ကမ္ဘာ့သတင်း

ရုရှားဗိုလ်ချုပ်ကို ကားဗုံးခွဲလုပ်ကြံသူအမည် ပထမဆုံးထုတ်ပြန်

မဲခေါင် 26 Apr - 2025
မဲခေါင်၊ ဧပြီ ၂၆ ဧပြီ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မော်စကိုမြို့ ဘာလာရှီခါအရပ်၌ ဗောက်စ်၀က်ဂွန်ကား ဗုံးခွဲခံရပြီးနောက် ပူတင်အားထားရသော ၅၉နှစ်အရွယ် ရုရှားဗိုလ်ချုပ် ယာရိုဆလပ်ဗ်မော့စ်ကာလစ်ကို လုပ်ကြံသူဟု သံသယရှိသည့် တရားခံ ယူကရိန်းအေးဂျင့်ကို ရုရှားဘက်က ပထမဆုံးအကြိမ် ထုတ်ပြန်လာခဲ့သည်။ မော်စကာလစ်သည် မကြာသေးမီကမှ ရာထူးတိုးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး ရုရှား တပ်မတော်စစ်ဦးစီးချုပ် ပင်မစစ်ဆင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဒုတိယအကြီးဆုံးရာထူးပိုင်ဆိုင် ထားသူဖြစ်ကာ ကားဗုံးကွဲရာအနီးအနားအဆောက်အအုံတွင် နေထိုင်ပြီး ထိုဗောက်စ်၀ဂွန်ကားနားအရောက် ကျည်ဆံများပါဖြည့်ထားသော ပေါက်ကွဲစေနိုင်သည့် ယမ်း ၅၀၀ ဂရမ်ပါ ဖောက်ခွဲရေး ပစ္စည်းများကို အဝေးထိန်းခလုပ်ဖြင့် အနီးကပ်အပိုင် ဗုံးခွဲလုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ရုရှား

မဲခေါင်၊ ဧပြီ ၂၆

ဧပြီ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မော်စကိုမြို့ ဘာလာရှီခါအရပ်၌ ဗောက်စ်၀က်ဂွန်ကား ဗုံးခွဲခံရပြီးနောက် ပူတင်အားထားရသော ၅၉နှစ်အရွယ် ရုရှားဗိုလ်ချုပ် ယာရိုဆလပ်ဗ်မော့စ်ကာလစ်ကို လုပ်ကြံသူဟု သံသယရှိသည့် တရားခံ ယူကရိန်းအေးဂျင့်ကို ရုရှားဘက်က ပထမဆုံးအကြိမ် ထုတ်ပြန်လာခဲ့သည်။

မော်စကာလစ်သည် မကြာသေးမီကမှ ရာထူးတိုးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး ရုရှား တပ်မတော်စစ်ဦးစီးချုပ် ပင်မစစ်ဆင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဒုတိယအကြီးဆုံးရာထူးပိုင်ဆိုင် ထားသူဖြစ်ကာ ကားဗုံးကွဲရာအနီးအနားအဆောက်အအုံတွင် နေထိုင်ပြီး ထိုဗောက်စ်၀ဂွန်ကားနားအရောက် ကျည်ဆံများပါဖြည့်ထားသော ပေါက်ကွဲစေနိုင်သည့် ယမ်း ၅၀၀ ဂရမ်ပါ ဖောက်ခွဲရေး ပစ္စည်းများကို အဝေးထိန်းခလုပ်ဖြင့် အနီးကပ်အပိုင် ဗုံးခွဲလုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ရုရှား ထောက်လှမ်းရေးမှ ဆိုသည်။

လုပ်ကြံသူသည် တူရကီသို့ ထွက်ပြေးလွတ်မြောက်သွားပြီး ယူကရိန်းနိုင်ငံ ဆူမီဒေသသား အစ်ဂနက်ကူဇင်ဆိုသူဖြစ်ကာ မော့စ်ကာလစ်နေထိုင်ရာတိုက်ခန်းတွင်ပင် နေထိုင်သူဖြစ်ပြီး ဖောက်ခွဲခဲ့သည့်ကားမှာလည်း ၎င်းပိုင်ဆိုင်သော ကားဖြစ်သည်ဟု သိရသည်။

ရုရှားနှင့်ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်ရန် ၄ ကြိမ်မြောက်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် မော်စကိုရောက်ရှိသည့်နေ့တွင် ယခုလို ဗုံးခွဲလုပ်ကြံခြင်းဖြစ်ကာ ယူကရိန်းအစိုးရအကြံပေး ယူရီးဆက်ခ်က ရုရှားစစ်ဗိုလ်ချုပ်များ များများသေဆုံးလေ ယူကရိန်း ကလေးငယ်များ သေဆုံးမှုနည်းလေးဖြစ်ကြောင်း၊ မိမိတို့ စေလွှတ်ထားသည့် စပိုင်များကြောင့် ရုရှားပြည်တွင်းမှာပင် ပူတင်လက်ရုံးများ ထိတ်လန့်နေရပြီဖြစ်ကြောင်း Times ရေဒီယိုတွင် ပြောကြားသွားခဲ့သည်။

ယူကရိန်း စပိုင် ကားဗုံးခွဲလုပ်ကြံမှုကြောင့် ဧပြီ ၁၈ ရက်တွင် ရုရှားအီလက်ထရွန်နစ် စစ်ဆင်ရေးကျွမ်းကျင်သူ Yevgeny Rytikov သေဆုံးခဲ့သလို ဒီဇင်ဘာလတုန်းကလည်း ယူကရိန်းစစ်မြေပြင်တွင် ဓာတုလက်နက်များ အသုံးပြုရာ၌ အဓိက တီထွင်စေခိုင်းခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov ဗုံးခွဲ သုတ်သင်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ပူတင်လက်ရုံး ရုရှားရေတပ် တပ်မှူး Valery Trankovsky ဗုံးခွဲ လုပ်ကြံခဲ့ရပြီး ဇူလိုင်လကလည်း လုပ်ကြံခံရသူများထဲ ရာထူးအကြီးဆုံးရုရှား ဗိုလ်ချုပ်ဖြစ်သူ Andrei Torgashov ကားဗုံးခွဲခံရပြီး သေဆုံးခဲ့ရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ယူကရိန်း
#ရုရှား
#ကားဗုံးခွဲ
#မော်စကိုမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now