နေ့စဥ်သတင်း

ဆည်ဆောက်ပြီး ရေထပ်ပိတ်လျှင် ဖောက်ခွဲဖျက်ဆီးမည်ဟု အိန္ဒိယကို ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး သတိပေး

မဲခေါင် 4 May - 2025
မဲခေါင်၊ မေ ၄ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ ပဟယ်လ်ဂမ်အရပ်၌ ဟိန္ဒူဘာသာဝင်လား ဟုမေးမြန်းပြီး အိန္ဒိယ ခရီးသွား အမျိုးသား ၂၆ ယောက်ကို သေနတ်ဖြင့်တေ့ပစ်သတ်ခဲ့သော အစ္စလာမ္မစ် စစ်သွေးကြွအကြမ်းဖက်သမားများလုပ်ရပ်ကြောင့် အိန္ဒိယဘက်မှ ပါကစ္စတန်ကို ပြင်းထန် စွာပိတ်ဆို့အရေးယူမှုများပြုလုပ်နေရာ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအဆစ်ဖ်က အိန္ဒုမြစ်ဝှမ်းဒေသ ရေခွဲဝေသုံးစွဲရေးသဘောတူညီချက်စာချုပ်ကို အိန္ဒိယဘက်မှ ဆိုင်းငံ့ပယ်ဖျက် လိုက်သဖြင့် နိုင်ငံ အသက်သွေးကြော ရေကိုဖြတ်တောက်သည့် မည်သည့် စီမံကိန်းကိုမဆို ဖောက်ခွဲဖျက်ဆီးသွားမည်ဟု သတိပေးခြိမ်းခြောက်ပြောဆိုလာပြန်သည်။ အိန္ဒိယရေဖြတ်တောက်မှုသည် အိန္ဒုမြစ်ဝှမ်းရေအရင်းအမြစ် ခွဲဝေသုံးစွဲမှုစာချုပ်အရ ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးဧရိယာ ၈၀ ရာခိုင်နှုန်း မှီခိုနေရသော ရေအရင်းအမြစ်ဖြစ်သောကြောင့် ပါကစ္စတန်အတွက် များစွာ အထိနာစေခဲ့သည်။ ပါကစ္စတန်က အိန္ဒိယ၏ လေကြောင်းလိုင်းများ

မဲခေါင်၊ မေ ၄

နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသ ပဟယ်လ်ဂမ်အရပ်၌ ဟိန္ဒူဘာသာဝင်လား ဟုမေးမြန်းပြီး အိန္ဒိယ ခရီးသွား အမျိုးသား ၂၆ ယောက်ကို သေနတ်ဖြင့်တေ့ပစ်သတ်ခဲ့သော အစ္စလာမ္မစ် စစ်သွေးကြွအကြမ်းဖက်သမားများလုပ်ရပ်ကြောင့် အိန္ဒိယဘက်မှ ပါကစ္စတန်ကို ပြင်းထန် စွာပိတ်ဆို့အရေးယူမှုများပြုလုပ်နေရာ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအဆစ်ဖ်က အိန္ဒုမြစ်ဝှမ်းဒေသ ရေခွဲဝေသုံးစွဲရေးသဘောတူညီချက်စာချုပ်ကို အိန္ဒိယဘက်မှ ဆိုင်းငံ့ပယ်ဖျက် လိုက်သဖြင့် နိုင်ငံ အသက်သွေးကြော ရေကိုဖြတ်တောက်သည့် မည်သည့် စီမံကိန်းကိုမဆို ဖောက်ခွဲဖျက်ဆီးသွားမည်ဟု သတိပေးခြိမ်းခြောက်ပြောဆိုလာပြန်သည်။

အိန္ဒိယရေဖြတ်တောက်မှုသည် အိန္ဒုမြစ်ဝှမ်းရေအရင်းအမြစ် ခွဲဝေသုံးစွဲမှုစာချုပ်အရ ပါကစ္စတန်နိုင်ငံ၏ စိုက်ပျိုးဧရိယာ ၈၀ ရာခိုင်နှုန်း မှီခိုနေရသော ရေအရင်းအမြစ်ဖြစ်သောကြောင့် ပါကစ္စတန်အတွက် များစွာ အထိနာစေခဲ့သည်။

ပါကစ္စတန်က အိန္ဒိယ၏ လေကြောင်းလိုင်းများ အဓိကအားထားရာ နိုင်ငံလေပိုင်နက်ကို ပြန်ပိတ်ပင်ခဲ့သလို အိန္ဒိယကလည်း ပါကစ္စတန်သားအားလုံး၏ ဗီဇာကို ရုပ်သိမ်းခြင်း၊ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပြီး ပြည်နှင်ခြင်း၊ အိန္ဒိယရေပိုင်နက်တွင် ပါကစ္စတန်သင်္ဘောများသွားလာမှု ပိတ်ပင်ခြင်း၊ သွင်းကုန်အားလုံးပိတ်ပင်ခြင်းများ အားချင်းလုပ်ဆောင်ခဲ့သည်။

ထိုအခြေအနေတွင် နျူကလီးယားပိုင် ၂ နိုင်ငံ စစ်မက်ဖြစ်ပွားမည်ကို ကမ္ဘာက စိုးရိမ်နေရပြီး ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က ကနဦး မိမိတို့ပိုင် နျူကလီးယားဒုံးကျည် ထိပ်ဖူး ၁၃၀ လုံး အိန္ဒိယ အတွက် သီးသန့်ဖြစ်စေမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။

ယခုလည်း အိန္ဒုမြစ်ဝှမ်း ရေဖြတ် တောက်ခံရမှုတွင် အိန္ဒိယဘက်မှ ထပ်မံရေဖြတ်တောက်ရေး ဆည်များတည်ဆောက်ခြင်းမျိုး ပြုလုပ်လာပါက ထိုအဆောက်အအုံများအားလုံးကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရမည်ဖြစ်ကြောင်း မေ ၂ ရက် နေ့တွင် ထပ်မံခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: indiatoday
#MeKongNews
#ပါကစ္စတန်
#အိန္ဒိယ
#ရေအရင်းမြစ်
#ကက်ရှ်မီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now