ဆောင်းပါး

ဂွမ်ရှီဒေသ နှစ် ၆၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှားမှုက CCP ၏ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပျက်ကွက်ခြင်း သက်သေ

မဲခေါင် 30 Apr - 2025
~ လင်းမောင် ~ ဂွမ်ရှီပြည်နယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှား ကပ်ဘေးက တရုတ်နိုင်ငံ အစွမ်းကုန်စစ်ခင်းနေရသည့် ရာသီဥတုဆိုးရွားလွန်းခြင်းနှင့်သဘာ၀ပတ်ဝန်းကျင်မတည်ငြိမ်ခြင်း အတွက် ထပ်တိုးလာသော စိန်ခေါ်မှုဖြစ်လာသည်။ မိုးမရွာခြင်းဆိုသည့် ရိုးရှင်းသော အကျပ်အတည်း ဆိုသည့်ဘောင်ကို ကျော်လွန်ပြီး ဘက်စုံဘေးဒုက္ခများစွာက သန်းပေါင်းများစွာသော မှီတင်းနေထိုင်သူ များကို သက်ရောက်ရိုက်ခတ်တော့သည်။ ရေလှောင်ကန်များ ခမ်းခြောက်ခြင်း၊ စိုက်ပျိုးမြေများ ဖုန်းဆိုးမြေဖြစ်ခြင်း၊ သောက်သုံးရေများ ရှားပါးပြတ်လပ်ခြင်းများကြောင့် လူ့အသိုင်းအ်အတွင်း ကာလရှည်ကြာ အခက်အခဲများကြားရှင်သန်နေထိုင်ရ ခက်ခဲကြမ်းတမ်းလွန်းလာသည်။ တောင်သူ လယ်သမားများကောက်ပဲသီးနှံများပျက်ဆီးခြင်းနှင့်အတူ အရှုံးတောင်လိုပုံတော့သည်။ ရေကို အခြေခံ ထုတ်လုပ်သည့် စက်မှုထုတ်ကုန်လုပ်ငန်းများလည်း စီမံကိန်းနှောင့်နှေးကာ နယ်ပယ်စုံတွင် စီးပွားရေး ပြိုလဲမှုများဖြစ်တည်လာတော့သည်။ စားသောက်ကုန်များစျေးမြင့်တက်ခြင်းနှင့်အတူ အစိုးရရင်းမြစ် များလည်း လျောကျပြတ်လပ်လာသည်။

~ လင်းမောင် ~

ဂွမ်ရှီပြည်နယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးမိုးခေါင်ရေရှား ကပ်ဘေးက တရုတ်နိုင်ငံ အစွမ်းကုန်စစ်ခင်းနေရသည့် ရာသီဥတုဆိုးရွားလွန်းခြင်းနှင့်သဘာ၀ပတ်ဝန်းကျင်မတည်ငြိမ်ခြင်း အတွက် ထပ်တိုးလာသော စိန်ခေါ်မှုဖြစ်လာသည်။ မိုးမရွာခြင်းဆိုသည့် ရိုးရှင်းသော အကျပ်အတည်း ဆိုသည့်ဘောင်ကို ကျော်လွန်ပြီး ဘက်စုံဘေးဒုက္ခများစွာက သန်းပေါင်းများစွာသော မှီတင်းနေထိုင်သူ များကို သက်ရောက်ရိုက်ခတ်တော့သည်။ ရေလှောင်ကန်များ ခမ်းခြောက်ခြင်း၊ စိုက်ပျိုးမြေများ ဖုန်းဆိုးမြေဖြစ်ခြင်း၊ သောက်သုံးရေများ ရှားပါးပြတ်လပ်ခြင်းများကြောင့် လူ့အသိုင်းအ်အတွင်း ကာလရှည်ကြာ အခက်အခဲများကြားရှင်သန်နေထိုင်ရ ခက်ခဲကြမ်းတမ်းလွန်းလာသည်။ တောင်သူ လယ်သမားများကောက်ပဲသီးနှံများပျက်ဆီးခြင်းနှင့်အတူ အရှုံးတောင်လိုပုံတော့သည်။ ရေကို အခြေခံ ထုတ်လုပ်သည့် စက်မှုထုတ်ကုန်လုပ်ငန်းများလည်း စီမံကိန်းနှောင့်နှေးကာ နယ်ပယ်စုံတွင် စီးပွားရေး ပြိုလဲမှုများဖြစ်တည်လာတော့သည်။ စားသောက်ကုန်များစျေးမြင့်တက်ခြင်းနှင့်အတူ အစိုးရရင်းမြစ် များလည်း လျောကျပြတ်လပ်လာသည်။ မရေရာသော ရေအရင်းအမြစ်ထောက်ပံ့မှု၊ ရှင်သန်နေထိုင် ရေးအခြေအနေများကြောင့် လူမှုရေးရာ တင်းမာမှုများလည်း မြင့်တက်လာသည်။ ဂွမ်ရှီ ကပ်ဘေး ကြောင့် တရုတ်နိုင်ငံသည် သဘာ၀ပတ်ဝန်းကျင် ကောင်းမွေများကို မထိန်းသိမ်းနိုင်ခြင်း ရင်းမြစ်များ ပြတ်တောက်လာခြင်းဖြင့် တစ်စထက်တစ်စ ဆိုးရွားလာသည်ကို သိရှိစေအပ်ပါသည်။

