နေ့စဥ်သတင်း

လူငယ်မဲဆန္ဒရှင်များအား အားကိုးလာသည့် စင်ကာပူရွေးကောက်ပွဲ မဲဆွယ်ကာလ ၉ ရက် စတင်

မဲခေါင် 24 Apr - 2025
မဲခေါင်၊ ဧပြီ ၂၄ ဧပြီ ၂၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ထူးခြားပြောင်းလဲလာဖွယ်ရှိနေသော ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ ၉ ရက်တာကို စတင်လိုက်ပြီဖြစ်သည်။ မေ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဖြစ်ရာ လွန်ခဲ့သည့် တစ်နှစ်က နိုင်ငံခေါင်းဆောင်နေရာရယူခဲ့သော လောရန့်စ်ဝေါင်အတွက် ဝန်ကြီးချုပ်ဆက်ဖြစ်နိုင်ရေး မကြုံစဖူး ပြိုင်ဘက်များ ပေါ်ပေါက်နေသဖြင့် ထူးခြားသော စင်ကာပူ ရွေးကောက်ပွဲကြီးဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၆၅ ခုနှစ်ကတည်းက လက်ရှိ လောရန့်စ်ဝေါင်ကို ဝန်ကြီးချုပ် ဖြစ်စေခဲ့သော ပြည်သူ့ လှုပ်ရှားမှုပါတီ (PAP) သည် မည်သည့်ရွေးကောက်ပွဲတွင်မှ မရှုံးခဲ့ဘဲ လွတ်တော်အတွင်း နှစ်ပေါင်းများစွာ စိုးမိုးနိုင်ခဲ့သည့် ပါတီဖြစ်သည်။ သို့သော် စင်ကာပူ၏

မဲခေါင်၊ ဧပြီ ၂၄

ဧပြီ ၂၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ထူးခြားပြောင်းလဲလာဖွယ်ရှိနေသော ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ ၉ ရက်တာကို စတင်လိုက်ပြီဖြစ်သည်။

မေ ၃ ရက်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဖြစ်ရာ လွန်ခဲ့သည့် တစ်နှစ်က နိုင်ငံခေါင်းဆောင်နေရာရယူခဲ့သော လောရန့်စ်ဝေါင်အတွက် ဝန်ကြီးချုပ်ဆက်ဖြစ်နိုင်ရေး မကြုံစဖူး ပြိုင်ဘက်များ ပေါ်ပေါက်နေသဖြင့် ထူးခြားသော စင်ကာပူ ရွေးကောက်ပွဲကြီးဖြစ်လာမည်ဟု သုံးသပ်နေကြသည်။

စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၆၅ ခုနှစ်ကတည်းက လက်ရှိ လောရန့်စ်ဝေါင်ကို ဝန်ကြီးချုပ် ဖြစ်စေခဲ့သော ပြည်သူ့ လှုပ်ရှားမှုပါတီ (PAP) သည် မည်သည့်ရွေးကောက်ပွဲတွင်မှ မရှုံးခဲ့ဘဲ လွတ်တော်အတွင်း နှစ်ပေါင်းများစွာ စိုးမိုးနိုင်ခဲ့သည့် ပါတီဖြစ်သည်။ သို့သော် စင်ကာပူ၏ နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာခဲ့ပြီဖြစ်ရာ ကိုဗစ် – ၁၉ ကပ်ဆိုးကာလ ၂၀၂၀ ရွေးကောက်ပွဲ၌ အကြီးမားဆုံး အတိုက်အခံ အလုပ်သမားပါတီသည် စံချိန်တင် အမတ် နေရာ ၁၀ နေရာ၌ အနိုင်ရရှိခဲ့ရာ ယခု ရွေးကောက်ပွဲတွင် ပိုမို အနိုင်ရရှိရန် မျှော်လင့်ယုံကြည်မှုများ ရှိနေသည်။

ထို့ကြောင့် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီနှင့် အတိုက်အခံ အလုပ်သမားပါတီအပြင် ပါတီများသည် လူငယ်မဲဆန္ဒရှင်များကို ပစ်မှတ်ထားကာ မဲရရှိစေရန် စည်းရုံးစွဲဆောင်မှုများ ပြုလုပ်ကြမည်ဖြစ် ကြောင်း သိရသည်။

စင်ကာပူတွင် အသက် ၂၁ နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေ မဲပေးရမည်ဖြစ်ရာ ယခု ရွေးကောက်ပွဲမှ ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် လူငယ် ၂၀၀၀၀၀ ရှိနေသည်။

မဲဆန္ဒရှင်ပေါင်း ၂ . ၇၅ သန်း ရှိနေသည့်နိုင်ငံတွင် လူငယ်မဲဆန္ဒရှင်သစ် ၂၀၀၀၀၀ ဆိုသည်မှာ ၇ ရာခိုင်နှုန်းသာ ရှိသော်လည်း လူမှုကွန်ရက်ခေတ်၌ လူငယ်များ၏ အသံသည် အကျယ်လောင်ဆုံးဖြစ်လေရာ ထိုလူငယ်ထု အင်အား၏ ထောက်ခံမှုရခြင်းသည် ရွေးကောက်ပွဲအောင်နိုင်ရေး အဓိကကျသဖြင့် ပါတီများ လူငယ်များကို စည်းရုံးရန် ကြိုးစားနေကြကြောင်း သိရှိရသည်။

ကိုကလင်း
Ref:Nikkei Asia
#MeKongNews
#စင်ကာပူ
#ရွေးကောက်ပွဲ
#မဲဆွယ်လှုပ်ရှားမှု
#ပြည်သူ့လှုပ်ရှားမှုပါတီ
#အလုပ်သမားပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now