မဲခေါင်၊ မေ ၄
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိရွာထဲသို့ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခဲ့ပါသဖြင့် အသက် ၆၀ ကျော် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းမှ ထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီး ၅ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကြောင့် ယင်းကျေးရွာမှ အသက် ၆၀ကျော် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာပါ”ဟု ဖယ်ခုံ PKPDF 1002 ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ပစ်ကွင်းကပ်ပြားများ ရေးဆွဲကာ ပစ်မှတ်တိကျစေရန်နှင့် ပစ်ချက်ထိရောက်စေရန် လေ့ကျင့်ထားသည့် တပ်များဖြစ်သည့်အတွက် ရမ်းသမ်းပစ်ခတ်ခြင်း၊ အကြောင်းမဲ့ ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းမဟုတ်ဘဲ ပြည်သူများ နေထိုင်နေသည့် မြို့ရွာများကို သိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းသည် စစ်ရာဇ ဝတ်မှုများ ကျူးလွန်နေခြင်းသာဖြစ်သည်ဟု ဖယ်ခုံ PDF က ဆိုသည်။
ပစ်ခတ်မှုအပြီးတွင် ကျေးရွာမှ ထိခိုက်ဒဏ်ရာရပြည်သူကို ဖယ်ခုံကျန်းမာရေး၊ကယ် ဆယ်ရေး PKHC အဖွဲ့မှကယ်ဆယ်ကုသပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ၂၁ရက်ကလည်း ယင်းကျေးရွာကို ဖယ်ခုံမြို့ပေါ် အခြေပြု စကခ (၇)တပ်စခန်းမှ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အသက် ၈ နှစ်အောက် ကလေးလေး ၃ ဦး အပါအဝင် စစ်ရှောင် ၇ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သေးသည်။
ပြည်သူများအနေဖြင့် သတိဝိရိယဖြင့် နေထိုင်သွားလာကြရန် သတိပေး တိုက်တွန်းအပ်ပါသည်ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ် (၁)ဗျူဟာ က သတိပေးထားသည်။
မဟာ
#MeKongNews
#ဖယ်ခုံ
#ခေါင်းအိကျေးရွာ
#လက်နက်ကြီး
#PKPDF1002