မြို့ပေါင်း ၁၁ မြို့၊ စီရင်စုပေါင်း ၅၂ ခု၊ လူပေါင်း ၄၀၅၀၀၀ မိုးခေါင်ရေရှား ရပ်ဝန်းထဲ ကပ်ဆိုက်ခြင်းမှာ သဘာ၀ပတ်ဝန်းကျင်ကပ်ဘေးဆိုသည်ထက် များစွာ ပိုလွန်နေသည်။ နေ့စဉ် ရှင်သန်နေထိုင်နိုင်ရေး ဒုက္ခတန်ပိုးများကို မနိုင်ဝန်ထမ်းရင်း ဒုက္ခကြီးစွာ ခံစားကြရသည်။ နေထိုင်သူပေါင်း ၈၃၀၀၀ သည် သောက်သုံးရေ ပြတ်လပ်မှုဘေးဆိုက်နေရသည်။ ဒေသခံများက ဆိုးရွားလွန်းသော ရာသီဥတုတွင် နေထိုင်ရှင်သန်နိုင်ရေး လိုက်လျောညီတွေရှိကြစေရန် ဖိအားပေးခြင်းထပ်ခံရသည်။ ဒေသံသရ အစိုးရ အဖွဲ့ဝင်များက ရိက္ခာမျှဝေခြင်း၊ အရေးပေါ် အကူအညီများပေးခြင်း နှင့် ရှေးရိုးစွဲအယူအဆများကို သွပ် သွင်းဖြေသိမ့်ခြင်းများလုပ်နေသည့်ကြား အခြေအနေများက ဆိုးမြဲဆိုဆဲ ဖြစ်နေတော့သည်။ကျေးလက် မိသားစု ဝင်များအားလုံး ရေရရှိနိုင်မည့်နေရာများသို ဝေးလံစွာ ခြေလျှင်ခရီးသွားကြရပြီး ပူပြင်းလွန်းသော ရာသီဥတုတွင် မိုင်ချီကာ ရေသယ်ဆောင်မှုများ လုပ်ဆောင်နေကြရသည်။ မြို့ပြနေ သူများကမူ ပိုမိုနက်ရှိုင်းသော မြေအောက်ရေ ထုတ်ယူသုံးစွဲရန် ရေတိုနည်းလမ်းဖြင့် ဖြေရှင်းနေကြ ခြင်းမှာ ရေအရင်းအမြစ် ကာလရှည်တည်ငြိမ်စွာ အသုံးပြုနိုင်ရေးကို များစွာ ထိခိုက်စေတော့သည်။

