မဲခေါင်၊ မေ ၁၇
စစ်ဆေးရေးဂိတ်ကိုဖြတ်ကာ မောင်းပြေးသည့်ကားအား သေနတ် ဖြင့် ၈ ချက်ပစ်ခတ်ပြီးနောက် လိုက်လံဖမ်းဆီးရာ ကားကိုသာဖမ်းမိပြီး ကားပေါ်တွင် စိတ်ကြွဆေးပြား ၁၀ သန်း ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က မေ ၁၇ ရက် တွင်း ထုတ်ပြန်ကြေညာခဲ့သည်။
မေ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဘိုခဲရိုခရိုင်ခွဲ နမ်ကိန်းစစ်ဆေးရေးဂိတ်သို့ တွန်ဖန်းမြို့ဘက်မှ မောင်းလာသည့် Fortuner ပစ်ကပ်ထရပ်ကားကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းပြေးသွားခဲ့ပြီး ဘန်နမ်ယွန် သုဿာန်အနီး ကားလိုင်စင်ပြားကို လဲလှည်နေသည်ကို တွေ့ရသဖြင့် သေနတ်ဖြင့် ၈ ချက် ပစ်ခတ်ရာတွင်လည်း အဖမ်းမခံဘဲ မောင်းပြေးသွားခဲ့ကြောင်း၊ ကားပေါ်တွင် လူ ၂ ယောက်၊ ၃ ယောက် ပါဝင်နေခဲ့ပြီး ၂ ကီလိုမီတာအကွာ မောင်းပြေးပြီးနောက် ကားထားပြီး ထိုလူများ ထွက်ပြေးသွားခဲ့သည် ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထိုကားကို စစ်ဆေးရာတွင် အဖြူအပြာ အိတ်များဖြင့် ထုပ်ထားသည့် ဆေးပြား စုစုပေါင်း ၁၀ သန်းကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု ချင်းရိုင်ရဲတပ်ဖွဲ့က ယနေ့တွင်သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref:Maesaipress
#MeKongNews
#ချင်းရိုင်
#စိတ်ကြွဆေးပြား
#စစ်ဆေးရေးဂိတ်
#ပိုင်ရှင်မဲ့








