နေ့စဥ်သတင်း

ဓနုနယ်မြေတွင် အုပ်စုဖွဲ့အဓမ္မကျင့်မှု အပါအဝင် ညှင်းပန်းနှိပ်စက်မှုများ စစ်ကောင်စီ ပိုကျူးလွန်လာ

မဲခေါင် 27 Apr - 2025
မဲခေါင်၊ ဧပြီ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ဓနုတို့၏အချက်အခြာဒေသဖြစ်သည့် ရွာငံမြို့နယ်၊ ရွာငံနှင့် ထိစပ်လျက်ရှိသော မြို့နယ်များနှင့် မန္တလေးတိုင်းတို့တွင် စစ် ကောင် စီတပ်သားများ၊ ရဲများနှင့် ဒေသခံပျူစောထီးများက ဒေသခံရွာသားများကို လူ့အခွင့်အရေး ချိုး ဖောက် မှုများ ပို၍ပြင်းထန်စွာ လုပ်ဆောင်လျက်ရှိသည်များကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာ အဖြစ် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်မှစ ရွာငံမြို့နယ်ရှိ ရွာပေါင်း ၅ရွာမှ ၂၀၂၂ ခုနှစ် မေလတွင် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုများကို ခံရသော ဒေသများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာအထိ အကြမ်းဖက်ခံခဲ့ရကြောင်း

မဲခေါင်၊ ဧပြီ ၂၇

ရှမ်းပြည်တောင်ပိုင်း၊ ဓနုတို့၏အချက်အခြာဒေသဖြစ်သည့် ရွာငံမြို့နယ်၊ ရွာငံနှင့် ထိစပ်လျက်ရှိသော မြို့နယ်များနှင့် မန္တလေးတိုင်းတို့တွင် စစ် ကောင် စီတပ်သားများ၊ ရဲများနှင့် ဒေသခံပျူစောထီးများက ဒေသခံရွာသားများကို လူ့အခွင့်အရေး ချိုး ဖောက် မှုများ ပို၍ပြင်းထန်စွာ လုပ်ဆောင်လျက်ရှိသည်များကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာ အဖြစ် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်မှစ ရွာငံမြို့နယ်ရှိ ရွာပေါင်း ၅ရွာမှ ၂၀၂၂ ခုနှစ် မေလတွင် စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုများကို ခံရသော ဒေသများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာအထိ အကြမ်းဖက်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRFက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွာငံမြို့ အနောက်တောင်ဘက်ရှိ မင်းပလောင်ကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် စုစုပေါင်း ၁၇၀လုံး ကို စစ်ကောင်စီတပ်မ ၅၅ တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းကို ခံရကြောင်း၊ ယင်းမှာ ဓနုတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စစ်ကောင်စီကလက်တုန့်ပြန်ကာ အရပ်သားနေအိမ်များကို မီးရှို့ပြာချခြင်းဖြစ်ကြောင်း SHRF က သုံးသပ်ဖော်ပြသည်။

ဓနုဒေသတွင် အစုအပြုံလိုက် ညှင်းပန်း နှိပ်စက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းသည် ယင်းဒေသများ၌ ဓနုကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဩဇာလွှမ်းမိုးလာမှုကို တိုက်ရိုက်တုန့်ပြန်ရန် ရည်ရွက်ချက်ထင်ရှားကြောင်း အစီရင်ခံစာက ဆိုသည်။

ယင်းအစီရင်ခံစာနှင့်စပ်လျဥ်း၍ SHRF ပြန်ကြားရေးမှ နန်းလျန်းဟန်က “မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီက အုပ်ချုပ်နေသရွေ့တော့ အခုလိုအလားတူဖြစ်ရပ်တွေ ဖြစ်နေမှာပါဘဲ။ ကျမတို့အနေနဲ့  ရွာငံဒေသမှာလဲ အခုလိုမျိုး ဖြစ်နေတယ်ဆိုတာ အမေ့လျော့မခံရစေဖို့၊ နောင်တစ်ချိန်နစ်နာသူတွေ အတွက် တရားမျှတမှုရဖို့ ဒီအစီအရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု မဲခေါင်သို့ ပြောသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီသည် ဓနုတော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက် နေ့မှ ဇန်နဝါရီလ ၁၆ရက်နေ့အတွင်း ရပ်စောက်မြို့နယ် မြောက်ဖက်ရှိ ကျောက်ဂူကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၃ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရွာငံကို လေကြောင်းတိုက် ခိုက်မှုပြုလုပ် သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ယခု SHRF၏အစီရင်ခံစာတွင် စစ်ကောင်စီတပ်သားများ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကိုလည်း မီးမောင်းထိုးပြထားပြီး ထိုအထဲတွင် ၂၀၂၃ ခုနှစ် မေလက တပ်မ၅၅ တပ်သားများက ဒေသခံအမျိုးသမီး ၃ဦးကို  အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ရွာငံမြို့တွင် ဖမ်းဆီးခံရကာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ ရသော ၂၃နှစ်အရွယ်အမျိုးသမီးတစ်ဦး အကြောင်းတို့ပါဝင်သည်။

လိင်ပိုင်းစော်ကားခံရသူ မမိုးမိုးမှာ အင်္ဂါဇတ်ထဲသို့ နံပါတ်တုတ်ထိုးထည့်ခံသည်အထိ  လူမဆန်စွာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရသလို အခြားတစ်ဦးမှာလည်း တပ်မ၅၅မှ စစ်ကောင်စီ ၆ဦး၏ မုဒိန်းကျင့်မှုကို ခံခဲ့ရကြောင်း ပါရှိသည်။

စစ်ကောင်စီတပ်၏ ပိုမိုပြင်းထန်လာသော ညှင်းပန်းနှိပ်စက်မှုများ၊ အထူးသဖြင့် မီးရှို့ဖျက်ဆီးမှု များ ကြောင့် ယခုအချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ၎င်းတို့သည် ရွာငံရှိ တောတောင်များတွင် သွားရောက်ခိုလှုံနေကြရကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် အချို့မှာ ကြိမ်ဖန်များစွာ ထွက်ပြေးကြရသည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့နေရသော်လည်း ထိုနေရပ်စွန့် ခွာထွက်ပြေးသူများသည် လူသားချင်းစာနာမှုအကူအညီများ လုံးဝမရသလောက်နီးပါး ဖြစ်နေသည်ဟု အစီရင်ခံက ဖော်ပြထားသည်။

မဟာ
#MeKongNews
#ဓနုဒေသ
#ရွာငံမြို့
#တော်လှန်ရေးတပ်ဖွဲ့
#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now