မဲခေါင်၊ ဧပြီ ၁၈
ဧပြီ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဆမတ်ပရာကန်ခရိုင်၊ ဘန်ဖလီခရိုင်ခွဲ ဆူဗနက်ဟူဘီ လမ်းပေါ်၌ အသက် ၄၀ အရွယ် ထိုင်းအမျိုးသားတစ်ဦးသည် ရဲဖမ်းမိမည်ကို စိုးရိမ်ပြီး ဆိုင်ကယ်မောင်းထွက်ပြေးရာ မလွတ်မြောက်ဘဲ ဖမ်းမိကာနီးတွင် စိတ်ကြွဆေးပြား အလုံး ၁၀၀ နီးပါးရှိသည့် ပလတ်စတစ်အိတ်ငယ်များကို ပါးစပ်ထဲထည့်ဝါး မြိုချလိုက်သည်။
စိတ်ကြွဆေးပြားအိတ်ငယ်များကို မြိုချစဉ် ချွေးစေးများထွက်လာပြီး သတိလစ်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ က အသက်ကယ်ကုသမှုများပြုလုပ်ပြီး နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် အသက်ကယ်တင်နိုင်ရန် ကြိုးစားခဲ့ရသည်။
ထို့နောက် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးရာ ပါးစပ်နှင့်လည်ချောင်းအတွင်း စိတ်ကြွဆေး ၁၀၀ နီးပါး ပါဝင်သော ပလတ်စတစ်အိတ်ငယ်များကို တွေ့ရှိရပြီး ပြန်လည်ကောင်းမွန်လာပါက ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#စိတ်ကြွဆေးပြား
#ကယ်ဆယ်ရေး
#ထိုင်းနိုင်ငံ
#ဆေးရုံဝန်း







