နေ့စဥ်သတင်း

ဘတ်သန်း ၅၀ တန် ငွေနှင့်ပိုင်ဆိုင်မှုများနှင့်အတူ Tee Yai 888 လောင်းကစား ဝက်ဘ်ဆိုက်ထူထောင်သူများကို ဖမ်းဆီး

မဲခေါင် 5 May - 2025
မဲခေါင်၊ မေ ၅ ထိုင်းထောက်လှမ်းရေး၊ ရာဇဝတ်နှိမ်နင်းရေး၊ ဆိုက်ဘာမှုခင်းနှိမ်နင်းရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်းပြီး နိုင်ငံအတွင်း တရားမဝင် လောာင်းကစားဝက်ဘ်ဆိုက် Tee Yai 888 ထူထောင်ထားသူ ခေါင်းဆောင်များကို မေ ၄ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။ ရတ်ချာဌာနီနှင့် ဆီဆခတ်ခရိုင်မှ ပြည်သူများစွာက လူငယ်၊ လူရွယ်များ ယင်းလောင်းကစား ဝက်ဘ်ဆိုက်တွင် လောဘဖြင့် ကစားကြရင်း ကြွေးတင်၊ အကျင့်စာရိတ္တပျက်စီး၊ နောက်ဆုံးအဆုံးစီရင်ခြင်းများနှင့် ဓားပြမှုများကျူးလွန်သည်အထိ ပျက်စီးနေရာ အရေးယူပေးပါ ရန်တိုင်ကြားမှုများရှိခဲ့သဖြင့် စုံစမ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရတ်ချာဌာနီ၊ ဆီဆခတ်၊ ဘူရီရမ်၊ နာခွန်းနာရော့နှင့် ချွန်ဘူရီခရိုင်တို့တွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ၌ ၂၀၂၂ ခုနှစ်က တစ်ကြိမ် ဖမ်းဆီးပိတ်သိမ်းမှုများ

မဲခေါင်၊ မေ ၅

ထိုင်းထောက်လှမ်းရေး၊ ရာဇဝတ်နှိမ်နင်းရေး၊ ဆိုက်ဘာမှုခင်းနှိမ်နင်းရေး အဖွဲ့အစည်းများအားလုံး ပူးပေါင်းပြီး နိုင်ငံအတွင်း တရားမဝင် လောာင်းကစားဝက်ဘ်ဆိုက် Tee Yai 888 ထူထောင်ထားသူ ခေါင်းဆောင်များကို မေ ၄ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။

ရတ်ချာဌာနီနှင့် ဆီဆခတ်ခရိုင်မှ ပြည်သူများစွာက လူငယ်၊ လူရွယ်များ ယင်းလောင်းကစား ဝက်ဘ်ဆိုက်တွင် လောဘဖြင့် ကစားကြရင်း ကြွေးတင်၊ အကျင့်စာရိတ္တပျက်စီး၊ နောက်ဆုံးအဆုံးစီရင်ခြင်းများနှင့် ဓားပြမှုများကျူးလွန်သည်အထိ ပျက်စီးနေရာ အရေးယူပေးပါ ရန်တိုင်ကြားမှုများရှိခဲ့သဖြင့် စုံစမ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရတ်ချာဌာနီ၊ ဆီဆခတ်၊ ဘူရီရမ်၊ နာခွန်းနာရော့နှင့် ချွန်ဘူရီခရိုင်တို့တွင် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ၌ ၂၀၂၂ ခုနှစ်က တစ်ကြိမ် ဖမ်းဆီးပိတ်သိမ်းမှုများ လုပ်ခဲ့သော်လည်း ယင်းလောင်းကစားဂိုဏ်းပင် နာမည်ပြောင်းပြီး Tee Yai 888 အမည်ဖြင့် ဆက်လက်ပြီး ဘောလုံး၊ လောင်းကစား၊ ဖဲ၊ ဆလော့ဂိမ်း စသဖြင့် အမျိုးစုံသော လောင်းကစားနည်းများကို ထူထောင်ပြီး ငွေကြေးခဝါချကာ တရားဝင်စီးပွားရေးနယ်ပယ်များအတွင်း ငွေမည်းများကို သွပ်သွင်းမှုများလည်း လုပ်နေကြောင်း သိရှိရသဖြင့် သံသယတရားခံ ၁၃ ဦးကို ဧပြီ ၂၅ ရက်နေ့ကတည်းက ဖမ်း၀ရမ်းထုတ်ပြီး မေ ၄ ရက်တွင် ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်း ထုတ်ပြန်ခဲ့သည်။

ယင်းထိုင်းနိုင်ငံသား လောင်းကစားဂိုဏ်သား ၁၃ ယောက်နှင့် ပတ်သက်သော ကား ၂၃ စီး၊ မြေယာပိုင်ဆိုင်မှု ပတ်သက် စာချုပ်စာတမ်း ၄၉ ခု၊ နာမည်ကြီး ကုန်ပစ္စည်း ၄၆ ခု၊ ရွှေထည် ၅ ခု၊ သေနတ် တစ်လက်၊ လျှပ်စစ်ဆက်စပ်ပစ္စည်း ၂၂ ခု၊ ဘဏ်စာအုပ် ၃၀၊ ATM/debit/credit ကတ် ၂၉ ခု၊ အခြား ဆက်စပ် သက်သေပစ္စည်း ၁၆၀၊ စုစုပေါင်း ကာလတန်ကြေး ဘတ် သန်း ၅၀ ဖိုး သိမ်းဆည်းရမိ ပြီး ဝက်ဘ်ဆိုက်တွင် လောင်းကစားလည်ပတ်ငွေသည် ဘတ်သန်း ၆၀၀ အထိရှိကြောင်း ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: amarintv
#MeKongNews
#TeeYai888
#လောင်းကစားဂိုဏ်း
#ထိုင်းထောက်လှမ်းရေး
#ဆိုင်ဘာမှုခင်းနှိမ်နင်းရေး
#အွန်လိုင်းလောင်းကစား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now