးဘက် ပူးပေါင်းစစ်ရေးလေ့ကျင့်စွမ်းရည်မြှင့်တင်မှု လုပ်ရန် သဘောတူခဲ့သော်လည်း တရုတ်သည် NATO ၏ စစ်ဘက်ဆိုင်ရာ ပစ္စည်းများတင်ပို့မှု ပိတ်ပင်ခံထားရသော နိုင်ငံဖြစ်သည့် အတွက် တရုတ်ထုတ် ရေငုပ်သင်္ဘောများအတွက် အင်ဂျင်မရောင်းနိုင်ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး က ပြတ်သားစွာငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်သမ်ဝီချာရာရိုင်က ရှင်းလင်းပြောကြားခဲ့သည်။

ထိုင်းအတွက် ပထမဆုံး ရေငုပ်သင်္ဘောကို တရုတ်ဘက်မှ တည်ဆောက်နေသည်မှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ထိုတစ်စီးအတွက်တန်ကြေးသည်ပင်လျှင် ဘတ် ၇ ဘီလီယံကျော်ရှိနေပြီဖြစ်ကာ ယခု ဂျာမနီထုတ်အင်ဂျင်ဖြင့်မရသဖြင့် ထိုင်းဘက်မှ တရုတ် ရေငုပ်သင်္ဘောဝယ်ယူရန်သဘောတူညီမှုကို ပြန်လည်ပယ်ဖျက်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသလို မှာပြီးသားသင်္ဘောများကို တရုတ်နှင့် မဟာမိတ်လုပ်နေသည့် ကမ္ဘောဒီးယားထံ လွှဲပြောင်းပေးမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး ဖမ်သမ်က ပထမဆုံး တရုတ်ရေငုပ်သင်္ဘောအတွက် ကုန်ကျစားရိတ် တစ်ဝက်ကျော်ပေးခဲ့ရပြီးဖြစ်ကာ ကမ္ဘောဒီးယားသို့ လွှဲပြောင်းမည့်သတင်းများကို မသိကြောင်း၊ ထိုင်းနိုင်ငံဆိုသည်မှာ တရုတ်၊ ဂျာမနီ အနောက်နိုင်ငံများနှင့် ယှဉ်လျှင် အလွန်သေးငယ်သည့် နိုင်ငံဖြစ်သောကြောင့် အခြေအနေများကို သတိကြီးစွာထားရှိပြီး နှစ်ဖက် ဆက်ဆံရေးကိုလည်း အထူးဂရုစိုက်ရမှာဖြစ်ကြောင်းနှင့် အခြေအနေများကို ချင့်တွက်စီစဉ်ရန်သာ ရှိသည်ဟု ပြောဆို သွားခဲ့သည်။

Ref: The Nation Thailand & Bangkokpost
ကိုကလင်း
#MeKongNews
#ရေငုပ်သင်္ဘော
#တရုတ်ထုတ်
#ထိုင်းနိုင်ငံ
#ဂျာမနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now