မဲခေါင်၊ ဧပြီ ၁၈
ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်ရဲတပ်ဖွဲ့ဝင်များသည် အသက် ၃၂ နှစ်အရွယ် ချိုင် ဟု အမည်ရသူကို ကက်တမင်း (K) ၁၁၀ ကီလိုဂရမ်နှင့်အတူ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရရှိထားသော သတင်းအရ အညိုရောင် ဆီဒင်ကားဖြင့် နာခွန်းဆာဝမ်အရပ်သားသည် ကက်တမင်း ၁၁၀ ကီလိုဂရမ်ကို မယ်ဆိုင်မှ ဖရာနာခွန်းဆီ အယုဒ္ဓယသို့ သယ်ဆောင်ပေးသည်ဟု သိရသည့်အတွက် စောင့်ဆိုင်းဖမ်းဆီးစဉ် ဧပြီ ၁၇ ရက် ဒေသစံတော်ချိန် ည ၉ နာရီတွင် ဘန်ပမူအက်ရပ်ကွက်မှ ဟိုတည်သို့ ဝင်ရောက်လာကြောင်းနှင့် ကားထဲမှ အထုပ်များကို ဟိုတယ်ခန်းထဲသို့ သယ်ယူနေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးရာ အိတ် ၃ အိတ်ဖြင့် ကက်တမင်းများဖြစ်နေကြောင်း တွေ့ရှိရသည်။
မေးမြန်းစုံစမ်းမှုအရ မယ်ဆိုင်ခရိုင်မှ ယင်းမူးယစ်ဆေးများကို နာခွန်းဆီ အယုဒ္ဓယသို့ ပို့ဆောင်ခိုင်း ပြီး ဘတ် ၅ သိန်းပေးမည်ဟု လူတစ်ဦးက ဖုန်းဆက်သွယ် ခိုင်းစေသဖြင့် ပို့ဆောင်ပေးရခြင်းဖြစ်ကြောင်း၊ ဘတ်စ်ကားဖြင့် ချင်းရိုင်ခရိုင်သို့သွားပြီး ၂ ရက်တာ အသုံးပြုရန် ဆီဒင်ကားကို ငှားရမ်းကာ ပစ္စည်းများ စုဆောင်းနေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
ကိုကလင်း
Ref: Maesaipress
#MeKongNews
#မယ်ဆိုင်
#ကတ်တမင်း
#မူးယစ်ဆေးဝါး
#ဆီဒင်ကား