ဂွမ်ရှီပြည်နယ် စီးပွားရေး၏ အဓိက ကျေးဇူးရှင်များဖြစ်သော တောင်သူလယ်သမားများ ဆိုးရွားသည့် အရှုံးဒဏ်များကို ခံစားနေကြရသည်။ စိုက်ပျိုးမြေ ၅၁၃၀၀ ဟက်တာရှိ စိုက်ခင်းများ ပျက်စီးကုန်သည်။ ငွေကြေးအခက်အခဲများစွာရင်ဆိုင်ရသည်နှင့်အမျှ အစားအသောက် လုံလောက်မှုမရှိတော့သည့် ခြိမ်း ခြောက်မှုများကိုပါ ခံစားလာရသည်။ ယခင်က ဂျုံ၊ ကြံ၊ လက်ဖက်ခင်းများဖြင့် မြေဩဇာကောင်းလှသည့် စိမ်းလန်းမြေများသည် ဖုန်းဆိုးမြေများအဖြစ် မြုံကုန်တော့သည်။ အဆက်မပြတ်မိုးခေါင်ခြင်းက တပြည်လုံးကို လောင်မြိုက်စေသည်။ ဆည်မြောင်းစရိတ်များ တဟုန်ထိုးတက်လာပြီး စပါး၊ ဂျုံစျေးထက် ရေတန်ဖိုးက ပိုဈေးကြီးလာသဖြင့် လယ်သမားများစွာသည် အသက်မွေးဝမ်းကျောင်းမှုကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြရသည်။ အဆိုပါ လယ်ယာစိုက်ပျိုးရေး ပျက်ကွက်မှုများ၏ သက်ရောက်မှုသည် လယ်ကွင်းများအပြင်ဘက်အထိ ရောက်ရှိလာကာ ကုန်သွယ်မှု ကွန်ရက်များကျပ်တည်းလာခြင်း၊ အစားအစာ ဈေးနှုန်းများ တိုးမြင့်လာခြင်းနှင့် စီးပွားရေး မတည်ငြိမ်မှုများ ပိုမိုနက်ရှိုင်းလာစေသည်။ ဤအကျပ်အတည်းသည် ရေအခက်အခဲတစ်ခုတည်းမဟုတ်တော့ဘဲ ရှင်သန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် အားချင်းဖြေရှင်းချက်မျာလုပ်ရန် လိုအပ်လာတော့သည်။

မိုးခေါင်ရေရှား စီးပွားရေးပျက်ယွင်းမှုသည် ဂွမ်ရှီပြည်နယ် ပြင်ပအထိ သက်ရောက်လာသည်။ စိုက်ပျိုးရေးကဏ္ဍ ကျဆင်းနေသည့် တရုတ်နိုင်ငံအတွက် ဆိုးရွားသော စိန်ခေါ်မှုသစ်များ ထပ်မံ ဖြစ်တည်လာပြန်သည်။ ကုန်သွယ်မှု တင်းကြပ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စပါးစျေးမြင့်တက်လာခြင်း ကြောင့် တောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ အထိနာစေသည်။ အကျပ်အတည်းကာလ တွင် ထုတ်လုပ်မှုပြတ်တောက်ခြင်းက ကပ်ဘေးနယ်ပယ်ကို ပိုချဲ့တွင်လာစေသည်။ ယခုမှ ကပ်ဘေး အစသာရှိသေးချိန်တွင် တိုက်ရိုက်အရှုံးပြမှုသည် ယွမ် ၂၈ . ၇ သန်း အထိရှိကာ ရေရှည်အားဖြင့်ဆိုလျှင် စားသောက်ကုန်စျေးမြင့်တက်ခြင်း၊ ပို့ကုန်လျော့ကျခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်များတွင် ပါ ထောက်ပံ့ရေးကွင်းဆက်များ အနှောင့်အယှက်ဖြစ်စေပြီး အဆပေါင်းများစွာ ထပ်မံ အရှုံးပေါ်စေဦး မည်ဖြစ်သည်။
ရေကိုအားကိုးအားထားပြုရသည့် စက်မှုလုပ်ငန်းများစွာသည်လည်း ကြီးမားသော ထိခိုက်မှုကို ဖြစ်တည်စေရန် သေချာသည်။ ရေအားလျှပ်စစ်ကဏ္ဍကဲ့သို့သော လုပ်ငန်းကြီးများ ထိခိုက်မှု ပိုကြီးမား မည်ဖြစ်သည်။ မြို့ပြရေရှားပါးမှု၊ အလုပ်ဖြုတ်ခံရမှုများနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် လုပ်ငန်းများစွာကို လျှော့ချရန်အတွက်လည်း တွန်းအားပေးခံနေရသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး ဝင်ငွေနည်းသော အသိုက်အဝန်းများအတွက် အခြေခံမရှိမဖြစ်လိုအပ်သော ပစ္စည်းများကို မတတ်နိုင်စေဘဲ နိုင်ငံတစ်ဝန်း ဘဏ္ဍာရေးအခက်အခဲများကို ပိုမိုဆိုးရွားစေသည်။

