မဲခေါင်၊ မေ ၁၄
အစိုးရအေဂျင်စီ ၈ ခုမှ ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်ထံ ဒေါ်လာ ၂ . ၂ ဘီလီယံ ထောက်ပံ့ကြေးများ ပြန်လည်သိမ်းဆည်း ဖြတ်တောက်ထားပြီးသည့်ကြားမှ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် မေ ၁၃ ရက်တွင် နောက်ထပ် ထောက်ပံ့ကြေး ဒေါ်လာသန်း ၄၅၀ ကို ထပ်မံဖြတ်တောက်လိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် ဟားဗက်တက္ကသိုလ်သည် လစ်ဘရယ်ဝါဒနှင့် ဂျူးမုန်းတီးရေးဝါဒများ အုတ်မြစ်ချရာ တက္ကသိုလ်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး ပြည်ပကျောင်းသားများ တက်ရောက်ခွင့်ကိုပင် ပိတ်ပင်လိုသည်ဟု ပြောဆိုကာ အစိုးရ အေဂျင်စီ ၈ ခုမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ ၂ . ၂ ဘီလီယံကို ဖြတ်တောက်ခဲ့သည်။
ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ဟားဗက်တက္ကသိုလ်သည် ပါလက်စတိုင်းထောက်ခံလှုပ်ရှားမှုများ၊ ခွဲခြားဆက်ဆံမှုများရှိရာ ပညာရေးအကယ်ဒမီဖြစ်နေကြောင်း၊ အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းကိုလည်း ပြန်လည်ရုပ်သိမ်းသင့်သည်ဟုဆိုကာ ဘုတ်အဖွဲ့တစ်ခုလုံး ပြန်လည် ရွေးချယ်ခြင်း၊ မူဝါဒ ကောင်းများပြန်လည်ချမှတ်ခြင်းများ လုပ်ဆောင်ရမည်ဟု စွပ်စွဲပြီး ထောက်ပံ့ကြေးများ ဖြတ်တောက်နေခြင်းဖြစ်သည်။
ထိုဖြတ်တောက်မှုများကို တက္ကသိုလ်ဘက်မှ လက်မခံဘဲ ပြန်လည်တရားစွဲမှုများ လုပ်ဆောင်ရာ တွင်လည်း ကျရှုံးမှုများစွာ ကြုံနေရပြီး ထိုသို့ လက်မခံနိုင်ဘဲ တုံ့ပြန်နေမှုများကြောင့် နောက်ထပ် ဒေါ်လာသန်း ၄၅၀ ထောက်ပံ့ကြေးများ ထပ်မံ ဖြတ်တောက်လိုက်ကြောင်း ထရမ့် အစိုးရအဖွဲ့က စာထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: economictimes
#MeKongNews
#ဒေါ်နယ်ထရမ့်
#ဟားဗက်တက္ကသိုလ်
#ရန်ပုံငွေ
#ဂျူးမုန်းတီးရေးဝါဒ







