မဲခေါင်၊ မေ ၆
အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟု၏ လုံခြုံရေးအစိုးရအဖွဲ့သည် သောင်းချီသော အစ္စရေး အရန် တပ်သားများကို ဂါဇာစစ်ပွဲတွင် ပါဝင်ရန် ဆင့်ခေါ်ခဲ့ပြီးနောက်နေ့ မေ ၄ ရက်မှာပင် ဂါဇာကမ်းမြောင် ဒေသအတွင်း ဆက်လက်ထိုးစစ်ဆင်ပြီး ဟားမက်စ်၏ မြေပေါ်မြေအောက် စခန်းမှန်သမျှ ဖျက်ဆီး သွားနိုင်ရေး အမိန့်သစ်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေး စစ်ရေးချုပ် အီရယ်ဇာမီယာက ဝန်ကြီးချုပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း ဟားမက်စ် တို့ ပြန်ပေးဆွဲထားသော ကျန်ရှိဓားစာခံများအား ပြန်ရနိုင်ရန် စစ်ရေးဖိအားပေးခြင်းဖြင့် ဆက်လက် ထိုးစစ်ဆင် နယ်မြေချဲ့တွင်သွားရန် အခိုင်အမာကျိန်ဆိုပြီး အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
ဇာမီယာက အရန်တပ်သား သောင်းနှင့်ချီကို ဂါဇာစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ရန် ဆင့်ခေါ်ခဲ့ပြီး ဟားမက်စ်တို့၏ မြေပေါ်မြေအောက်စခန်းအားလုံးကို ဖျက်ဆီးကာ စစ်ရှုံးသွားသည်အထိ အပြတ် တိုက်ခိုက်စေရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ထိုအမိန့်မထုတ်မီ နာရီပိုင်းက ယီမင်ရှိ အီရန်ထောက်ပံ့ ဟူသီတပ်ဖွဲ့သည် အစ္စရေး၏ ဘန်ဂါရီယွန် လေဆိပ်အနီး ဒုံးကျည်များဖြင့် ပစ်ခတ်သဖြင့် နက်တန်ယာဟု ပေါက်ကွဲကာ ဂါဇာထိုးစစ် ထပ်မြှင့်ပြီး နယ်မြေချဲ့တွင် သိမ်းပိုက်သွားရန် အရန်တပ်များကိုပါ ရှေ့တန်းသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: independent
#MeKongNews
#ဂါဇာ
#အစ္စရေး
#ဟားမက်စ်
#နက်တန်ယာဟု