အကျပ်အတည်း ကြီးထွားလာသည်နှင့်အမျှ လူမှုဘ၀တင်းမာမှုများ ဆက်လက်ကြီးထွားလာသည်။ ရေပေးဝေမှု၊ ကောက်ပဲသီးနှံများ ပျက်ကွက်မှုနှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် လူမှုအသိုက်အဝန်းများ ရုန်းကန်နေရသဖြင့် လူထုစိတ်မကျေမနပ်ဖြစ်ကာ ပိုမိုပြင်းထန်လာသည်။ အစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများသည် လုံလောက်မှု မရှိဟု လူအများက ယူဆကြပြီး ညံ့ဖျင်းသော ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ဝေဖန်သူများက အခြေအနေကို ပိုဆိုးလာစေသည်။ ပိုမိုကောင်းမွန်သော ရေစီမံခန့်ခွဲမှုနည်းဗျူဟာများနှင့် အရေးပေါ်ကယ်ဆယ်ရေးအစီအမံများ အပါအဝင် ဒေသခံများက ချက်ချင်းအရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများကြောင့် ထိခိုက်သည့်နေရာအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

မိုးခေါင်ရေရှားမှုသည် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်မှု လှိုင်းလုံးများကို ဖြစ်ပေါ်စေပြီး မိသားစုများစွာမှာ ပိုမိုကောင်းမွန်သော လူနေမှုဘဝများကို ရှာဖွေရန်ကျေးလက်မှ ထွက်ခွာကြသည်။ ထိုလူဦးရေရွေ့လျားမှုသည် မြို့ပြစင်တာများဆီသာ ရောက်ရှိလာစေပြီ မြို့ပြ၏ ကျပ်တည်းပြီးဖြစ်နေ သော အိမ်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအပေါ် ဖိအားများ တိုးလာစေသည်။ သမိုင်းကြောင်းအရ ထိုကဲ့သို့သော ရွှေ့ပြောင်းနေထိုင်မှုပုံစံများသည် သိသာထင်ရှားသော လူဦးရေပုံစံအပြောင်းအရွှေ့များကို ဖြစ်ပေါ်စေခဲ့ပြီး ဒေသတွင်းစီးပွားရေးကို ပြန်လည်ပုံဖော်ရခြင်းနှင့် ကျေးလက်နှင့် မြို့ပြနေသူများအားလုံးအတွက် ရေရှည်စိန်ခေါ်မှုများကို ဖန်တီးစေပြန်သည်။

မိုးခေါင်ရေရှားပြဿနာသည် ဂွမ်ရှီပြည်နယ်တစ်ခုတည်းတွင် ကပ်ဆိုင်နေခြင်းမဟုတ်ပေ။ ဟူဘေး၊ ဟီနန်၊ အန်းဟိုင်၊ ယန်ဇီပြည်နယ်များတွင်လည်း ဆိုးရွားသော မိုးခေါင်ရေရှားမှုများ များစွာ ဖြစ်ပေါ်နေ သည်။ ဟူဘေးရှိ တိုင်ပင်းမြို့မှ ဂျုံစိုက်ခင်းအားလုံး ပျက်စီးသွားခဲ့သဖြင့် တောင်သူများ ဝင်ငွေတစ်ပြား မှ မရတော့ပေ။ ပြည်နယ်အများအပြားရှိ ရေလှောင်ကန်များနှင့် ရေကန်များ ခမ်းခြောက်လာကာ ရေပြတ်လပ်မှု ပိုမိုပြင်းဆိုးရွားပြင်းထန်လာခဲ့သည်။

