နေ့စဥ်သတင်း

ဘားအံထောင်တွင် နိုင်ကျဥ်း ၂ ဦးကို ရာဇဝတ်အကျဥ်းသားများမှ အုပ်စုဖွဲ့၍ သတ်ရန်ကြံစည်

မဲခေါင် 8 May - 2025
မဲခေါင်၊ မေ ၈ ကရင်ပြည်နယ်ရှိ ဘားအံ တောင်ကလေးအကျဥ်းထောင်တွင် စစ်ကောင်စီ၏ မတရားပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ၂ ဦးကို ရာဇတ်မှုဖြင့် ထောင်ကျနေသူ ၁၂ ဦးမှ အုပ်စုဖွဲ့၍သတ်ရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က မေလ ၇ ရက်တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဥ်းသား ကိုမင်းသူစိုး ၂ ဦးတို့ကို ထောင်မှကျွေးသော ငါးဟင်း နောက်ကျရကြောင်းကို ထောင်ပိုင်လေး၏ လူယုံ လက်ရင်းတပည့် ထက်နိုင်မှ အိပ်ဆောင်အတွင်း

မဲခေါင်၊ မေ ၈

ကရင်ပြည်နယ်ရှိ ဘားအံ တောင်ကလေးအကျဥ်းထောင်တွင် စစ်ကောင်စီ၏ မတရားပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား ၂ ဦးကို ရာဇတ်မှုဖြင့် ထောင်ကျနေသူ ၁၂ ဦးမှ အုပ်စုဖွဲ့၍သတ်ရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က မေလ ၇ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ နိုင်ငံရေးအကျဥ်းသား ကိုမင်းသူစိုး ၂ ဦးတို့ကို ထောင်မှကျွေးသော ငါးဟင်း နောက်ကျရကြောင်းကို ထောင်ပိုင်လေး၏ လူယုံ လက်ရင်းတပည့် ထက်နိုင်မှ အိပ်ဆောင်အတွင်း ဝင်ရောက်ပြောကြားခိုင်းသဖြင့် ဝင်ရောက်ပြောကြားရာမှ အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရိုက်နှက်ခံရသူ နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်မှ ပြောကြားနေစဥ်တွင် ရာဇဝတ်အကျဥ်းသား စပရိန်မှ အသင့်ပြုလုပ်ထားသော ပုံစံအပြာ ပုဆိုးဖြင့်ထည့်ပြီး ပတ်ထားသော ကွန်ကရစ်တုံးဖြင့် ဦးခေါင်းနောက်စေ့ကို စတင် ရိုက်နှက်ခဲ့သလို မင်းမင်း(ခ)ပါပြတ်(ရာဇဝတ် အကျဥ်းသား) မှလည်း ကွန်ကရစ်တုံးဖြင့် ဦးခေါင်းကို ဝင်ရောက်ထုနှက်ခဲ့သည်ဟု သိရသည်။ အခြားရာဇဝတ်အကျဥ်းသားဖြစ်သည့် မင်းထက်(ခ)ဘိုဘို၊ ပေါင်ချိန် ၊နွားကြီးတို့မှလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

အခြားနိုင်ကျဥ်းတစ်ဦးဖြစ်သူ ကိုမင်းသူစိုးကိုလည်း ရာဇဝတ်အကျဥ်းသားများ ဖြစ်သော ဝင်းသန်းထွန်း၊ ကျော်သက်လွင်၊ ပေါင်ချိန်၊ မင်းထက်(ခ)ဘိုဘို၊ မိုးကောင်းကင်၊ ပါပြတ်၊ နွားကြီး၊ စပရိန် နှင့် တန်းစီးဖြစ်သူ သွားကြိုး၊ ဂျိုကာ၊ ကောင်းရွှေထက် မန္တလေးမြို့ရှိ Mobile Mother ဖုန်းဆိုင်ပိုင်ရှင်၏ သားဖြစ်သူ(အမည်မသိရသေး) တို့က ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့သည်ဟုသိရသည်။

ထိုသို့ အုပ်စုဖွဲ့၍ ကြိုတင်ကြံစည်ပြီး လူသတ်ရန် ကြိုးစားခဲ့သူများကြောင့် နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်မှာ ဦးခေါင်းကွဲအက်ဒဏ်ရာ၊ ခန္ဓာကိုယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး ဦးခေါင်းကွဲအက် ဒဏ်ရာအား ၃ ချက် ချုပ်ခဲ့ရကြောင်း သိရသည်။

