နေ့စဥ်သတင်း

ကိုးကန့်တပ် ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် စစ်ကောင်စီ ကစထ (၁)မှူးတို့ ဆွေးနွေးပြီးနောက် လားရှိုးမြို့ထဲကို စစ်ကောင်စီ ယာဉ်တန်းများဝင်ရောက်လာ

မဲခေါင် 22 Apr - 2025
မဲခေါင်၊ ဧပြီ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့မိသားစုဝင်များ လိုက်ပါလာသည် စစ်ယာဉ်တန်းများ ယနေ့ ဧပြီလ ၂၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဧပြီလ ၂၁ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၊ ကိုးကန့်တပ်ဖွဲ့မှ ပြင်ပဆက်ဆံရေးဌာန အကြီးအမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်၊ ၎င်းဌာနမှူး လီကျားဝင်း၊ စကားပြန် ၄ဦး၊ စစ်ကောင်စီဘက်မှ ကစထ (၁) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ စစ်တိုင်းမှူး၊ စစ်တိုင်းဦးစီးချုပ်တို့ ပါဝင်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂၂ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လားရှိုးမြို့တွင် ပြန်လည်အထိုင်ချနေပြီဖြစ်ကြောင်း

မဲခေါင်၊ ဧပြီ ၂၂

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့မိသားစုဝင်များ လိုက်ပါလာသည် စစ်ယာဉ်တန်းများ ယနေ့ ဧပြီလ ၂၂ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၂၁ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၊ ကိုးကန့်တပ်ဖွဲ့မှ ပြင်ပဆက်ဆံရေးဌာန အကြီးအမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်၊ ၎င်းဌာနမှူး လီကျားဝင်း၊ စကားပြန် ၄ဦး၊ စစ်ကောင်စီဘက်မှ ကစထ (၁) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ စစ်တိုင်းမှူး၊ စစ်တိုင်းဦးစီးချုပ်တို့ ပါဝင်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂၂ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လားရှိုးမြို့တွင် ပြန်လည်အထိုင်ချနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အမှန်ဆိုရင်တော့ ကစထ (၂)ဖြစ်ရမှာ၊ နိုင်နိုင်ဦး။ အခုက ကစထ (၁) ဖြစ်နေတယ်။ ဒီမနက်တော့ စစ်ကောင်စီတပ်တွေ ပြန်အထိုင်ချနေပြီ၊ လားရှိုးထဲမှာ” ဟု ၎င်းကပြောသည်။

ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့အတွင်း ပြန်လည်အခြေချလာသည့် စစ်ကောင်စီယာဉ်တန်းတွင် ကားအစီးရေ ၇၀မှ ၁၀၀ ကျော်ခန့်အထိပါဝင်ပြီး လက်နက်ခဲယမ်းများ၊ ရိက္ခာများသာမက မိသားစုဝင်များလည်း ပါဝင်ကြောင်း မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်တွေဝင်နေပါပြီ။ ကားအစီး ၁၀၀ ကျော်တယ်။ လက်နက်တွေရော၊ သူတို့ရဲ့အိမ်ထောင်သည်တွေရော ပါလာတယ်။ စစ်သားချည်းပဲ၊ စစ်ကားတွေချည်းပဲ။ ဒါအရပ်ကားမပါသေးဘူး” ဟု ၎င်းကမဲခေါင်ကို ပြောသည်။

မိုင်းရယ်၊ နမ့်ပေါင် ဘက်မှဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြို့တွင်းအဝိုင်း၌ ရပ်တန့်ထားကာ မည်သည့်နေရာမှာ တပ်စွဲအခြေချမည်ကို မသိသေးကြောင်း ယင်းမြို့ခံက ပြောသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ကာ လားရှိူးမြို့တွင်သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးဝန်ထမ်းများ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး  MNDAA ရဲတပ်ဖွဲ့ဝင်များမှ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများ တည်းခိုရာနေရာများကို လုံခြုံရေးယူပေးကာ ဆွေးနွေးနေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာမှုကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်သည့် မြို့ခံအချို့လည်းရှိကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

“အရင်က ထက်စာရင် မြို့က နည်းနည်းခြောက်ကပ်သွားတယ်။ တချို့ ကလဲ တိုက်ပွဲပြန်ဖြစ်မှာ ကြောက်နေတာ၊ ဒီနေ့ထိတော့ ဆင်နှစ်ကောင်ဟိုတယ် မှာ ဆွေးနွေးတုန်း။ သူတို့ဆွေးနွေးတဲ့ ဟိုတယ်နားလဲ ကိုးကန့်ပဲ လုံခြုံရေးယူပြီး လမ်းပိတ်ထားပေးတာ” ဟု ၎င်းက ပြောသည်။

လားရှိူးမြို့အတွင်း၌ MNDAA ၏ ကျန်ရှိနေသည့် ရပ်ကွက်ရုံးအချို့တွင် ဝန်ထမ်းများ ဆက်လက်နေထိုင်ခြင်း မရှိတော့ကြောင်းနှင့် လားရှိုးမြို့အတွင်း၌ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များသာ လုံခြုံရေးယူထားကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ သိန္နီမြို့ကိုပါ ပြန်လည်ပေးအပ်ရန်နှင့် ကျောက်မဲမှ TNLA တပ်များ ဆုတ်ခွာပေးရန် ညှိနှိုင်းသဘောတူညီသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဲခေါင်သတင်းဌာန၏ သတင်းရင်းမြစ်များကမူ အခြေအမြစ်မရှိကြောင်း တုံ့ပြန်သည်။

လက်ရှိတွင် MNDAA တပ်များ လားရှိူးမြိုမှထွက်ခွာစဥ်တွင် ထရမ်စဖော်မာပုံးများအား ဖြုတ်ယူခြင်းကြောင့် ရပ်ကွက်အချို့မီးပြတ်တောက်မှုများရှိနေသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုရှိနေသည်။

၎င်းအပေါ် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက MNDAA တပ်များ မြို့ပြင်နှင့်နေရာများ၌ ပြန်လည်စုဖွဲ့မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်ဖြစ်ကြောင်း မဲခေါင်ကိုပြောသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄ သြဂုတ်လဆန်းအတွင်း MNDAA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ညီနောင်မဟာမိတ်တပ်များမှ သိမ်းပိုက်နိုင်ခဲ့ကာ MNDAA အုပ်ချုပ်ရေးလည်ပတ်ခဲ့ပြီး ထိန်းချုပ်ကာလ ၈ လကျော်အကြာ တွင် ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

လားရှိူးမြို့မှ MNDAA တပ် ပြန်လည်ဆုတ်ခွာရခြင်းသည် တရုတ်အစိုးရ၏ ဖိအားများစွာပါဝင်ခဲ့ပြီး ယင်းအပေါ် ပြည်သူအများစုက နှစ်ခြိုက်ခြင်းမရှိပဲ ဝေဖန်မှုများမြင့်တက်နေသည်။

ဂနိုက်
#MeKongNews
#လားရှိုး
#တိန့်ရှီကျွင်း
#ကိုးကန့်တပ်ဖွဲ့
#ဆင်နှစ်ကောင်ဟိုတယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now