အွန်လိုင်းဗီဒီယိုများတွင် တရုတ်ပြည်၏ စားနပ်ရိက္ခာဖူလုံမှုအန္တရာယ်နှင့် မိုးခေါင်ရေရှားမှု ပြဿနာ သည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးဖြစ်လာနေသည်ကို သတိပေးနေမှုများလည်း မြင်တွေ့ရသည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ လက်တုံ့ပြန် အခွန်စည်းကြပ်ခြင်းစနစ်ကြောင့် တောင်သူများ ဆန်စပါးတင်ပို့မှု အကန့်အသတ်များစွာဖြစ်ပေါ်လာပြန်ပြီး ကမ္ဘာ့ဆန်စျေးလည်း မြင့် သထက်မြင့်တက်လာရာ တရုတ်နိုင်ငံအနေဖြင့် များပြားလှသော လူဦးရေကို ကျွေးမွေးနိုင်စွမ်းမှာလည်း မရေရာမှုများ ဖြစ်လာတော့သည်။

တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းများ ယခု ကပ်ဘေးကို ဖြေရှင်းနိုင်ရေး ပြင်းထန်သော ဖိအားပေးမှု များခံနေရသည်။ အစိုးရ ကြားဝင်ဖြေရှင်းမှ ကုစားနိုင်လောက်သည့် အဆင့် (၃) အရေးအပေါ် အခြေ အနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။ အစိုးရဖြေရှင်းမှုသည်လည်း ရေတိုသာဖြစ်ပြီး အမှတ်တကယ် မှာ ရေရှည်ဖြေရှင်းမှုလိုအပ်နေခြင်းဖြစ်သည်။ ရေ ပေးဝေရေးမူဝါဒ၊ ခြောက်သွေ့မှုခုခံနိုင်စွမ်းရှိ သီးနှံ စိုက်ပျိုးမှုများ၊ လိုအပ်သော အခြေခံအဆောက်အအုံများ တိုးမြှင့်ထားရှိခြင်းများ မဖြစ်မနေ လိုအပ်ကာ ထိုသို့မှ မလုပ်ဆောင်နိုင်လျှင် အနာဂတ် ကပ်ဘေးများက ပိုမိုပြင်းထန်ဆိုးရွားလာစေမည်မှာ ဧကန်မလွဲပေ။

ယခုမိုးခေါင်ရေရှားမှုများကြောင့် သဘာ၀ပတ်ဝန်းကျင် လိုက်လျောညီတွေရှိစေရေးအတွက် မေးခွန်း ထုတ်မှုများလည်း ပိုများပြားလာသည်။ မိုးရေချိန် ပုံမှန်အားဖြင့် ရာခိုင်နှုန်း ၇၀ အောက်သာရှိတော့ ခြင်းကြောင့် ရေရှည်တည်တံ့ စိုက်ပျိုးလယ်ယာမြေကဏ္ဍများ အတွက် တရုတ်အစိုးရ၏ ရေ စီမံခန့်ခွဲ ရေးမူဝါဒများကို ပြန်လည် ချိန်ညှိရတော့မည်ဖြစ်သည်။ အားချင်း သဘာ၀ပတ်ဝန်းကျင် ကောင်းမွန်ရာ ဆီသို့ ပြန်လည် ဖန်တီးယူနိုင်စွမ်းမရှိပါလျှင် ဆိုးရွားပြင်းထန်သော ရာသီဥတုများမှသည် ပိုမိုဆိးရွား သည့် ကပ်ဘေးများကို များစွာ ထပ်ခံရမည်သာဖြစ်သည်။

