မဲခေါင်၊ မေ ၆
ထိုင်းစာသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD) အရာရှိများဦးဆောင်ကာ ဘန်ကောက်ရှိ ကုန်လှောင်ရုံ ၄ ရုံကို စီးနင်းရှာဖွေရာ ကမ္ဘာကျော်ရေမွှေးအတုပုလင်းများစွာသိမ်းဆည်းနိုင်ခဲ့သလို အတုလုပ်ရောင်ချ ဖြန့်ဖြူးသူ တရုတ်နိုင်ငံသားကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေ ၁ ရက်နေ့ကတည်းက ယင်းတရုတ်ပိုင် ဘန်ကောက်ရှိ ကုန်လှောင်ရုံ ၄ ခုကို ဝင်ရောက် စီးနင်း ရှာဖွေခဲ့ရာ Louis Vuitton၊ Burberry Hero၊ Coco Chanel Paris နှင့် YSL အစရှိသည့် ကမ္ဘာကျော် တန်ကြေးကြီးရေမွှေးပုလင်းအတု၂၈၂၄၆ လုံး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ယင်းရေမွှေမှောင်ခိုဖြန့်ဖြူးသူတရုတ်ကို ခြေရာခံမိခြင်းမှာ ၎င်းဆီမှ ရေမွှေးတုများ ဝယ်ယူဖြန့်ဖြူး ရောင်းချနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းမိရာမှ အဓိကဖြန့်ဖြူးသူအဖြစ် သိရှိရပြီး စျေးပေါသော ရေမွှေးများကို တင်သွင်းပြီး နာမည်ကြီး အမှတ်တံဆိပ် ရေမွှေးပုလင်း၊ ဗူးခွံအစစ်များအတွင်း ထည့်သွင်းပြီး မှောင်ခိုရောင်းချခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
သိမ်းမိသော ရေမွှေးအတုများမှာ လမ်းပေါ်စျေးအရ တန်ကြေး ဘတ် ၄ . ၃၆ သန်း ရှိကြောင်း သိရသည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ဘန်ကောက်
#တရုတ်နိုင်ငံသား
#ရေမွှေးအတု
#ထိုင်းနိုင်ငံ