အခြားနိုင်ကျဥ်းတစ်ဦးဖြစ်သူ ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်ဒဏ်ရာ (၇)ချက် ချုပ်ရပြီး၊ ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယင်းသို့ ထောင်တွင်း အကြမ်းဖက်လူသတ်ရန် ကြံစည်သူများ၊ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသူများမှာ ယခင်ထောင်ပိုင်လေး စိုးမိုးအောင် ဦးဆောင်မှုဖြင့် MJ မှ စစ်စည်းကမ်း၊ ရဲစည်းကမ်းဖြင့် ထောင်ကျနေသူများမှ ဦးဆောင်ကာ နိုင်ကျဥ်းများအား သီးသန့်နှိပ်ကွပ်ရန် ဖွဲ့စည်းခဲ့သော ဘားကုတ်ဂိုဏ်းမှ ဦးဆောင်သူများ ဖြစ်သည်ဟုသိရပြီး ဘားကုတ်ဂိုဏ်းမှာ ဂုတ်တွင် ပုံစံတူ ဘားကုတ်ပုံစံ တက်တူးထိုးထားကြသူများ ဖြစ်ကြောင်း သိရသည်။

ယင်းဂိုဏ်းသည် အကျဥ်းထောင်ထဲမှာမှ ဖွဲ့စည်းသော ဂိုဏ်းတစ်ခု ဖြစ်ကာ အင်အား ၁၀၀ ဝန်းကျင်ခန့် ရှိပြီး နိုင်ငံရေးအကျဥ်းသား ၂ ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်နေရာမှာ အိပ်ဆောင်မှူး ရုံးခန်းရှေ့တွင် ဖြစ်သော်လည်း ထိုကဲ့သို့ဖြစ်ပွားနေစဥ် အိပ်ဆောင်မှူး အောင်ရဲနိုင်၊ တပ်ကြပ်ဝင်းမောင်၊ တပ်ကြပ် သိန်းသန်းဦး(ခ)ပြောင်ကြီးတို့မှ ဝင်ရောက်ဟန့်တားခြင်း လုံးဝမပြုလုပ်ခဲ့ဘဲ ကြည့်နေခဲ့သည်ဟု သိရသည်။ ထို့ပြင် ဖြစ်စဥ်ဖြစ်ပွားသည့်နေရာမှ Main Jail နှင့် သွပ်ဆူးကြိုးသာ ခြားသည့်နေရာဖြစ်သော်လည်း မည်သို့သော ဟန့်တားမှုမှ ပြုလုပ်ခဲ့ခြင်း မရှိဟု သိရသည်။

Main Jail တွင် ထားရှိသော အပြာဝတ် ရာဇဝတ်အကျဥ်းသားများမှာလည်း စစ်စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် စစ်တပ်ဥပဒေဖြင့် အရေးယူခံထားရသူများဖြစ်ပြီး ထိုသူများမှာ ထောင်ဝင်စာဟင်းများ၊ ကြက်သွန် ခရမ်းချဥ်သီး စသည့် အသီးအနှံများ၊ မုန့်များအား ပုံမှန်ခိုးယူစားသောက်ခြင်း ကိစ္စအား နိုင်ကျဥ်းများမှ မကြာခဏ တင်ပြသဖြင့် နိုင်ကျဥ်းများအား အညှိုးထားကာ ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သူများမှာ ၁၂ ဦး ဖြစ်သော်လည်း မင်းထက်(ခ)ဘိုဘို၊ ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း(ခ)ပါပြတ်၊ စပရိန်တို့ ၅ ဦး သာ ပါဝင်သည်ဟု အကျဥ်းဦးစီးဘက်မှ ပြောဆိုပြီး အဆိုပါ ၅ ဦး ကိုသာ အကျဥ်းထောင်တိုက်ထဲတွင် ထားရှိပြီး ယင်းအမှုတွင် ကျန်ရှိသူများကို အရေးယူမှု တစ်စုံတရာမရှိဟု သိရသည်။

ယခု ဖြစ်စဥ်အား ကရင်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဦးဆောင်ပြီး (Depertment Enquiry)DE စစ်ဆေးလျက် ရှိသည်ဟု သိရပြီး နစ်နာသူများမှလည်း တရားရုံး ပြင်ပတွင် တရားစွဲဆိုသွားမည်ဟု သိရသည်။

“ဒီလို ပူးပေါင်းလုပ်ကြံတဲ့ဖြစ်စဥ်ကို အခုထိ အကျဥ်းစီးက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ အခု ဖြစ်စဥ်မှာ ကျူးလွန်တဲ့ ၁၂ ယောက်လုံးကို အရေးယူဖို့ တောင်းဆိုတယ်၊ ဒီအရေးကို နိုင်ကျဥ်းအားလုံးမျှော်လင့်နေပါတယ်” ဟု PPNM Info တာဝန်ရှိသူ တစ်ဦးက မဲခေါင်ကို ပြောသည်။

DE ဖြစ်စဥ် ရရှိချက်များနှင့် တရားရုံး ဖြစ်စဥ်များကိုလည်း တောင်ကလေး အကျဥ်းထောင်မှ နိုင်ကျဥ်းများနှင့် အခြားအကျဥ်းသားများမှ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အများပြည်သူသိစေရန် ထုတ်ပြန်ထားသည်။

မဟာ
#MeKongNews
#တောင်ကလေးထောင်
#ဘားအံ
#နိုင်ကျဉ်း
#ထောင်ပိုင်စိုးမိုးအောင်
#အိပ်ဆောင်မှူးအောင်ရဲနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now