ဂွမ်ရှီ မိုးခေါင်ရေရှားမှုသည် တစ်သီးတခြားတည်ရှိနေသော ကပ်ဘေးမျိုးဆိုသည်ထက် များစွာပိုသည်။ တရုတ်နိုင်ငံတော်ကြီး၏ သဘာ၀ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ထိရှလွယ်အဆင့်ရောက်နေပြီကို သတိပေးခြင်းဖြစ်သည်။ လူသားများ အတိဒုက္ခရောက်ခြင်း၊ စီးပွားရေးမတည်ငြိမ်ခြင်း၊ လူထု အုံကြွ မကျေနပ်မှုဖြစ်ခြင်းများက အားချင်း စနစ်တကျ ပြင်ဆင်ပြောင်းလဲရန် မဖြစ်မနေလိုအပ်နေပြီဖြစ် ကြောင်း ပြသခြင်းလည်းဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံသည် သဘာ၀ပတ်ဝန်းကျင်ဆိုးရွားစွာ ပြောင်းလဲခြင်း၊ ကုန်သွယ်ရေးအငြင်းပွားမှုများဖြစ်ပေါ်ခြင်း၊ ရင်္ငးမြစ်များ ပျောက်ရှနေခြင်းသည် ဖြေရှင်းနိုင်စွမ်းမရှိလျှင် တုံ့ပြန်ရရှိနိုင်သော ဆိုးကျိုးများက တရုတ်နိုင်ငံ၏ အနာဂတ်ကို ကြီးမားစွာ ဆုးရွားစေမည်ဖြစ်သည်။

မိုးခေါင်ရေရှားမှု ပြဿနာပေါင်းများစွာက တရုတ်ကို မူဝါဒပိုင်းအရ အုပ်ချုပ်သည့် တရုတ်ကွန်မြူနစ် ပါတီ CCP ၏ ခန့်မှန်းမရသော သဘာ၀ပတ်ဝန်းကျင် ပုံသဏ္ဍန်ပေါင်းစုံကို နားလည်ဖြေရှင်းနိုင်စွမ်းမရှိ ခြင်းအား သက်သေပြနေခြင်းဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မာမှုရှိစေမည့် ရေတိုလိုအပ်ချက် ဖြည့် ဆည်းမှုမဟာဗျူဟာ အားနည်းနေချိန် ပါတီတွင်း အကျင့်ပျက်ခြစားနေကြခြင်းသည်လည်း ကပ်ဘေး နယ်ပယ်ကိုပိုမို ချဲ့တွင်လာစေသည်။ အကျင့်ပျက်ခြစားမှုများတွင် အမှန်တကယ် မိုးခေါင်ရေရှား အရပ် များသို့ ရေအရင်းအမြစ်များမရောက်ရှိစေရန် တားဆီးပိတ်ဆို့ခြင်းများ၊ လုံလောက်သော စည်းကမ်း တည့်မတ်ထိန်းသိမ်းပေးမည့်အဖွဲ့အစည်းများရှားပါးခြင်းက ရာသီဥတုဖောက်ပြန်ခြင်းထက် ပိုဆိုးသော ဖောက်ပြန်မှုများဖြစ်နေသည်။ ထို့ကြောင့်ပင် တရုတ်သည် စားနပ်ရိက္ခာ လုံလောက်မှု အာမခံချက်မရှိသော၊ ရေရင်းမြစ်လုံလောက်မှုပင် မရှိသော နိုင်ငံဖြစ်လာသည်။ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်စေန် လိုအပ်ချက်များ၊ ဆည်မြောင်းအသစ်လိုအပ်ချက်များ၊ နည်းပညာသစ်များ တီထွင် နိုင်စွမ်းအားနည်းချက်များက အရေးအပါဆုံးသော အနာဂတ်အတွက် အဖြေများဖြစ်နေသည်။ CCP ပါတီ၏ ရွေးချယ်မှုပြုလုပ်ခြင်း၊ မျက်ကွယ်ပြုခြင်းများက စနစ်တကျမရှိ၊ ကွင်းဆက်များပြတ်တောက် မှုများကိုသာ ဖြစ်စေသည့်အတွက် တရုတ်နိုင်ငံ၏ သဘာ၀ပတ်ဝန်းကျင် တည်ငြိမ်ရေး ကွပ်ကဲစီမံနိုင် စွမ်းမှာ ညံ့ဖျင်းသောအဆင့်သို့ ရောက်ရှိနေစေသည်။ ထိုကွင်းဆက်အဖြစ် စီးပွားရေး မတည်ငြိမ်မှုက နောင်လာမည့် အနာဂတ်မျိုးဆက်များကို ဆိုးရွားစွာ ထပ်မံရိုက်ခတ်လာဦးမည်ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now