နေ့စဥ်သတင်း

လားရှိုးတွင် စစ်ကာင်စီနှင့်အတူ လုယက်၊ ဓားပြများ ထကြွလာ

မဲခေါင် 27 Apr - 2025
မဲခေါင်၊ ဧပြီ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ – MNDAA တပ်များထွက်ခွာပြီး စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန်တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၂၁ ရက်နေ့ MNDAA တပ်များ ဆုတ်ခွာပြီးနောက်ပိုင်းမှစတင်ကာ ပစ္စည်းခိုးယူမှုထက် ပေါ်ပေါ်ထင်ထင် လုယက်သူများနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာသောကြောင့် လူပြတ်သောလမ်းများတွင် မသွားရဲကြောင်း ဒေသခံတဦးက မဲခေါင်ကို ပြောသည်။ “ခု အကူးအပြောင်းကာလ ဒီရက်ထဲ သူခိုးထက် လုယက်တာ ဓားမြတိုက်တာ များနေတာ၊ လူပျက်တဲ့လမ်းဆို တစ်ယောက်တည်း မသွားရဲဘူး၊ တိုင်စရာနေရာလည်း မရှိလေ။ ပြီးတော့ ထောင်ထဲက လူဆိုးတွေလည်း လွှတ်တယ်ပြောတာပဲ။ ကိုးကန့်တွေ မပြန်ခင်၊

မဲခေါင်၊ ဧပြီ ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ – MNDAA တပ်များထွက်ခွာပြီး စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန်တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ MNDAA တပ်များ ဆုတ်ခွာပြီးနောက်ပိုင်းမှစတင်ကာ ပစ္စည်းခိုးယူမှုထက် ပေါ်ပေါ်ထင်ထင် လုယက်သူများနှင့် ဓားပြတိုက်မှုများ ဖြစ်ပွားလာသောကြောင့် လူပြတ်သောလမ်းများတွင် မသွားရဲကြောင်း ဒေသခံတဦးက မဲခေါင်ကို ပြောသည်။

“ခု အကူးအပြောင်းကာလ ဒီရက်ထဲ သူခိုးထက် လုယက်တာ ဓားမြတိုက်တာ များနေတာ၊ လူပျက်တဲ့လမ်းဆို တစ်ယောက်တည်း မသွားရဲဘူး၊ တိုင်စရာနေရာလည်း မရှိလေ။ ပြီးတော့ ထောင်ထဲက လူဆိုးတွေလည်း လွှတ်တယ်ပြောတာပဲ။ ကိုးကန့်တွေ မပြန်ခင်၊ ကိုးကန့်ရှိတုန်းတော့ သူခိုးတွေ ငြိမ်တယ်” ဟု ၎င်းက ဆိုသည်။

မြို့တွင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အမှုဖွင့်တိုင်ကြားရန် ဖုန်းနံပတ်များ ကြေညာထားသော်လည်း ယခင်ကတည်းက အရေးယူခြင်း မရှိသည့်အတွက် တိုင်ကြားသူမရှိကြောင်း ယင်းမြို့ခံကပြောသည်။

လားရှိုးမြို့သို့ စစ်ကောင်စီတပ်များပြန်လည်ဝင်ရောက်လာသည့် ဧပြီလ ၂၂ ရက်မှ စတင်ကာ လမ်းလျှောက်လာသည့် ကျောင်းဆရာမထံကို ဓားဖြင့်ခုတ် လုယက်ခြင်း၊ မင်္ဂလာအကြိုဓာတ်ပုံရိုက်သည့် စုံတွဲထံမှ လုယက်ခြင်း စသည့်အမှုများအပြင် ခိုးမှု၊ ဖောက်ထွင်းမှုများလည်း ပိုမိုများပြားလာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများ ပြန်လည် လည်ပတ်နိုင်ရန် ရှင်းလင်းရေးလုပ်နေကြောင်း ဒေသခံများက ပြောသည်။

MNDAA တပ်ဖွဲ့ဝင်များ ဆုတ်ခွာရာတွင် သယ်ယူနိုင်သောပစ္စည်းများအား ယူဆောင်သွားသလို စစ်ကောင်စီကလည်း လက်ရှိအချိန်အထိ ထိရောက်သည့် အုပ်ချုပ်မှု မလုပ်နိုင်သေးသည့်အတွက် ပြည်သူများ နေထိုင်ရာအဆင်မပြေကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်လ ၃ ရက်နေ့တွင် MNDAA ဦးဆောင်သော တော်လှန့ရေးတပ်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး ၈ လကျော်ကြာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ပြီးနောက် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားများကြောင့် စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ပေးခဲ့ရသည်။

ဂနိုက်
#MeKongNews
#လားရှိုး
#စစ်ကောင်စီ
#MNDAA
#လုယက်မှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now